ဟယ်လို MPT သုံးစွဲသူတို့ရေ အပိုဆု နှစ်ဆ ရရှိနိုင်မယ့် အခွင့်အရေးလေးလာပါပြီနော်။ ပရိုမိုးရှင်း ကာလအတွင်း MPT Money ကနေ ဖုန်းဘေလ်ဖြည့် သို့ ကြိုက်ရာ package ဝယ်ယူပြီး e-money အပိုဆု ၅၀၀၀ ကျပ်အထိ ရယူလိုက်ပါ။ ဒါ့အပြင် AYA i-banking/m-banking, CB pay နှင့် MPU/visa/master ကဒ်တွေကနေ MPT Money ထဲကို နှစ်သက်ရာ ပမာဏ ငွေလွှဲလိုက်တာနဲ့ အပိုဆု နှစ်ဆ ထပ်ရဦးမှာနော်
ခံစားကြည့်ပါ ဒစ်ဂျစ်တယ်ဘ၀မှာ
အပိုဆု နှစ်ဆ ငွေပြန်ရ

ခံစားကြည့်ပါ ဒစ်ဂျစ်တယ်ဘ၀မှာ ပရိုမိုးရှင်းကို ဘယ်လို ပါ၀င်ဆင်နွှဲရမလဲ
အပိုဆုနှစ်ဆ ရယူရန် AYA i-banking/m-banking, CB pay နှင့် MPU/visa/master ကဒ်တွေကနေ MPT Money ထဲသို့ နှစ်သက်ရာ ပမာဏ ငွေလွှဲပါ။
စည်းမျဉ်းစည်းကမ်းများ
၁။ စာတို တိုက်ရိုက်လက်ခံရရှိသည့် ကန့်သတ်ထားသော သုံးစွဲသူများသာ ပရိုမိုးရှင်း အစီအစဉ်မှာ ပါဝင်နိုင်မည် ဖြစ်ပါသည်။
၂။ ပရိုမိုးရှင်းကာလမှာ ၂၀၂၀ အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၀၂၀ နိုဝင်ဘာလ ၄ ရက်နေ့အထိ ဖြစ်ပါသည်။
၃။ သုံးစွဲသူများသည် ပရိုမိုးရှင်းကာလအတွင်း အောက်ပါအချက်များ လုပ်ဆောင်ရပါမည်။
– ပထမ အဆင့် အပိုဆုကို ရယူရန် MPT money မှ မိမိ၏ ကိုယ်ပိုင် ဆင်မ်ကဒ် ထဲ သို့ အနည်းဆုံး ၁၀၀၀ ကျပ်နှင့် အထက် ဖုန်းငွေဖြည့်ခြင်း သို့ ကြိုက်နှစ်သက်ရာ Package ဝယ်ယူခြင်း ပြုလုပ်ပါ။ (ပထမဆုံး အကြိမ် ၀ယ်ယူခြင်းအတွက်သာ)
– အပိုဆုနှစ်ဆ ရယူရန် AYA i-banking/m-banking, CB pay နှင့် MPU/visa/master ကဒ်တွေကနေ MPT Money ထဲသို့ နှစ်သက်ရာ ပမာဏ ငွေလွှဲပါ။
၄။ ဤပရိုမိုးရှင်းအတွက် အပိုဆုတွေကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။
ဖုန်းဘေလ်ထည့်၊ ပက်ကေ့ချ် ၀ယ် | ပြန်အမ်းငွေ | အွန်လိုင်းပေါ်က ငွေထပ်ဖြည့် ပြန်အမ်းငွေ နှစ်ဆရ |
---|---|---|
၁၀၀၀ ကျပ်နှင့်အထက် | ၅၀၀ ကျပ် | ၁၀၀၀ ကျပ် |
၃၀၀၀ ကျပ်နှင့်အထက် | ၁၅၀၀ ကျပ် | ၃၀၀၀ ကျပ် |
၅၀၀၀ ကျပ်နှင့်အထက် | ၂၅၀၀ ကျပ် | ၅၀၀၀ ကျပ် |
၅။ MPT ဆင်မ်ကဒ် အသုံးပြုသူတစ်ဦးလျှင် တစ်ကြိမ်သာ e-money အပိုဆု များ ရရှိခံစားနိုင်မှာဖြစ်ပါသည်
၆။ လူဦးရေ ၁၀၀ ၀၀၀ ပြည့်သည်နှင့်တစ်ပြိုင်နက် ဤပရိုမိုးရှင်းအစီအစဥ် ရပ်တန့်သွားမည် ဖြစ်ပါသည်။
