×

The Voice Myanmar Season 3 ပရိသတ်များအနေဖြင့် မိမိတို့ကြိုက်နှစ်သက်သော ပြိုင်ပွဲဝင်များကို အနိုင်ရရှိသူဖြစ်လာစေရန် ပံ့ပိုးကူညီနိုင်တော့မည်

26 Nov 2020

(ပရိသတ်များက မိမိတို့ ကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်များကို Online Portal နှင့်
SMS မဲပေးစနစ်များမှ တစ်ဆင့် မဲပေးနိုင်ပြီ)

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၆ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် “The Voice Myanmar Season 3” ၏ Official Telecom Partner အနေဖြင့် ကူညီပံ့ပိုးလျက်ရှိပါသည်။ လူကြည့်အများဆုံးနှင့် ထင်ရှားကျော်ကြားဆုံး သီချင်းဆိုပြိုင်ပွဲ၏ Official Telecom Partner အနေဖြင့် လူငယ်အဆိုပါရမီရှင်များကို ရှာဖွေဖော်ထုတ်ပေးပြီး အနာဂတ်တွင် မြန်မာနိုင်ငံ၏ ထိပ်တန်းအနုပညာရှင် ကြယ်ပွင့်များအဖြစ် အောင်မြင်လာစေရန် ပံ့ပိုးပေးရာ၌ MPT က အခွင့်အလမ်းကောင်း တစ်ရပ်အဖြစ် ကူညီ ဖန်တီးပေးရန်ရည်ရွယ်ပါသည်။
The Voice Myanmar သည် မြန်မာ့ဂီတဝါသနာရှင်များနှင့် ကာလရှည်ကြာပါဝင်ရပ်တည်ခဲ့သော မိတ်ဖက်များ အတွက် လူသိများထင်ရှားသောပြိုင်ပွဲတစ်ခုဖြစ်ကြောင်း သက်သေပြလျက်ရှိသည်။ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်ကပင် ပထမဆုံး အဖြစ် စတင်ခဲ့သည့် The Voice Myanmar အစီအစဉ်တွင် အရည်အချင်းရှိသည့် ယှဥ်ပြိုင်သူများစွာ အတွက် အခွင့်အလမ်းများ အဆင်ပြေပြေ ရရှိစေရမည်ဆိုသော ခံယူချက်ကို သက်သေထူသည့်အနေဖြင့် MPT က ယခုလို ခက်ခဲသော အချိန်များအတွင်း ကောင်းမွန်သော ဖျော်ဖြေမှုများဖြင့် မြန်မာပြည်သူတို့၏ စိတ်ခွန်အား မြှင့်တင်မှုတွင် ပါဝင်လိုက်ခြင်းပင်ဖြစ်ပါသည်။
The Voice Myanmar Season 3 ၏ ရင်ခုန်စိတ်လှုပ်ရှားစရာ Live Round ယှဉ်ပြိုင်မှုပွဲစဉ်သို့ ရောက်ရှိလာခြင်းနှင့်အတူ ပရိသတ်များအနေဖြင့် မိမိတို့ကြိုက်နှစ်သက်သည့်ပြိုင်ပွဲဝင်များကို အားပေးနိုင်စေရန် မဲပေးနိုင်သည့် နည်းလမ်းများကို MPT က မိတ်ဆက် လိုက်ပြီဖြစ်ပါသည်။ Live Round ယှဉ်ပြိုင်မှုပွဲစဉ်ကို MRTV-4 နှင့် MRTV-4 HD တို့တွင် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်ပြီး ဝါသနာရှင်ပြိုင်ပွဲဝင် ၁၆ ဦးအနေဖြင့် The Voice Myanmar Season 3 ၏ အနိုင်ရရှိသူ ဖြစ်လာစေရန် အကြိတ်အနယ် သီဆို ယှဉ်ပြိုင် ကြမည်ဖြစ်သည်။ The Voice Myanmar Season 3 တွင် အနိုင်ရရှိသူသည် ဆုကြေးငွေ ကျပ် သိန်း ၂၀၀ ၊ FG Entertainment နှင့် Solo album ထုတ်ခွင့်ရမည့်အပြင် အသစ်စက်စက် MG ( Morris Garages ) ကားကြီးကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်ခွင့်ရှိမည် ဖြစ်သည်။
