MPT Myanmar | Moving Myanmar Forward Touch and Win Terms & Conditions mm - MPT Myanmar | Moving Myanmar Forward
×

စည်းကမ်းသတ်မှတ်ချက်များ

“ထိပေါက်” ကံစမ်းမဲအစီအစဉ်

  • ထိပေါက် ကံစမ်းမဲကာလအတွင်းတွင် MPT4U နောက်ဆုံးဗားရှင်းကိုရယူထားသူတိုင်း ထိပေါက်ဂိမ်းကို ဆော့ကစားနိုင်ပြီး ကံထူးရှင်ဖြစ်ခွင့်ရရှိနိုင်မည်ဖြစ်သည်။
  • ကံစမ်းမဲကာလ – ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်မှ ထပ်မံမကြေညာမီအထိ

ဆုများ

  • နေ့စဉ်ဆုများ (Telecom Prizes)

– Data Prizes (100 GB အထိ ကံထူးခွင့်)
– Voice Prizes (500 မိနစ်အထိ ကံထူးခွင့်)
– Balance Prizes (100,000 ကျပ်အထိ ကံထူးခွင့်)
– SMS Prizes (500 SMS အထိ ကံထူးခွင့်)

မှတ်ချက်။ ။ Telecom ဆုများကို “ထိပေါက်”ဂိမ်းဆော့ပြီး ကံစမ်းသည်နှင့်တစ်ပြိုင်နက် ကံထူးကြောင်းစာတို ရရှိမည်ဖြစ်ပါသည်။ Telecom ဆုများကို ကံထူးသည့်နေ့မှ ၇ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။အကယ်၍ဆုများကိုနေ့စဉ်ကံထူးခဲ့ပါက ဆုများမှာ ၎င်းတို့၏သက်ဆိုင်ရာသက်တမ်းကုန်ဆုံးရက်များတွင် ကုန်ဆုံးမည်ဖြစ်သည်။

  • နေ့စဉ်ဆုများ (Non-Telecom Prizes)

ရွှေ (၁) ကျပ်သား နှင့် Samsung Galaxy A80 (128 GB) – စုစုပေါင်း အပတ်စဉ် (၁၄) ဆု

  • အပတ်စဉ်ဆုများ

iPhone X (256 GB) နှင့် Samsung Galaxy S10 Plus (128 GB) – စုစုပေါင်း အပတ်စဉ် (၂) ဆု

ကံထူးကြောင်း အသိပေး အကြောင်းကြားခြင်း/ ကြေညာခြင်း

  • Telecom/Non-Telecom နေ့စဉ်ဆုများကို “ထိပေါက်”ဂိမ်းဆော့ပြီး ကံစမ်းသည်နှင့်တစ်ပြိုင်နက် ကံထူးကြောင်းစာတို ရရှိမည်ဖြစ်ပါသည်။
  • Non-Telecom အပတ်စဉ်ဆုများ၏ ကံထူးရှင်များကို အပတ်စဉ်အပတ်စဉ်သောကြာနေ့တိုင်းတွင် အသိပေးအကြောင်းကြားပေးမှာပါ။
  • ကံထူးရှင်စာရင်းများကို MPT ၏ တရားဝင် Facebook Page နဲ့ Web Page တို့တွင် အပတ်စဉ်စနေ(သို့)တနင်္ဂနွေနေ့များတွင် အသိပေးကြေညာမှာဖြစ်ပါတယ်။

ပါဝင်ကံစမ်းနိုင်မည့် သူများ

  • လက်ရှိအသုံးပြုနေသော Prepaid နှင့် Post-paid စနစ် GSM သုံးစွဲသူများသည် ထိပေါက်ဂိမ်းကို ဆော့ကစားနိုင်ပြီး ဆုများကိုကံထူးခွင့်ရရှိမည်ဖြစ်သည်။
  • CDMA သုံးစွဲသူများ၊ MPT ဝန်ထမ်းများနှင့် လက်ရှိအသုံးပြုခြင်းမရှိသည့် သုံးစွဲသူများသည် ပါဝင်ကံစမ်းခွင့်မရှိပါ။

Concept

  • MPT သုံးစွဲသူများသည် MPT4U App နောက်ဆုံးဗားရှင်းကို ဒေါင်းလုတ်ရယူ၍သော်လည်းကောင်း (သို့) MPT4U Web မှတစ်ဆင့် တိုက်ရိုက်အသုံးပြု၍သော်လည်းကောင်း ထိပေါက်ကံစမ်းမဲအစီအစဉ်ကိုပါဝင်ကံစမ်းနိုင်ပါသည်။
  • MPT ကွန်ယက်ကိုသုံး၍ နေ့စဉ်အခမဲ့ (၁)ကြိမ်နှင့် ဒေတာအခမဲ့ဖြင့် ပါဝင်ကံစမ်းနိုင်မည်ဖြစ်ပါသည်။
    “ထိပေါက်”ဂိမ်းကို တစ်ရက်လျှင်တစ်ကြိမ်သာဆော့နိုင်မည်ဖြစ်ပြီး နောက်တစ်ရက် (00:00:01နာရီ) တွင် ထပ်မံကံစမ်းနိုင်မည်ဖြစ်သည်။

ကံထူးရှင်များ အဓိကလိုက်နာရမည့် အချက်

  • ကံထူးရှင်များသည် မည်သည့် Non-Telecom ကံထူးကြောင်းစာတိုကိုမဆို ဆုထုတ်ယူသည့်အချိန်အထိ သိမ်းဆည်းထားရမည်ဖြစ်သည်။
  • ကံထူးရှင်များသည် ဆုထုတ်ယူသည့်အချိန်တွင် အဆိုပါသိမ်းဆည်းထားသောစာတိုကို MPT တာဝန်ရှိသူများသို့ ပြသနိုင်ရမည်ဖြစ်သည်။
    ကံထူးကြောင်းစာတိုကို MPT အမည်ဖြင့် ပေးပို့အကြောင်းကြားမည်ဖြစ်ပါသည်။

