သက်တော်စောင့်

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ

မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း ၊ ထိခိုက်ဒဏ်ရာ ရခြင်း ကြောင့် အလုပ်မလုပ်ကိုင်နိုင်ခြင်း တို့အတွက် ပေါ်လစီ ၃ မျိုးတွင်ရွေးချယ်ကာ 1,250 ကျပ် မှ စတင်၍ ကာကွယ်နိုင်ပါပြီ

အကျိုးခံစားခွင့်များ

အာမခံထားသူသေဆုံး/ထာဝစဉ်မသန်စွမ်းဖြစ်လျှင် အာမခံထားငွေအတိုင်း ရရှိမည့်ငွေပမာဏကို တစ်လုံးတည်း အကျိုးခံစားခွင့်ရှိသူမှ ရရှိခြင်း

အာမခံထားသူ မတော်တဆ ထိခိုက်မှုကြောင့် ဒဏ်ရာရရှိလျှင် ဆရာဝန်၏ ထောက်ခံချက်အပေါ်အခြေခံ၍ သတ်မှတ်ထားသည့် အကျိုးခံစားခွင့်နှုန်းထားအတိုင်းရရှိခြင်း

အသေးစိတ်ကြည့်ရှု့ရန်

အကျိုးခံစားခွင့်ပေးရန် အကျုံးမဝင်သည့် အချက်များ

အောက်ဖော်ပြပါ အဖြစ်အပျက်များနှင့် အကြောင်းအရာများကြောင့်လည်းကောင်း၊ အကျိုးဆက်များ ကြောင့်လည်းကောင်း၊ ဖြစ်ပေါ်သည့်သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် ဒဏ်ရာရခြင်း စသည်များမှာ အကျိုးခံစားခွင့်ပေးရန် အကျုံးမဝင်ပါ။

  • ကြိုတင်ကြံရွယ်ချက်ဖြင့် မိမိကိုယ်ကို ဒဏ်ရာအနာတရဖြစ်စေခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်း။
  • မူးယစ်စေတတ်သော ဆေးဝါးသုံးစွဲထားစဥ် (သို့မဟုတ်) သုံးစွဲခြင်းကြောင့် ဒဏ်ရာအနာတရ ဖြစ်စေခြင်း၊ မသန်စွမ်းဖြစ်စေခြင်းနှင့် သေဆုံးစေခြင်း။
  • ရောဂါကြောင့် သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း။
  • စစ်ဖြစ်ပွားခြင်း(စစ်ကြေငြာသည်ဖြစ်စေ၊စစ်မကြေငြာသည်ဖြစ်စေ)စစ်အသွင်တိုက်ခိုက်ခြင်း၊ပြည်တွင်းစစ်၊ ပုန်ကန်ခြင်း၊ အဓိကရုဏ်း၊ စစ်တပ်(သို့)လူထုအုံကြွခြင်း၊ သောင်းကျန်းခြင်း၊ သူပုန်ထခြင်း၊ တော်လှန်ရေး၊ စစ်တပ်အာဏာသိမ်းခြင်း၊ စစ်အမိန့်ထုတ်ပြန်ခြင်း(သို့)သိမ်းပိုက်ထားခြင်း၊ ပြည်တွင်းဆူပူသောင်းကျန်းခြင်း၊ ၎င်းတို့ကိုဖြစ်ပေါ်စေသောအကြောငိးရင်းများ(သို့)၎င်းတို့​၏အကျိုးဆက်များကြောင့်ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့်သေဆုံးခြင်း
  • ရာဇဝတ်မှု ကျူးလွန်ရာမှ ဒဏ်ရာအနာတရဖြစ်ခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်း။
  • သူတစ်ပါး၏ လက်ချက်ကြောင့်ဖြစ်စေ၊ သူတစ်ပါး၏ ကြိုးပမ်းအားထုတ်မှုကြောင့်ဖြစ်စေ၊ ယင်းနှင့်ဆက်လျဥ်း၍ဖြစ်စေ ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်း။

အာမခံထားနိုင်ခွင့်ရှိသူများ

AYA SOMPO အာမခံ၏ သက်တော်စောင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံ အကာအကွယ်ကို MPT အသုံးပြုသူ အသုံးပြုသူများအားလုံး MPT Platform မှ တစ်ဆင့် ဝယ်ယူရရှိနိုင်ပါတယ်။

