အမေးများဆုံး မေးခွန်းများ
၁။ “နယူးထိပေါက်” ကံစမ်းမဲအစီအစဉ်ဆိုတာဘာလဲ?
“နယူးထိပေါက်” ကံစမ်းမဲအစီအစဉ်ဆိုတာ MPT မှ MPT4U app အသုံးပြုပြီး ပက်ကေ့ချ် ၀ယ်ယူသုံးစွဲသူတိုင်းအတွက် ကျေးဇူးတုံ့ပြန်တဲ့အစီအစဉ်တစ်ခုပါ။ MPT4U app ထဲတွင် ကြိုက်နှစ်သက်ရာ မည်သည့်ပက်ကေ့ချ် ကို မဆို အနည်းဆုံးတစ်ခါဝယ်ယူတိုင်း “နယူးထိပေါက်” ဂိမ်းထဲ၌ ကံစမ်းရန် အခွင့်အရေး(၁)ကြိမ် ရရှိဆော့ကစားနိုင်ပြီး Telecom prize များကံစမ်းရယူနိုင်မည်ဖြစ်ပါသည်။ MPT4U website (https://my.mpt.com.mm/#/) မှတစ်ဆင့်လည်း MPT ကွန်ယက်ဖြင့် ဒေတာအခမဲ့ဖြင့် ကံစမ်းနိုင်မှာဖြစ်ပါတယ်။
၂။ MPT4U application မှ တစ်နေ့တည်းတွင် ပက်ကေ့ချ် ၃ခုဝယ်ယူထားပါတယ်။ ကံစမ်းခွင့် ဘယ်လောက်ရရှိမှာလဲ?
MPT4U app ထဲတွင် ကြိုက်နှစ်သက်ရာ မည်သည့်ပက်ကေ့ချ်မဆို အနည်းဆုံးတစ်ခါဝယ်ယူတိုင်း နယူးထိပေါက်ဂိမ်းထဲ၌ ကံစမ်းရန် အခွင့်အရေး(၁)ကြိမ်ရရှိပါမည်။ ပက်ကေ့ခ်ျ ၃ ခုဝယ်ယူထားပါက ကံစမ်းခွင့် ၃ ကြိမ် ရရှိမည်ဖြစ်ပါသည်။
၃။ကံစမ်းခွင့်က သက်တမ်းကုန်ဆုံးရက်ရှိပါသလား?
ကံစမ်းခွင့်ရတဲ့နေ့ ရဲ့ ၀၀:၀၀:၀၀ နာရီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး နောက်နေ့သို့ သယ်ဆောင်အသုံးပြု၍ မရနိုင်ပါ။ ပက်ကေ့ချ်တစ်ခုထက်ပို၍ ဝယ်ယူထားပြီး ကံစမ်းခွင့်များကို အသုံးပြုရန် ကျန်ရှိနေပါက သက်တမ်းမကုန်ဆုံးခင် (၁)နာရီ ကြိုတင်၍ (၂၃:၀၀:၀၀ နာရီတွင်) သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း အသိပေးစာရရှိမည်ဖြစ်ပါသည်။
၄။ MPT4U Appကိုဘယ်လိုရယူနိုင်ပါသလဲ?
MPT4U Appကို Google Play Store မှသော်လည်းကောင်း၊ App Storeမှသော်လည်းကောင်း ဒေါင်းလုတ်ဆွဲ၍ရယူနိင်သလို လိုတရဝက်ဆိုက်ဒ်မှ အခမဲ့ဒေါင်းလုတ်ရယူ၍ အသုံးပြုနိုင်ပါတယ်။
၅။ MPT4U Appကိုဘယ်လိုUpgradeလုပ်နိုင်ပါသလဲ?
သုံးစွဲသူအနေဖြင့် Update Nowဆိုသော ခလုတ်ကိုနှိပ်၍ လိုတရ ဝက်ဘ်ဆိုက်မှတစ်ဆင့် (သို့) *4040# ကိုခေါ်ဆို၍လည်း အခမဲ့ဒေါင်းလုတ်ပြုနိုင်မှာပါ။ iOS အသုံးပြုသူများအနေဖြင့်မူ App Storeတစ်မျိုးတည်းမှသာ ဒေါင်းလုတ်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
၆။“နယူးထိပေါက်” ကံစမ်းမဲအစီအစဉ်မှာ ဘယ်သူတွေပါဝင်ကံစမ်းနိုင်မှာလဲ?
MPT သုံးစွဲသူများသည် MPT4U app ထဲတွင် ကြိုက်နှစ်သက်ရာ မည်သည့်ပက်ကေ့ချ်မဆို အနည်းဆုံးတစ်ခါဝယ်ယူတိုင်း “နယူးထိပေါက်”ဂိမ်းထဲ၌ ကံစမ်းရန် အခွင့်အရေး(၁)ကြိမ် ရရှိပါဝင် ကံစမ်းနိုင်ပါသည်။ CDMA သုံးစွဲသူများ၊ MPT ဝန်ထမ်းများနှင့် လက်ရှိအသုံးပြုခြင်းမရှိသည့် သုံးစွဲသူများသည် “နယူးထိပေါက်”ကံစမ်းမဲတွင် ပါဝင်ကံစမ်းနိုင်မှာမဟုတ်ပါ။
၇။ “နယူးထိပေါက်” ကံစမ်းမဲအစီအစဉ်မှာပါဝင်ဖို့ ပက်ကေ့ချ်ဝယ်ဖို့လိုအပ်ပါသလား?
