MPT Myanmar | Moving Myanmar ForwardThone Sa Tann Ya Promotion mm - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

သုံးဆတန်းရ ပရိုမိုရှင်း

MPT Money Application ကနေ MPT Money စာရင်းပေးသွင်းရုံနဲ့ အပိုဆု သုံးဆ ရရှိနိုင်မယ့် အခွင့်အရေးက လက်တစ်ကမ်းမှာ ရောက်ရှိလို့ လာပါပြီ

MPT ရဲ့ ၇ နှစ်မြောက် နှစ်ပတ်လည်လေးမှာ ပါဝင် ဆင်နွှဲဖို့ မမေ့ပါနဲ့နော် ပျော်ပျော်ရွှင်ရွှင်နဲ့ အပိုဆုတွေ ရရှိ ခံစား လိုက် ကြရအောင်

အပိုဆု သုံးဆ

သုံးဆတန်းရ ပရိုမိုးရှင်း ကို ဘယ်လိုပါ၀င်ဆင်နွှဲမလဲ။

MPT Money Application ကနေ စာရင်းပေးသွင်းပါ။

ဤ နေရာမှ ဒေါင်းလုတ်ဒ် ဆွဲပါ

How to get triple bouns?

အပိုဆု ပွိုင့်လက်ဆောင်များရယူရန်

MPT Club တွင်စာရင်းပေးသွင်းပါ

အပိုဆုဒေတာလက်ဆောင်များ ရယူရန

MPT 4U တွင် စစ်ကြည့်ပါ

အပိုဆုe-moneyလက်ဆောင်များ ရယူရန်

MPT Money တွင် စစ်ကြည့်ပါ

စည်းမျဉ်းစည်းကမ်းများ

၁။ ဤပရိုမိုးရှင်းအစီအစဥ်တွင် ဦးရာလူစနစ် ဖြင့် လူဦးရေ ၁၀၀ ၀၀၀ သာ ကန့်သတ်ထားပါသည်။ ကန့်သတ်လူဦးရေသည် စာတို လက်ခံရရှိသူ သို့ MPT4U notification တိုက်ရိုက်ရရှိသူ သာ ဖြစ်ရပါမည်။

၂။ လူဦးရေ ၁၀၀ ၀၀၀ ပြည့်သည်နှင့်တစ်ပြိုင်နက် ဤပရိုမိုးရှင်းအစီအစဥ် ရပ်တန့်သွားမည် ဖြစ်ပါသည်။

၃။ အသုံးပြုသူများသည် MPT Money အက်ပလီကေးရှင်း မှတစ်ဆင့် MPT Money ကို စာရင်းပေးသွင်းပါ။

၄။ အသုံးပြုသူများသည် MPT Money ကို စာရင်းပေးသွင်းပြီးသည်နှင့်တစ်ပြိုင်နက် အပိုဆုဒေတာနှင့် e-money လက်ဆောင်များ ရရှိ ခံစား နိုင်ပြီဖြစ်ပါသည်။

၅။ အပိုဆု ပွိုင့်လက်ဆောင်များရယူရန် MPT Club တွင်စာရင်းပေးသွင်းရန် လိုအပ်ပါသည်။

၆။ ဤပရိုမိုးရှင်းအတွက် အပိုဆုတွေကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။

– ၇၇၇ ပွိုင့်

– ၇၇၇ မီဂါဘိုက်

– ၇၇၇ ကျပ် (e-money)

၇။ အပိုဆုဒေတာ ၇၇၇ မီဂါဘိုက် သုံးစွဲခွင့် ကာလမှာ ၇ ရက်ဖြစ်ပါသည်။

၈။ ပရိုမိုးရှင်းကာလအတွင်း MPT SIM အသုံးပြုသူ တစ်ဦးလျှင် တစ်ကြိမ်သာ ပြန်အမ်းငွေ ရရှိမည်ဖြစ်ပါသည်။ ပရိုမိုးရှင်းကာလမှာ ၂၀၂၀ စက်တင်ဘာလ (၁၄) ရက်နေ့ မှ စတင်၍ ၂၀၂၀ အောက်တိုဘာ (၂) ရက်နေ့ အထိ ဖြစ်ပါသည်။

၉။ ဘောနပ်သုံးဆအား MPT Money အကောင့်ထဲသို့ အောက်တိုဘာ (၈) ရက်နေ့ထက်နောက်မကျဘဲ ရရှိမည် ဖြစ်သည်။ ဘောနပ်သုံးဆ ရရှိကြောင်း စာတိုပေးပို့ ၍ အကြောင်းကြားပါမည်။

၁၀။ ဤပရိုမိုးရှင်းအစီအစဥ်တွင် အကျုံး ၀င်မ၀င် ဆုံးဖြတ်ပေးမည့် အချက်အလက်များကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။

