×

ငွေဖြည့်ပုံနှင့် ငွေဖြည့်သည့်ပမာဏ

တစ်ကြိမ်ငွေဖြည့်ပါက အနည်းဆုံး/အများဆုံး ငွေဖြည့်နိုင်သည့် ပမာဏက ဘယ်လောက်ပါလဲ။

တစ်ကြိမ်လျှင် ငွေ ၃ဝဝကျပ်မှ စတင်ပြီး ၁ဝဝဝဝကျပ်အထိ ပမာဏကို မိုဘိုင်းဖုန်းအချင်းချင်း လွှဲပြောင်းဖြည့်သွင်းပေးနိုင်မည်ဖြစ်ပါသည်။ တစ်နေ့တာအတွက် လွှဲပြောင်းငွေဖြည့်သွင်းပေးနိုင်သည့် ငွေပမာဏကို ကန့်သတ်ထားခြင်းမရှိသော်လဲ တစ်နေ့တာအတွက် လွှဲပြောင်းငွေဖြည့်သွင်းပေးနိုင်သည့်အကြိမ်အရေအတွက်ကိုတော့ ၅ကြိမ်သာဖြစ်ရမည်ဟု သတ်မှတ်ထားပါတယ်။

တစ်နေ့မှာ ငွေဘယ်နှစ်ကြိမ် ဖြည့်ပေးနိုင်ပါသလဲ။

စတင်ရေတွက်သည့်အချိန်ကတော့ နေ့တစ်နေ့၏ သန်းခေါင်ချိန်စတင်ချိန်မှ သန်းခေါင်ပြန်ရောက်ချိန်အထိဖြစ်ပါတယ်။

မိတ်ဆွေကို ငွေဖြည့်ပေးဖို့အတွက် အချိန်ဘယ်လောက်ကြာပါသလဲ။

ဖုန်းအချင်းချင်း ငွေဖြည့်ပေးပြီး ဝေမျှသုံးတဲ့ဝန်ဆောင်မှုကိုပြုလုပ်ပြီးသည်နှင့် သင့်မိတ်ဆွေက လွှဲပြောင်းပေးသော ငွေကို စက္ကန့်အနည်းငယ်အတွင်း လက်ခံရရှိမှာဖြစ်ပါတယ်။

ဖည့်ပေးးထားသော ငွေလက်ကျန်သက်တမ်းက ဘယ်လိုရှိပါသလဲ။

ငွေဖြည့်ခြင်းအတွက် လက်ကျန်သက်တမ်းကိုပါလွှဲပြောင်းမည်မဟုတ်ပါ။ အကယ်၍ ငွေလက်ခံရရှိသူသည် မိုဘိုင်းဖုန်းလက်ရှိအသုံးပြုနေသူဖြစ်ပြီး လက်ကျန်ငွေမှာ သက်တမ်းကုန်ဆုံးခြင်းမရှိခဲ့ပါလျှင်၊ ငွေလက်ခံရရှိသူ၏ လက်ကျန်ငွေသက်တမ်းမှာ မူလလက်ကျန်ငွေသက်တမ်းအတိုင်းဖြစ်ပါတယ်။ (အထွက်ခေါ်ဆိုမှုပိတ်ခံထားသောဖုန်း၊ အဝင်လက်ခံမှုနှင့် အထွက်ခေါ်ဆိုမှုအတွက်ပိတ်ခံထားရသော ဖုန်းများအတွက်ကိုတော့ အထူးဖော်ပြချက်ကဏ္ဍမှာ လေ့လာနိုင်ပါတယ်။)

မိုဘိုင်းဖုန်းအချင်းချင်း ငွေဖြည့်ပေးပြီး ဝေမျှသုံးတဲ့ ဝန်ဆောင်မှုပြုလုပ်ပြီးသွားသောအခါ အထောက်အထားရရှိမှာလား။

