MPT Myanmar | Moving Myanmar ForwardTouch And Win Service Guide Book MM - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

“ထိပေါက်” ကံစမ်းမဲအစီအစဉ်ဆိုတာဘာလဲ?

“ထိပေါက်” ကံစမ်းမဲအစီအစဉ်ဆိုတာ MPT မှ MPT4U app အသုံးပြုတဲ့ သုံးစွဲသူတိုင်းအတွက် ကျေးဇူးတုံ့ပြန်တဲ့အစီအစဉ်တစ်ခုပါ။ MPT သုံးစွဲသူတိုင်း MPT4U app ရဲ့နောက်ဆုံးဗားရှင်းကို ဒေါင်းလုတ်ရယူလိုက်ရုံနဲ့ နေ့စဉ်အခမဲ့ကံစမ်းခွင့် (၁)ကြိမ်စီရရှိပြီး Telecom နဲ့ Non-Telecom ဆုများကို ကံစမ်းရယူနိုင်မှာဖြစ်ပါတယ်။
သုံးစွဲသူအနေဖြင့် Update Nowဆိုသော ခလုတ်ကိုနှိပ်၍ လိုတရ ဝက်ဘ်ဆိုက်မှတစ်ဆင့် အခမဲ့ ဒေါင်းလုတ်ပြုနိုင်ပါသည်။ IOSအသုံးပြုသူများအနေဖြင့်မူ App Storeတစ်မျိုးတည်းမှသာ ဒေါင်းလုတ်ပြုလုပ်နိုင်မည်ဖြစ်သည်။

သုံးစွဲသူများက MPT4U app နောက်ဆုံးဗားရှင်း ရယူထားဖို့ပဲ လိုအပ်ပါတယ်။ ထိုမှတစ်ဆင့် MPT4U app မှာ “ထိပေါက်” ကံစမ်းမဲအစီအစဉ်ကိုဝင်ရောက်၍ ကံစမ်းနိုင်မှာဖြစ်ပါတယ်။ *4040# ကိုခေါ်ဆို၍ နောက်ဆုံးဗားရှင်းကို ရယူနိုင်ပါတယ်။
၂၀၁၉ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့မှ ထပ်မံမကြေညာမီအထိ။

“ထိပေါက်” ကံစမ်းမဲအစီအစဉ်မှာ ဘယ်သူတွေပါဝင်ကံစမ်းနိုင်မှာလဲ?

MPT4U app နောက်ဆုံးဗားရှင်းရယူထားတဲ့ လက်ရှိအသုံးပြုနေသော MPT သုံးစွဲသူတိုင်း အစီအစဉ်မှာပါဝင်နိုင်ပြီး Telecom နဲ့ Non-Telecom ဆုများကို ကံစမ်းရယူနိုင်မှာဖြစ်ပါတယ်။

ကံစမ်းမဲအစီအစဉ်ကနေ ဘာတွေကံထူးနိုင်တာလဲ?

မြောက်များစွာသော Telecom နဲ့ Non-Telecom ဆုများ က ကံထူးရှင်များကို စောင့်ကြိုနေပါတယ်။

Telecom PrizesNon-Telecom Prizes
  • Data-5oo MB to 100 GB
  • Balance-5ooKs to 100,000 Ks
  • Voice-10 Mins to 500 Mins
  • SMS – 5 to 500 SMS
      • Daily Prizes
        1. Samsung Galaxy A80(8/128GB)
        2. 1 Tical Golden Coin
      • Weekely Prizes
        1. I phone X 256 GB
        2. Samsung Galaxy S10+(8/128GB)

ဆုတွေကံထူးကြောင်း ဘယ်လိုသိရမှာလဲ

ကံထူးသူများသည် ဆုများကံထူးကြောင်း စာတိုဖြင့်အကြောင်းကြားစာ ချက်ချင်းလက်ခံရရှိမည့်အပြင် နေ့စဉ် Non-Telecom ဆု ကံထူးရှင်များအတွက် ကံထူးသည့်နောက်တစ်နေ့တွင် အတည်ပြုဖုန်းခေါ်ဆို၍ အကြောင်းကြားပေးမှာဖြစ်ပါတယ်။သောကြာနေ့နှင့်စနေနေ့အတွက်ကံထူးရှင်များကိုမူ တနင်္လာနေ့မှသာဖုန်းဆက်၍အကြောင်းကြားပေးနိုင်မည်ဖြစ်သည်။အပတ်စဉ်ဆုကံထူးရှင်များကို အပတ်စဉ်သောကြာနေ့တိုင်းတွင် အသိပေးအကြောင်းကြားပေးမှာပါ။ ထို့အပြင် ကံထူးရှင်စာရင်းများကို MPT ၏ တရားဝင် Facebook Page နဲ့ Web Page တို့တွင် အပတ်စဉ်စနေ(သို့)တနင်္ဂနွေနေ့များတွင် ဝင်ရောက်စစ်ဆေးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဘယ်အချိန်မှာ Non-Telecomဆုတွေကိုလာရောက်ထုတ်ယူနိုင်ပါမလဲ

Non-Telecomဆုများကို သြဂုတ်လ ၂၃ရက်နေ့နောက်ပိုင်းမှစတင်ထုတ်ယူနိုင်မည်ဖြစ်ပြီး သုံးစွဲသူများကို ဆုမဲထုတ်ယူချိန်ကျရောက်ပါက ထပ်မံအကြောင်းကြားပေးသွားမည်ဖြစ်သည်။

Telecom ဆုတွေကို ဘာတွေအသုံးပြုလို့ရမှာလဲ

မိနစ်များနှင့် SMS များကံထူးပါက MPT ဖုန်းအချင်းချင်းအတွက်အသုံးပြုနိုင်မှာဖြစ်ပြီး ဖုန်းဘေလ်ကံထူးပါက MPT ဖုန်းအချင်းချင်းအတွက် ဖုန်းပြောရန်၊ စာတိုပေးပို့ရန်နှင့် သုံးသလောက်ပေးအင်တာနက်တို့အတွက် (၇)ရက်စာအသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒီနေ့“ထိပေါက်”ဂိမ်းကိုဆော့ပြီးဒီနေ့အတွင်း နောက်တစ်ကြိမ်ထပ်ဆော့၍ မရတော့ပါ။ ဘာကြောင့်ပါလဲ

သုံးစွဲသူများအနေဖြင့် “ထိပေါက်”ဂိမ်းကို တစ်ရက်လျှင်တစ်ကြိမ်သာဆော့နိုင်မည်ဖြစ်ပြီး နောက်တစ်ရက်မှသာ ထပ်မံကံစမ်းနိုင်မည်ဖြစ်သည်။