ပက်ကေ့ချ်ဝယ်ဖို့လိုအပ်ပါတယ်။ “နယူးထိပေါက်”ကံစမ်းမဲအစီအစဉ်မှာပါဝင်ဖို့ MPT4U app ထဲတွင် ကြိုက်နှစ်သက်ရာ မည်သည့်ပက်ကေ့ချ်မဆို အနည်းဆုံးတစ်ခါဝယ်ယူတိုင်း “နယူးထိပေါက်”ဂိမ်းထဲ၌ ကံစမ်းရန် အခွင့်အရေး(၁)ကြိမ် ရရှိဆော့ကစားနိုင်ပြီး Telecom prize ကံစမ်းရယူနိုင်မည်ဖြစ်ပါသည်။ *4040# ကိုခေါ်ဆို၍ နောက်ဆုံးဗားရှင်းကို အခမဲ့ဒေါင်းလုတ်ရယူနိုင်ပါတယ်။
၈။ကံစမ်းမဲအစီအစဉ်ကနေ ဘာတွေကံထူးနိုင်တာလဲ?
အောက်ဖော်ပြပါ Telecom ဆုများစွာကို ကံထူးနိုင်မှာပါ။
Telecom prizes |
– Data – up to 100 GB
– Balance – up to 100,000 Ks – Voice – up to 500 Mins – SMS – up to 500 SMS |
၉။ Telecom ဆုတွေကို ဘယ်လိုအသုံးပြုလို့ရမှာလဲ?
မိနစ်များနှင့် SMS များကံထူးပါက MPT ဖုန်းအချင်းချင်းအတွက်အသုံးပြုနိုင်မှာဖြစ်ပြီး ဖုန်းဘေလ်ကံထူးပါက MPT ဖုန်းအချင်းချင်းအတွက် ဖုန်းပြောရန်၊ စာတိုပေးပို့ရန်နှင့် သုံးသလောက်ပေးအင်တာနက်တို့အတွက် (၇)ရက်စာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
၁၀။(၇)ရက်အတွင်းဆုမဲများပေါက်ခဲ့ပါတယ်။ ဒီဆုမဲများကို ဘယ်လိုအသုံးပြုနိုင်ပါသလဲ?
အမျိုးအမျိုးသော telecomဆုများကို (၇)ရက်အတွင်းကံထူးခဲ့ပါက ထိုဆုများ၏ သက်တမ်းသည် ပေါင်းသွားမည်မဟုတ်ပါ။ ကံထူးသောရက်မှစ၍ Telecom ဆုများ၏ သက်တမ်းမှာ သီးခြားစီတည်ရှိနေမည်ဖြစ်သည်။ ဥပမာ – ၂၄.၁၀.၂၀၁၉ ရက်နေ့တွင်ကံထူးသော Telecom ဆု၏ သက်တမ်းမှာ ၃၀.၁၀.၂၀၁၉ ရက်နေ့တွင်ကုန်ဆုံးမည်ဖြစ်သည်။ ထပ်မံကံထူးသော ၂၆.၁၀.၂၀၁၉ ရက်နေ့တွင်ကံထူးသော Telecom ဆု၏ သက်တမ်းမှာ ၁.၁၁.၂၀၁၉ ရက်နေ့တွင်ကုန်ဆုံးမည်ဖြစ်သည်။ သက်တမ်းများနှင့် ဒေတာပမာဏများပေါင်းစည်းသွားမည်မဟုတ်ပါ။
၁၁။ဆုတွေကံထူးကြောင်း ဘယ်လိုသိရမှာလဲ?
ကံထူးသူများသည် ဆုများကံထူးကြောင်း စာတိုရရှိမှာဖြစ်ပါတယ်။ ထို့အပြင်
- ပက်ကေ့ချ်ဝယ်ယူပြီးသည်နှင့်တစ်ပြိုင်နက် ကံစမ်းခွင့်ရရှိကြောင်း အကြောင်းကြားစာ
- ရရှိထားသော ကံစမ်းခွင့်များ သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း ကံစမ်းခွင့်ရတဲ့နေ့မှာ (၁)နာရီ ကြိုတင်၍ (၂၃:၀၀:၀၀ နာရီတွင်) အသိပေးစာ
- ရရှိထားသော ကံစမ်းခွင့်များ သက်တမ်းကုန်ဆုံးကြောင်း ကံစမ်းခွင့်ရတဲ့နေ့၀၀:၀၀:၀၀ နာရီတွင် အကြောင်းကြားစာ (ကံစမ်းခွင့်ကျန်ရှိသူများသာ) များပေးပို့ အကြောင်းကြားမည်ဖြစ်ပါသည်။
၁၂။ကံစမ်းမဲကာလက ဘယ်အထိလဲ?
၂၀၁၉ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့မှ ထပ်မံမကြေညာမီအထိ။