MPT-KGSM Joint Operations မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ် ဖြစ်သူ Mr. Tetsunori Nagashima က “MPT သုံးစွဲသူတွေအနေနဲ့ “The Voice Myanmar Season 3” ကို ကြည့်ရှုအားပေးကြတဲ့အခါမှာ မိမိနှစ်သက် သဘောကျတဲ့ ပြိုင်ပွဲဝင်အတွက် အဆင်ပြေလွယ်ကူစွာနဲ့ စိတ်ကြိုက်မဲပေးနိုင်မယ့် မဲပေးစနစ်အသစ်ကို MPT က အခုလို မိတ်ဆက်ပေးနိုင်ခဲ့တဲ့အတွက် ဝမ်းသာကျေနပ်မိပါတယ်။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲ အစီအစဉ်က မြန်မာပရိသတ်တွေကြားမှာ ပေါက်ရောက်အောင်မြင်ခဲ့တဲ့ ရေပန်းအစားဆုံး သီချင်းဆိုပြိုင်ပွဲတစ်ခု ဖြစ်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာအဖြစ် ဒီပြိုင်ပွဲကို ပံ့ပိုးကူညီပေးခြင်းကတစ်ဆင့် မြန်မာနိုင်ငံက လူငယ်ပါရမီရှင်တွေကို သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို အမှန်တကယ်ပုံဖော်အသက်သွင်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့ တစ်ဖက်တစ်လမ်း ကနေ ကူညီပံ့ပိုးပေးချင် ပါတယ်။ “The Voice Myanmar Season 3” အစီအစဉ်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဂီတကိုချစ်မြတ်နိုးတဲ့ ပရိသတ်ပေါင်းများစွာဆီကို ကြက်သီးထလောက်အောင် ခံစားရစေမယ့် ဖျော်ဖြေရေးရသတွေ၊ စိတ်လှုပ်ရှား ရင်ခုန်စေမယ့် အတွေ့အကြုံတွေနဲ့အတူ ဆောင်ကြဉ်းပေးနိုင်မယ်ဆိုတာ အခိုင်အမာ ယုံကြည်ပါတယ်။ ကျွန်တော်တို့ MPT အနေနဲ့ မြန်မာနိုင်ငံရဲ့ ကြည့်ရှုသူအများဆုံး၊ လူကြိုက်အများဆုံး နဲ့ ရေပန်းအစားဆုံး သီချင်းဆိုပြိုင်ပွဲကြီး ဖြစ်တဲ့ “The Voice Myanmar Season 3” နဲ့ မိတ်ဖက်ပူးပေါင်း လုပ်ဆောင်နိုင်ခဲ့တဲ့ အပေါ် မှာလည်း တကယ်ကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု ပြောကြားခဲ့သည်။
ယခုအခါတွင် “The Voice Myanmar Season 3” ကြည့်ရှုသူ အမာခံပရိသတ်များသည် MPT ဆင်းမ်ကတ်ကို အသုံးပြု၍ မိမိနှစ်သက်သည့် ပြိုင်ပွဲဝင်များကို အဆင်ပြေချောမွေ့စွာ ရွေးချယ်မဲပေးနိုင်မည် ဖြစ်သည်။ ပြိုင်ပွဲဝင် တစ်ဦးချင်းစီအား ကုတ်နံပါတ် “55501” မှ “55516” အထိ သီးသန့်နံပါတ်တစ်ခုစီ သတ်မှတ်ပေးထားပြီး ပရိသတ်များအနေဖြင့် မိမိကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်အတွက် တစ်ကြိမ် မဲပေးနိုင်ရန် သတ်မှတ်ထားသည့် ကုတ်နံပါတ် သို့ ‘1’ ဟု ရိုက်နှိပ်ပြီး ပေးပို့နိုင်ပါသည်။ သုံးစွဲသူများအနေဖြင့် SMS မှတစ်ဆင့်မဲပေးခြင်းအတွက် တစ်မဲလျှင် (၃၅)ကျပ်နှုန်း ကျသင့်မည်ဖြစ်ပြီး သီဆိုယှဉ်ပြိုင်မှု ပွဲစဉ်တစ်ခုလျှင် အများဆုံး (၅)ကြိမ် အထိသာ မဲပေးနိုင်ပါသည်။
အလားတူပင် ပရိသတ်များက MPT ဆင်းမ်ကတ်ကို အသုံးပြု၍ မိမိနှစ်သက်သဘောကျသည့် ပြိုင်ပွဲဝင်များကို အွန်လိုင်း Web Portal ဖြစ်သော thevoice.mptvote.com မှလည်း ရွေးချယ်မဲပေးနိုင်ပါသည်။ အွန်လိုင်း Web Portal ကို အသုံးပြုမှုအတွက် ဒေတာအသုံးပြုခကျသင့်မှု ပေးချေရန်မလိုအပ်ပေ။ သို့ရာတွင် မဲဝယ်ယူမှုများ အတွက် ကျသင့်ငွေများအား ဖုန်းဘေလ် လက်ကျန်ငွေမှ နှုတ်ယူသွားမည် ဖြစ်သည်။
မဲပေးစနစ်ကို Live Round ယှဉ်ပြိုင်မှု ပွဲစဉ်စတင်မည့် နိုဝင်ဘာလ (၂၉)ရက်မှစ၍ မဲပေးနိုင်မည်ဖြစ်ပြီး အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်သည်။