ရရှိမှာပါ။ ငွေလွှဲပြောင်းပေးသူရော ငွေလက်ခံရရှိသူပါ ငွေဖြည့်ပြီးကြောင်းနှင့် ငွေလက်ခံရရှိကြောင်း အထောက်အထားအနေဖြင့် စာတိုလက်ခံရရှိမှာဖြစ်ပါတယ်။

တစ်နေ့တာ ငွေအများဆုံးဖြည့်နိုင်သည့် ငွေပမာဏ သတ်မှတ်ထားပါသလား။

တစ်နေ့တာအတွက် လွှဲပြောင်းငွေဖြည့်သွင်းပေးနိုင်သည့် ငွေပမာဏကို ကန့်သတ်ထားခြင်းမရှိသော်လဲ တစ်နေ့တာအတွက် လွှဲပြောင်းငွေဖြည့်သွင်းပေးနိုင်သည့်အကြိမ်အရေအတွက်ကိုတော့ ၅ကြိမ်သာဖြစ်ရမည်ဟု သတ်မှတ်ထားပါတယ်။

မိုဘိုင်းဖုန်းအချင်းချင်း ငွေဖြည့်ပေးပြီး ဝေမျှသုံးတဲ့ ဝန်ဆောင်မှုအတွက် ငွေဘယ်လောက်ကုန်ကျမှာလဲ။

မိုဘိုင်းဖုန်းအချင်းချင်း ငွေဖြည့်ပေးပြီး ဝေမျှသုံးတဲ့ ဝန်ဆောင်မှုအတွက် ကုန်ကျစရိတ်မှာ ငွေလွှဲထားသော ငွေပမာဏ၏ ၅%ကျသင့်မှာဖြစ်ပါတယ်။ အဆိုပါ ကျသင့်ငွေ ၅%ကို ငွေဖြည့်ပေးသူ၏ လက်ကျန်ငွေထဲမှ ဖြတ်သွားမည်ဖြစ်ပြီး ငွေလက်ခံရရှိသူကတော့ မည်သည့်ဝန်ဆောင်ခမှ ပေးရန်မလိုပါ။

ကျွန်ုပ်တစ်နေ့လျှင် ငွေလွှဲပေးမှုဘယ်နှစ်ကြိမ်လက်ခံနိုင်ပါသလဲ။ (သို့) တစ်နေ့လျှင် ငွေပမာဏဘယ်လောက်ို လက်ခံနိုင်ပါသလဲ။

တစ်နေ့တာအတွင်း အများဆုံး လွှဲပြောင်းငွေဖြည့်သွင်းပေးနိုင်သည့်အကြိမ်အရေအတွက်မှာ ၅ကြိမ်ဖြစ်ပါတယ်။ တစ်ကြိမ်လျှင် ငွေ ၃ဝဝကျပ်မှ စတင်ပြီး ၁ဝဝဝဝကျပ်အထိ ပမာဏကိုလွှဲပြောင်းငွေဖြည့်သွင်းပေးနိုင်တာကြောင့် တစ်နေ့တာအတွင်း အများဆုံးလွှဲပြောင်းငွေဖြည့်သွင်းပေးနိုင်သည့်ပမာဏ/လက်ခံရရှိနိုင်သည့်ပမာဏမှာ ၅ဝဝဝဝကျပ် ဖြစ်ပါတယ်။

အပိုဆောင်းဆုရရှိထားသော လက်ကျန်ငွေကို သူငယ်ချင်းထံသို့ လွှဲပေးနိုင်ပါသလား။

မရနိုင်ပါ။ မိုဘိုင်းဖုန်းအချင်းချင်း ငွေဖြည်ပေးပြီး ဝေမျှသုံးတဲ့ ဝန်ဆောင်မှုအတွက် မူရင်း လက်ကျန်ငွေထဲမှသာ လွှဲပြောင်းပေးနိုင်မည်ဖြစ်ပါတယ်။