ဆုပေးအပ်ခြင်း အဆင့်ဆင့်

  • MPT မှကံထူးရှင်အား နီးစပ်ရာဆုထုတ်ယူရန်နေရာ (Brand Shop၊ တိုင်းရုံး၊ ရုံးချုပ်) သို့ ဖိတ်ခေါ်အကြောင်းကြားပေးမည်ဖြစ်သည်။
  • ဆုပေးအပ်မည့်အချိန်: ၂၀၁၉ခုနှစ်၊ သြဂုတ်လ(၂၃)ရက်နေ့မှစ၍ နေ့စဉ် Non-Telecom ဆုများကို MPT မှပေးအပ်သွားမည်ဖြစ်သည်။
  • ကံထူးရှင်ကိုယ်တိုင်မှ ဆုများကိုလာရောက်ထုတ်ယူပါက: အတည်ပြုနိုင်ရန် အောက်ပါစာရွက်စာတမ်းများ ယူဆောင်လာရမည်ဖြစ်သည်။
    i. ဖုန်းနံပါတ် (MPT4U App/Web) + ကံထူးကြောင်းစာတို (“MP” မှပေးပို့သော)
    ii. ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရမှ တရားဝင်ခွင့်ပြုထားသော အမည်နှင့်နေရပ်လိပ်စာပါ စာရွက်စာတမ်း (ဥပမာ: နိုင်ငံသားမှတ်ပုံတင်မူရင်း/ ယာဉ်မောင်းလိုင်စင်,စသဖြင့်)
    iii. သက်တမ်းမကုန်ဆုံးသေးသော စာရွက်စာတမ်းဖြစ်ရပါမည်။
  • ကံထူးရှင်ကိုယ်စား ဆုလာရောက်ထုတ်ယူပါက: ကိုယ်စားလှယ်သည် အောက်ပါစာရွက်စာတမ်းများ ယူဆောင်လာရမည်ဖြစ်သည်။
    i. ဖုန်းနံပါတ် (MPT4U App/Web) + ကံထူးကြောင်းစာတို (“MPT” မှပေးပို့သော)
    ii. ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရမှ တရားဝင်ခွင့်ပြုထားသော အမည်နှင့်နေရပ်လိပ်စာပါ စာရွက်စာတမ်း (ဥပမာ: နိုင်ငံသားမှတ်ပုံတင်မူရင်း/ ယာဉ်မောင်းလိုင်စင်,စသဖြင့်) ကံထူးရှင်နှင့် ကိုယ်စားလှယ်၏ စာရွက်စာတမ်းမူရင်းပါ ပူးတွဲပြသနိုင်ရမည်။
    iii. ကိုယ်စားလှယ်လွှဲပြောင်းစာ

စည်းကမ်းများ

i. ကံထူးရှင်များသည် ၂၀၁၉ခုနှစ်၊ သြဂုတ်လ(၂၃)ရက်နေ့မှ ရက်ပေါင်း (၃၀)အတွင်း ဆုကိုလာရောက်ထုတ်ယူခွင့်ရှိသည်။ ရက်ပေါင်း(၃၀)နောက်ပိုင်းတွင် ဆုများကိုလာရောက်ထုတ်ယူခွင့်မရှိပါ။
ii. ထိပေါက် ကံစမ်းမဲအစီအစဉ်မှ မည်သည့်ဆုအမျိုးအစားကိုမဆို MPT ဝန်ထမ်းများ ခံစားခွင့်ရှိမည်မဟုတ်ပါ။
iii. ဆုကံထူးပြီး နောက်တစ်နေ့မှစတင်၍ MPT တာဝန်ရှိသူမှ အတည်ပြုဖုန်းခေါ်ဆိုမှုပြုလုပ်ပေးမည်ဖြစ်ပါသည်။ ဖုန်းလက်ခံရန်ပျက်ကွက်ပါက တာဝန်ရှိသူမှ စုစုပေါင်း (၃)ရက်အထိ ဖုန်းခေါ်ဆိုမှုပြုလုပ်ပေးသွားမည်ဖြစ်သည်။
iv. (၃)ရက်ကုန်ဆုံးသည်အထိ ကံထူးရှင်မှဖုန်းလက်ခံရန်ပျက်ကွက်ပါက ကံထူးရှင်သည် ဆုကိုထုတ်ယူခွင့်မရှိပါ။
v. MPT ထိပေါက်ကံစမ်းမဲအစီအစဉ်မှ ခံစားခွင့်မပြုထားသော မည်သည့်ကုန်ကျစားရိတ်ကိုမဆို MPT မှကျခံပေးသွားမည်မဟုတ်ပါ။
vi. ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရမှကောက်ခံသော တစ်စုံတစ်ရာသောအခကြေးငွေ (ဥပမာ: အခွန်)ကို ကံထူးရှင်မှကျခံရမည်ဖြစ်ပြီး MPT မှ မည်သည့်တာဝန်ယူမှုမှ ပြုလုပ်ပေးမည်မဟုတ်ပါ။
vii. MPT ၏ မည်သည့်အစီအစဉ်ကိုပါဝင်ကံစမ်းထားသော သုံးစွဲသူများသည်လည်း ထိပေါက်ကံစမ်းမဲအစီအစဉ်ကို ပါဝင်ကံစမ်းခွင့်ရှိမည်ဖြစ်သည်။
viii. အငြင်းပွားဖွယ် တစ်စုံတစ်ရာပေါ်ပေါက်လာပါက MPT ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်။