မင်္ဂလာပါ။ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်တဲ့အတွက် MPT မှ ကြိုဆိုပါတယ်။ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ကမ္ဘာတစ်ဝှမ်းနဲ့ ဆက်သွယ်ချိတ်ဆက်နိုင်ဖို့အတွက် ပြည်တွင်းSIM ကဒ်ဝန်ဆောင်မှုကို ရှာနေတယ်ဆိုရင်တော့ ကမ္ဘာလှည့် ခရီးသွားများအတွက် အသင့်တော်ဆုံး၊ မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ အကြီးမားဆုံး ဆက်သွယ်ရေးကွန်ယက် MPT မှ ၀န်ဆောင်မှုများ ပေးပါရစေ။
MPT Tourist SIM ကို ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်ပြီးတာနဲ့ MPT ရဲ့ မိုဘိုင်းလ်ဝန်ဆောင်မှုများဖြစ်တဲ့ ဒေတာအသုံးပြုခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ SMS ပေးပို့ခြင်းနှင့် နိုင်ငံတကာဖုန်းခေါ်ဆိုခြင်းဝန်ဆောင်မှုများကို All-in-one အနေနဲ့ အားလုံးအသုံးပြုနိုင်မှာပါ။
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ကာလအတွင်း အမှတ်တရကောင်းလေးတွေကို MPT နဲ့အတူဖန်တီးလိုက်ကြစို့!