ပရီမီယံနှုန်း
- (၁၂၅၀) ကျပ်မှ စတင် ကာကွယ်နိုင်ပါတယ် ။
အာမခံထားခွင့်ရှိသူ
- အသက် (၁၆) နှစ်မှ (၆၀) နှစ် အတွင်းရှိ ကျန်းမာရေးကောင်းမွန်သူတိုင်း အာမခံထားရှိနိုင်ပါသည်။ အသက် (၁၆) နှစ်မှ (၁၈) နှစ်အထိ မိဘအုပ်ထိန်းသူမှ အာမခံထားရှိပေးနိုင်ပါသည်။
အာမခံသက်တမ်း(၃) လ၊ (၆) လ နှင့် (၁၂) လ ဟူ၍ မိမိနှစ်သက်ရာ အာမခံသက်တမ်းကို ​ရွေးချယ်ထားရှိနိုင်ပါသည်။
အာမခံထားငွေ
အနည်းဆုံး ကျပ် (၅) သိန်း မှ အများဆုံး ကျပ် သိန်း (၁၀၀) အထိ ထားရှိနိုင်ပါသည်။
စောင့်ဆိုင်းရမည့်ကာလ အာမခံအကာအကွယ် စတင်မည့်အချိန်ပရီမီယံစတင်ပေးသွင်းပြီးသည့် ပြက္ခဒိန်ရက်တစ်ရက် အချိန်မှ စ၍ ပေါ်လစီ နှင့် အာမခံအကာအကွယ် စတင် အကျုံးဝင်ပါသည်။
ပရီမီယံကြေးပေးသွင်းနိုင်သည့် နည်းလမ်းများMPT ဖုန်းဘေလ် (သို့) MPT Pay မှ တစ်ဆင့် လွယ်ကူစွာ ငွေပေးချေနိုင်ပါသည်
Death Benefit-accidently only + TPD500, 0001,000,0002,000,0003,000,0005,000,00010,000,000
3 months1,2502,5005,0007,50012,50025,000
6 months2,5005,00010,00015,00025,00050,000
12 months5,00010,00020,00030,00050,000100, 000

ပေါ်လစီ ကာလများ

blank

အာမခံအကာအကွယ် ( အခြေခံ ၁ ယူနစ်မှစ၍ )

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ အကာအကွယ်များမှာ မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း၊ ခြေလက်အင်္ဂါဆုံးရှုံးခြင်း၊ ဆေးရုံတက်ရခြင်း၊ ဆေးရုံစရိတ်များထောက်ပံ့ခြင်း စတဲ့ အကျိုးခံစားခွင့်များကို ရရှိမှာ ဖြစ်ပါသည်။

သက်တော်စောင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံ အသုံးပြုသူလမ်းညွှန်

အဆင့် (၁)

blank
သက်တော်စောင့် အာမခံ လျှောက်ထားရန်သို့ နှိပ်ကာ မိမိ၏ MPT ဖုန်းနံပါတ်ကို ဖြည့်ပြီး OTP Code ရယူကာ ပေးပို့လာသော OTP code ကို ထည့်၍ Proceed ကို နှိပ်ပါ။

အဆင့် (၂)

blank

“သက်တော်စောင့်” ကိုယ်အင်္ဂါထိခိုက်မှုအာမခံ အချက်အလက်များကို ဖတ်ရှုပါ။

အဆင့် (၃)

blank
မိမိအာမခံထားမည့် “အာမခံထားငွေ ပမာဏ” နှင့် “အာမခံသက်တမ်း” ကို ရွေးချယ်ပါ။

အဆင့် (၄)

blank

အာမခံထားရှိမည့်သူ၏ ကိုယ်ရေးအချက်အလက်များကို ပြည့်စုံစွာ ဖြည့်ပါ။

အဆင့် (၅)

blank

Proposal ပါ အချက်အလက်များကို သေချာစွာ ပြန်လည် ဆန်းစစ်ပါ။

အဆင့် (၆)

blank

ငွေပေးချေမှုနည်းလမ်းကို ရွေးချယ်ပါ။ MPT Money (သို့မဟုတ်) MPT Main Balance ဖြင့် ပေးချေနိုင်ပါတယ်။

အဆင့် (၇)

blank
ငွေပေးချေမှု ပြုလုပ်ပြီးပါက Policy နံပါတ်ထွက်ပေါ်လာပြီး နောက်တစ်ရက်မှစတင်၍ အာမခံအကာအကွယ်စတင်မှာ ဖြစ်ပါသည်။ အာမခံအကာအကွယ်/ ငွေပေးချေမှု အသေးစိတ်ကို “Download Receipt” ကို နှိပ်၍လည်း ကြည့်ရှုနိုင်ပါတယ်။

အဆင့် (၈) -

blank
ထို့နောက် AYA SOMPO ဘက်မှ အာမခံနှင့် ပတ်သက်သည့် အသေးစိတ်ကို SMS ပေးပို့၍ အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။

blank

သက်တော်စောင့် အာမခံ စုံစမ်းမှုအတွက် ဆက်သွယ်ရန်

ပိုမိုသိရှိလိုပါက

09 777 100 555
နေ့စဥ် တနင်္လာနေ့ မှ သောကြာနေ့ (
နံနက် (၉) နာရီမှ ညနေ (၅) နာရီအတွင်း

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ အသေးစိပ်အား ထပ်မံသိရှိလိုပါက လူကြီးမင်း၏ ဆက်သွယ်ရန် နံပတ်အား သက်တော်စောင့် မှ ပြန်လည်ဆက်သွယ် ရှင်းပြပေးမည် ဖြစ်ပါသည်။