ပြန်အမ်းငွေ အတွက်MPT မှ MPT Money (သို့) အသုံးပြုသူ၏ ဖုန်းနံပါတ်။

၁၁။ ဤပရိုမိုးရှင်းအစီအစဉ်ကို MPT မှ မည်သည့်အကြောင်းပြချက်နှင့်မဆို ရုပ်သိမ်း (သို့) ပြောင်းလဲ ပိုင်ခွင့်ရှိသည်။

မေးလေ့ရှိသောမေးခွန်းများ

1. သုံးဆတန်းရ ပရိုမိုးရှင်းအစီအစဥ်မှာ ဘယ်သူတွေပါဝင်နိုင်သလဲ။

ဤပရိုမိုးရှင်းကာလအတွင်း MPT Money အက်ပလီကေးရှင်းမှတစ်ဆင့် စာရင်း​ပေးသွင်းသော သူများ ပါဝင်နိုင်မည် ဖြစ်ပါသည်။ စာရင်းသွင်းပြီးပါက သင်သည် e-money ပြန်ရငွေ နှင့် ဒေတာဘောနပ်စ်ရရှိဖို့အတွက်အကျုံးဝင်သွားပါပြီ။ ပွိုင့် ဘောနပ်စ်ရရှိရန်အတွက် MPT Club တွင်စာရင်ပေးသွင်းထားရန်လိုအပ်ပါသည်။

2. ယခု ပရိုမိုးရှင်းမှာ ဘယ်လိုအကျိုးခံစားခွင့်ကို ရရှိနိုင်မလဲ။

ယခုပရိုမိုးရှင်းအတွက် အကျိုးခံစားခွင့်မှာအောက်ပါအတိုင်းဖြစ်သည်။

၇၇၇ ပွိုင့်

၇၇၇ မီဂါဘိုက်

၇၇၇ ကျပ်

3. ဘောနပ်စ်သုံးဆရရှိဖို့ အတွက်ဘာတွေလုပ်ဖို့လိုမလဲ။

ဤပရိုမိုးရှင်းအစီအစဥ်တွင်ပါဝင်နိုင်ရန် MPT Money အက်ပလီကေးရှင်းမှတစ်ဆင့် စာရင်း​ပေးသွင်းရပါမည်။ စာရင်းသွင်းပြီးပါက သင်သည် e-money ပြန်ရငွေ နှင့် ဒေတာဘောနပ်စ် ရရှိဖို့အတွက် အကျုံးဝင်သွားပါပြီ။

  • e-money ပြန်ရငွေ နှင့် ဒေတာဘောနပ်စ် ရရှိဖို့အတွက် MPT Money အက်ပလီကေးရှင်း ကိုဒေါင်းလုပ်ဆွဲပြီး MPT Money တွင်စာရင်းပေးသွင်းရန်လိုအပ်ပါသည်။ (MPT Money အက်ပလီကေးရှင်းကိုဒေါင်းလုပ်ဆွဲရန်: xxxx) MPT Money အကောင့် စာရင်းပေးသွင်းမှုပြီးမြောက်ရန် လိုအပ်သော အချက်အလက်များ ဖြည့်စွက်ရပါမည်။

ဘောနပ်စ် ပွိုင့် (၇၇၇ ပွိုင့်) ရရှိဖို့အတွက် ဦးစွာ MPT ကလပ်ကို MPT 4 U အက်ပလီကေးရှင်း မှတစ်ဆင့် စာရင်းသွင်းပါ။ သင်သည် MPT Club ကို နှိပ် ၍ ကျား/ မ နှင့် မိမိ၏ မွေးနေ့

(eg : DD/MM/YYYY , 03/12/1997) ကို မှန်ကန် စွာ ဖြည့်သွင်း ပြီး အဖွဲ့ဝင်နိုင်ပါသည်။

(MPT 4 U link : (https://itunes.apple.com/zw/app/mpt-4-u/id1117941776?mt=8 for IOS version  / bit.ly/FREEMPT 4UApp for Android version )

4. MPT Money ထဲသို့ e-money ပြန်အမ်းငွေမည်မျှရနိုင်ပြီး ဘယ်နှစ်ကြိမ်အထိ လက်ခံရရှိနိုင်သနည်း။

၇၇၇ ကျပ် e-money ပြန်အမ်းငွေကို MPT Money အကောင့်ထဲသို့ ထည့်ပေးသွားပါမည်။ ဆင်းကဒ်တစ်ကဒ်လျှင် တစ်ကြိမ်သာ ရရှိနိုင်မည်ဖြစ်ပါသည်။