၇။ E-money အပိုဆုများကို နို၀င်ဘာလ (၁၃) ရက်နေ့ထက်နောက်မကျဘဲ ရရှိမည် ဖြစ်ပါသည်။
၈။ E-money အပိုဆုများ ရရှိကြောင်း စာတိုပေးပို့ ၍ အကြောင်းကြားပါမည်။
၉။ ဤပရိုမိုးရှင်းအစီအစဥ်တွင် အကျုံး ၀င်မ၀င် ဆုံးဖြတ်ပေးမည့် အချက်အလက်များကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။
– ပြန်အမ်းငွေ အတွက်MPT မှ MPT Money သို့ အသုံးပြုသူ၏ ဖုန်းနံပါတ်။
၁၀။ ဤပရိုမိုးရှင်းအစီအစဉ်ကို MPT မှ မည်သည့်အကြောင်းပြချက်နှင့်မဆို ရုပ်သိမ်း (သို့) ပြောင်းလဲ ပိုင်ခွင့်ရှိသည်။
မေးလေ့ရှိသော မေးခွန်းများ
၁။ MPT Money ကို MPT ဆင်းကဒ်နဲ့မဟုတ်ဘဲစာရင်းပေးသွင်းပြီး တခြားအော်ပရေတာဆင်းကိုငွေဖြည့်သွင်းပါကယခုပရိုမိုးရှင်းရဲ့ အကျိုးကျေးဇူးများကိုရရှိနိုင်ပါသလား။
မရရှိနိုင်ပါ။ MPT Money ကို MPT ဆင်းမ်ကဒ်ကိုသုံးပြီးကိုယ်တိုင်ငွေဖြည့်သွင်းမှုအတွက်သာဖြစ်ပါသည်။
၂။ ယခုပရိုမိုးရှင်းတွင်ပါဝင်ရန် agent မှတစ်ဆင့် သို့မဟုတ် MPT -4U မှတဆင့် ငွေ ဖြည့်ခြင်းများပြုလုပ်၍ရပါသလား။
မရပါ MPT Money တစ်ခုတည်းမှ ငွေဖြည့်ခြင်းနှင့် ပတ်ကေများ ဝယ်ယူခြင်းမှသာလျှင် ယခုပရိုမိုးရှင်းတွင်ပါဝင်နိုင်ပါသည်။
၃။ AYA i-banking/m-banking, CB pay နှင့် MPU/visa/master ကဒ်တွေကနေ MPT Money ထဲသို့ ငွေမလွှဲပါက ဒီပရိုမိုးရှင်းမှာ အကျုံး၀င်နိုင်ပါသလား။
အကျုံး၀င်နိုင်ပါတယ်။ MPT Money ကနေ မိမိ၏ ကိုယ်ပိုင် ဆင်းမ် ကဒ်ထဲသို့ ဖုန်းငွေဖြည့်ခြင်း (သို့) ပက်ကေ့ချ် ၀ယ်ယူခြင်း ပြုလုပ်ရုံနဲ့ ဒီပရိုမိုးရှင်းမှာ အကျုံး၀င်နိုင်ပြီး ပထမ ဆုကြေးကို ရရှိနိုင်ပါပြီ။
ဖုန်းဘေလ်ထည့်၊ ပက်ကေ့ခ်ျ၀ယ် | ပြန်အမ်းငွေ |
---|---|
၁၀၀၀ ကျပ်နှင့်အထက် | ၅၀၀ ကျပ် |
၃၀၀၀ ကျပ်နှင့်အထက် | ၁၅၀၀ ကျပ် |
၅၀၀၀ ကျပ်နှင့်အထက် | ၂၅၀၀ ကျပ် |
၄။ MPT Money တွင်ငွေဖြည့်ခြင်း သို့မဟုတ် ပတ်ကေ့ဝယ်ယူခြင်းပြုလုပ်ပြီးပါပြီ။ ဆုကြေး၂ဆရရှိရန် MPT Moneyသို့ အွန်လိုင်းမှ ငွေမည်မျှဖြည့်ရမည်နည်း။
ဒစ်ဂျစ်တယ်ဖြင့် ကြိုက်နှစ်သက်ရာပမာဏကိုငွေဖြည့်သွင်းပါကဆုကြေး နှစ်ဆရရှိနိုင်မည်ဖြစ်ပါသည်။
၅။ ရရှိလာတဲ့ ဆုငွေ (e-money) ကို ပြန်ထုတ် သုံးလို့ရမလား။
ရရှိလာတဲ့ ဆုငွေ (e-money) ကို ပြန်ထုတ် သုံးလို့ရပါတယ်။ ငွေ ထုတ်ခ (၃၀၀) ကျပ် ကျသင့် မှာ ဖြစ်ပါတယ်။