အမေးများသောမေးခွန်းများ

၁) မေး။ ကိုယ်အင်္ဂါထိခိုက်မှုအာမခံလုပ်ချင်ရင် ဘာတွေလိုအပ်ပါသလဲ။

ဖြေ။ အာမခံထားမည့်သူသည် ၎င်း၏ မှတ်ပုံတင်နှင့်တကွအခြားလိုအပ်သောအချက်အလက်များကို မှန်ကန်စွာ ဖြည့်ပေးရန် လိုအပ်ပါတယ်။

၂) မေး။ အာမခံပေါ်လစီထွက်ရန် အချိန်ဘယ်လောက်ကြာပါသလဲ။

ဖြေ။ လိုအပ်သောစာရွက်စာတမ်းများ ပြည့်စုံပြီး (၁) နာရီ အတွင်း ပေါ်လစီ ရပါတယ်။

၃) မေး။ ကိုယ်အင်္ဂါထိခိုက်မှုအာမခံအတွက် အာမခံသက်တမ်းက ဘယ်လောက်ထားလို့ ရပါသလဲ။

​ဖြေ။ အာမခံသက်တမ်း သုံးလ၊ခြောက်လ၊ဆယ့်နှစ်လ ထားရှိနိုင်ပါတယ်။

၄) မေး။ ဘယ်အချိန်မှ စတင်ပြီး အာမခံအကာအကွယ် အကျုံးဝင်ပါသလဲ။

ဖြေ။ ပရီမီယံကြေးစတင်ပေးသွင်းသည့် အချိန်မှစတင်၍ အာမခံသက်တမ်းကုန်သည်အထိ အကျုံးဝင်ပါသည်။

၅) မေး။ ကိုယ်အင်္ဂါထိခိုက်မှု အာမခံ ကာလအတွင်း Claim ဘယ်နှစ်ကြိမ်ဖြစ်ခွင့်ရှိပါသလဲ။ Claim မဖြစ်ရင်ရော ဘယ်လိုအကျိုးခံစားခွင့်တွေ ရရှိနိုင်မလဲ။

ဖြေ။ Claim ရှိခဲ့ရင် သတ်မှတ်ထားသည့်  အာမခံသက်တမ်း နှင့် အာမခံထားငွေ မကုန်မချင်းအာမခံရပါသည်။ အာမခံသက်တမ်းကုန်ပါက ပေါ်လစီအလိုအလျောက် ပျက်ပြယ်ပါမည်။ အာမခံလျော်ကြေး မတောင်းသူများအနေနှင့် အခြားအကျိုးခံစားခွင့် မရှိပါ။

၆) မေး။ ကိုယ်အင်္ဂါထိခိုက်မှု အာမခံတွင် သက်တမ်းတိုးလို့ ရပါသလား။

ဖြေ။ သက်တမ်းတိုးလို့ မရနိုင်ပါ။ အာမခံသက်တမ်းကုန်ပြီး သက်တမ်းထပ်တိုးလိုပါက ပေါ်လစီနံပါတ် အသစ်နှင့် နောက်တစောင်ထပ်သွားပါမည်။

၇) မေး။ ကိုယ်အင်္ဂါထိခိုက်မှု အာမခံတွင် နာမည်ပြောင်းလိုပါက ဘာတွေလိုအပ်ပါသလဲ။

ဖြေ။ ကိုယ်အင်္ဂါထိခိုက်မှု အာမခံတွင် နာမည်ပြောင်းခွင့်မရှိပါ။ အပြောင်းအလဲ (endorsement) လုပ်ခွင့်မရှိပါ။

၈) မေး။ ပေါ်လစီကို ဖျက်သိမ်းချင်ရင် ဘာတွေလိုအပ်ပါသလဲ။

ဖြေ။ ပေါ်လစီဖျက်သိမ်းလိုပါက ပရီမီယံကြေး ပြန်ထုတ်မပေးပါ။ ပရီမီယံကြေးပေးသွင်းရန် နောက်ကျပါက ပေါ်လစီ အလိုအလျောက် ပျက်ပြယ်ပါမယ်။

၉) မေး။ Agent နဲ့ MPT U-Life မှတဆင့် ကိုယ်အင်္ဂါထိခိုက်မှု အာမခံလုပ်တာနဲ့ လူကိုယ်တိုင် ရုံးလာလုပ်တာ ဘယ်လိုကွာခြားမှု ရှိပါသလဲ။

ဖြေ။ ကွာခြားမှု မရှိပါ။  AYA SOMPO အာမခံမှ Customer များအားလုံးကို တူညီသော ဝန်ဆောင်မှု ပေးပါတယ်။ MPT U-Life မှတဆင့်ဝယ်ယူလျှင် ၎င်းမှပေးသော အပိုခံစားခွင့်များကို အလျင်:သင့်သလို ရမှာဖြစ်ပါတယ်။

best operator in Myanmar