မဲပေးစနစ် အမျိုးအစားများကျသင့်မည့် နှုန်းထားမဲအရေအတွက်
SMS ဖြင့် မဲပေးစနစ်SMSSMS တစ်စောင်လျှင် ၃၅ကျပ် ကန့်သတ်ချက်
(ယှဉ်ပြိုင်မှုပွဲစဉ် တစ်ပိုင်းလျှင် ၅ကြိမ်)
အွန်လိုင်းမှ မဲပေးစနစ်Dynamic Voteမဲပေးသည့် အရေအတွက် x ၃၅ကျပ်အကန့်အသတ်မရှိ
(1~100 ရိုက်နှိပ်ဖော်ပြရမည်)
Single Voteမဲပေးခြင်းတစ်စောင်လျှင် ၃၅ကျပ်အကန့်အသတ်မရှိ
( တစ်ကြိမ် လျှင် မဲပေးခြင်းတစ်စောင်)

* မဲပေးခြင်းများအတွက် ကျသင့်ငွေများအား ဖုန်းဘေလ်လက်ကျန်ငွေမှ နှုတ်ယူသွားမည် ဖြစ်သည်။
*Dynamic Vote နည်းလမ်းမှာ ပရိသတ်များအနေဖြင့် တစ်ကြိမ်လျှင် မဲအရေအတွက်အများဆုံး ၁၀၀ ထိရိုက်နှိပ် ပေးပို့နိုင်သည်။
“The Voice” သီချင်းဆိုပြိုင်ပွဲကြီးသည် ကမ္ဘာ့နိုင်ငံအနှံ့အပြားကျင်းပကြပြီး မြန်မာနိုင်ငံတွင်လည်း “The Voice Myanmar” အနေဖြင့် ထုတ်လွှင့်တင်ဆက်ခြင်းဖြစ်ပြီး လူကြည့်အများဆုံး ရေပန်းစားအောင်မြင်သည့် အဆို ပြိုင်ပွဲကြီးအဖြစ် ရပ်တည်နေပါသည်။ အများနှင့်မတူ ထူးခြားသော ပြိုင်ပွဲ၏ကျင်းပမှုပုံစံကြောင့် ပြိုင်ပွဲဝင်များ သည် မတူကွဲပြားသော ကိုယ်ပိုင်ဟန်များနှင့် ဂီတအမျိုးအစားများဖြင့် တင်ဆက်ကြပြီး နာမည်ကျော် ဂီတ ကြယ်ပွင့် အနုပညာရှင်များဖြစ်ကြသည့် နီနီခင်ဇော်၊ R-ဇာနည်၊ ကျားပေါက် နှင့် ရန်ရန်ချန်း တို့မှလည်း “The Voice Myanmar Season 3” ၏ နည်းပြများအဖြစ် ပြန်လည်ပါဝင်လာခဲ့သည်။
“The Voice Myanmar” နှင့်ပတ်သက်၍ သိရှိလိုပါက “The Voice Myanmar” ၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သော www.facebook.com/thevoicemyanmar သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ MPT နှင့် ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက ၁၀၆ သို့ ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ တရားဝင်ဝက်ဘ်ဆိုက် ဖြစ်သည့် www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။

The Voice Myanmar Season (3) ၏ Live Round ယှဉ်ပြိုင်မှု ပွဲစဉ်တွင် ပါဝင်ယှဥ်ပြိုင်မည့် ပြိုင်ပွဲဝင် (၁၆) ဦးနှင့် မဲပေးနိုင်သည့် နံပါတ်များ။