5. MPT Club ထဲသို့ ပွိုင့်မည်မျှကိုရရှိနိုင်ပြီး ဘယ်နှစ်ကြိမ်အထိ လက်ခံရရှိနိုင်သနည်း။

၇၇၇ ပွိုင့် ကို MPT club အကောင့်ထဲသို့ ထည့်ပေးသွားပါမည်။ ဆင်းကဒ်တစ်ကဒ်လျှင်

တစ်ကြိမ်သာ ရရှိနိုင်မည်ဖြစ်ပါသည်။

6. MPT ဆင်းကဒ်ထဲသို့ ဒေတာမည်မျှကို လက်ခံရရှိမှာဖြစ်ပြီး ဘယ်နှစ်ကြိမ်အထိ လက်ခံရရှိနိုင်သနည်း။

၇၇၇ မီဂါဘိုက်ကို MPT ဆင်းကဒ်ထဲသို့ ထည့်ပေးသွားပါမည်။ ဆင်းကဒ်တစ်ကဒ်လျှင်တစ်ကြိမ်သာရရှိနိုင်မည်ဖြစ်ပါသည်။

7. ၇၇၇ မီဂါဘိုက် သည်အချိန်ဘယ်လောက်တွင်သက်တမ်းကုန်ဆုံးနိုင်မည်နည်း။

၇ ရက်အတွင်းတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။

8. ဘောနပ်စ် သုံးဆကို မည်သည့်အချိန်တွင် ရရှိနိုင်မည်နည်း။ ပရိုမိုးရှင်းတွင် အကျုံးဝင်မဝင် ဘယ်လိုသိနိုင်မည်နည်း။

ဘောနပ်စ်သုံးဆအား MPT Money အကောင့်ထဲသို့ အောက်တိုဘာ ၈ရက်နေ့ ထက်နောက်မကျဘဲ ရရှိမည်ဖြစ်ပြီး ဘောနပ်စ်များထည့်သွင်းပေးပြီးပါက SMS မက်ဆေ့ဂျ် မှတစ်ဆင့် အသိပေးသွားမည် ဖြစ်ပါသည်။

9. ပရိုမိုးရှင်းကာလက ဘယ်အချိန်အထိလဲ။

ပရိုမိုးရှင်းကာလမှာ ၂၀၂၀ စက်တင်ဘာလ (၁၄) ရက်နေ့ မှ အောက်တိုဘာလ (၂) ရက်နေ့ထိ ဖြစ်သည်။ (လူဦးရေအကန့်အသတ်ဖြင့်သာ)

10. လက်ရှိ MPT Club သာလျှင် အသုံးပြုနေပြီး MPT Money အသုံးပြုသူမဟုတ်ပါက ဤပရိုမိုးရှင်းအစီအစဥ်တွင် ပါ၀င်နိုင်ပါသလား။

MPT Money အကောင့်ကို MPT Money အပ်ပလီကေးရှင်း တွင် စာရင်းပေးသွင်း၍ ပါ၀င်နိုင်ပါသည်။ စာရင်းသွင်းပြီးပါက သင်သည် သုံးဆဘောနပ်စ်ကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။

11. ကျွန်ုပ်၏ MPT Money အကောင့်ကို အခြား ဆင်းမ်ကတ်ဖြင့် စာရင်းသွင်းထားပါက ဤပရိုမိုးရှင်းအစီအစဉ်တွင်အကျုံးဝင်နိုင်ပါသလား။

အကျုံးမဝင်ပါ။ ဤပရိုမိုးရှင်းအတွက်အရည်အချင်းပြည့်မှီမည်မဟုတ်ပါ။

12. သုံးစွဲသူသည် ပက်ကေ့ တစ်ခုခုဝယ်ယူပါက ပရိုမိုးရှင်းတွင်အကျုံးဝင်နိုင်ပါသလား။

အကျုံးမဝင်ပါ။ ၁၄ ရက်စက်တင်ဘာလနောက်ပိုင်း တွင် MPT Money အကောင့်

စာရင်းပေးသူအသစ်များသာ ယခု ပရိုမိုးရှင်းတွင်အကျုံးဝင်ပါသည်။

13. အကယ်၍ ကျွန်ုပ်၌ MPT money အကောင့်ရှိခဲ့လျှင် ယခု ပရိုမိုးရှင်းကို ပါ၀င်နိုင်ပါသလား။

မပါ၀င်နိုင်ပါ။  ၁၄ ရက်စက်တင်ဘာလနောက်ပိုင်း တွင် MPT Money အကောင့်စာရင်းပေးသူအသစ်များသာ ယခု ပရိုမိုးရှင်းတွင်အကျုံးဝင်ပါသည်။

14. MPT money မှ ရရှိသည့် ပြန်အမ်းငွေ ကို ထုတ်ယူနိုင်ပါသလား။

သင်ထုတ်ယူနိုင်ပါတယ်၊ သတ်မှတ်ထားသောငွေထုတ်ခ (၃၀၀ ကျပ်) ပေးရန် လိုအပ်ပါသည်။    MPT ၀န်  ဆောင်မှုများအတွက် ငွေဖြည့်ပါက ပြန်အမ်းငွေ အပြည့်ကို ရရှိနိုင်မည် ဖြစ်ပါသည်။