FTTH Partner mm

“Binge Watch and Win the Prize” Campaign Frequently Asked Questions mm

MPT နှင့် Viu တို့မှ ပြုလုပ်သည့် “ဆက်တိုက်ကြည့်ပြီး ဆုတွေယူ” အစီအစဉ် မေးလေ့ မေးထရှိသည့် မေးခွန်းများ

၁။ ‘‘ဆက်တိုက်ကြည့်ပြီး ဆုတွေယူ’’ အစီအစဉ် ဆိုတာ ဘာလဲ။

‘‘ဆက်တိုက်ကြည့်ပြီး ဆုတွေယူ’’ အစီအစဉ် သည် MPT အသုံးပြုသူများအတွက် Viu နှင့် MPT တို့မှ ပြုလုပ်ပေးသော အစီအစဉ်ကောင်းလေးတစ်ခုဖြစ်ပြီး ကံထူးနိုင်မည့်သူများအနေဖြင့် Viu မှ ဇာတ်ကားများကြည့်ရှုနိုင်သည့် အများဆုံး MPT ဒေတာ 1GB အထိ(Viu App အတွက်သာ) ဆုလက်ဆောင်များ အပြင် တခြားဆုလက်ဆောင်များကိုပါ ရရှိနိုင်မည်ဖြစ်ပါသည်။

၂။‘‘ဆက်တိုက်ကြည့်ပြီး ဆုတွေယူ’’ အစီအစဉ် ကာလ ဘယ်လောက်ကြာမြင့်မှာလဲ။

‘‘ဆက်တိုက်ကြည့်ပြီး ဆုတွေယူ’’ အစီအစဉ် ကို ၂၀၂၁ နို၀င်ဘာလ ၁၁ရက် မှ ၂၀၂၁ နို၀င်ဘာလ ၂၅ ရက်နေ့ ထိကျင်းပမည်ဖြစ်ပါသည်။

၃။ ‘‘ဆက်တိုက်ကြည့်ပြီး ဆုတွေယူ’’ အစီအစဉ် မှာ မည်သူတွေ ပါဝင်နိုင်သလဲ။

MPT ဒေတာ 1GB အထိ ကံထူးခွင့်ကို MPT အသုံးပြုသူများအားလုံးအတွက် အကျုံး၀င်မည်ဖြစ်ပါသည်။
ဆုလက်ဆောင် ကံထူးခွင့် ပိုမိုရရှိရန် အသုံးပြုသူများ အနေနဲ့ Viu တွင် MPT ဒေတာဖြင့် Campaign ကာလအတွင်းကြည့်ရှုပါ။

၄။ Campaign ကာလအတွင်း အသုံးပြုသူများအနေနဲ့ မည်သည့်ဆုလက်ဆောင်များ ရရှိနိုင်မည်နည်း။

ဆုလက်ဆောင် အနေနဲ့ Viu ဇာတ်ကားများ ကြည့်ရှုနိုင်ရန် ၅ ရက်အတွင်းအသုံးပြုနိုင်သည့် အများဆုံး MPT ဒေတာ 1GB အထိ (Viu App အတွက်သာ)အပြင် တခြားဆုလက်ဆောင်များ(Viuတံဆိပ်ထီး နှင့် PenthHouse-3 Drama လက်မှတ်ပါ ပိုစတာ) ကံထူးရရှိမည်ဖြစ်သည်။

၅။ ‘‘ဆက်တိုက်ကြည့်ပြီး ဆုတွေယူ’’ အစီအစဉ် တွင် ကံထူးကြောင်း ဘယ်လိုသိနိုင်မလဲ။

MPT ဒေတာ ကံထူးသူများ အနေနဲ့ SMS မှတဆင့် ဒေတာလက်ဆောင်များ ကိုပေးပို့သွားမည်ဖြစ်ပြီး ဆုလက်ဆောင် ဒေတာကို MPT-Viu မှတဆင့် လက်ခံရရှိမည်ဖြစ်ပါသည်။ ဆုလက်ဆောင် ဒေတာများကို ၁၁ရက် နိုဝင်ဘာလ ၊ ၁၈ရက် နိုဝင်ဘာလ နှင့် ၂၅ရက် နိုဝင်ဘာလ များတွင် အသီးသီး လက်ခံရရှိနိုင်မည် ဖြစ်ပါသည်။
ဆုလက်ဆောင်ဒေတာကို *224# (သို့) MPT 4U app တွင်ကြည့်ရှု စစ်ဆေးနိုင်ပါသည်။

တခြားဆုလက်ဆောင်များ(Viuတံဆိပ်ထီး နှင့် PenthHouse-3 Drama လက်မှတ်ပါ ပိုစတာ) အတွက်ကိုမူ Viu မှ တဆင့် ကံထူးသူများထံ ဖုန်းခေါ်ဆိုဆက်သွယ် ပေးလာပါလိမ့်မည်။

၆။ အသေးစိတ်ကို သိရှိလိုပါက ဘယ်ကို ဆက်သွယ်မေးမြန်းနိုင်ပါသလဲ။

အသေးစိတ်အချက်အလက်များအား Viu Facebook page နှင့် MPT website https://www.mpt.com.mm/mm/viu-mm/ စာမျက်နှာများတွင် ၀င်ရောက်ကြည့်ရှုနိုင်ပြီး
MPT call center – ၁၀၆ သို့လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Binge Watch and Win the Prize mm

MPT စည်းကမ်းသတ်မှတ်ချက်များ - Binge Watch and Win the Prize

ဤစာမျက်နှာသည် ‘‘ဆက်တိုက်ကြည့်ပြီး ဆုတွေယူ” (“ပ႐ိုမိုးရွင္း”) တွင် ပါဝင်ရာ၌ လူကြီးမင်း လိုက်နာရန် သဘောတူရမည့် စည်းကမ်းချက်များကို ရှင်းလင်းဖော်ပြထားပါသည်။ ပရိုမိုးရှင်းကို မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်း (“MPT”, “ကျွနု်ပ်တို့”, “ကျွနု်ပ်တို့ကို”, “ကျွနု်ပ်တို့၏”) ၏ ဝန်ဆောင်မှုများ မှတဆင့် ရယူနိုင်ပါသည်။

ပရိုမိုးရှင်းတွင် ပါဝင်ခြင်းဖြင့် လူကြီးမင်းသည် ဤစည်းကမ်း သတ်မှတ်ချက်များနှင့် ၎င်းတို့နှင့် ဆက်စပ် သည့် အခြားသောသက်ဆိုင်ရာ စည်းမျဉ်းများ၊ မူဝါဒများ နှင့် စည်းကမ်းချက်များ (စုပေါင်း၍ “စည်းကမ်းချက်များ” ဟု ခေါ်ဆိုရန်) ကိုဖတ်ရှု၊ နားလည်ကြောင်း နှင့် ၎င်းတို့ကို လိုက်နာဆောင်ရွက်ရန် သဘောတူကြောင်း သဘောဆောင်ပါသည်။

စည်းကမ်းချက်များသည် အချိန်အခါမရွေးပြောင်းလဲမှုရှိနိုင်ပါသည်။ ထိုကဲ့သို့သောပြောင်းလဲမှုတစ်ရပ်ရပ် ပြုလုပ်ပြီးနောက် လူကြီးမင်း၏ ပရိုမိုးရှင်းတွင် ဆက်လက်ပါဝင်ခြင်းသည် ပြောင်းလဲပြီးဖြစ်သော စည်း ကမ်းချက်များကို လူကြီးမင်းအနေဖြင့် လက်ခံခြင်း မြောက်ပါသည်။

၁။ ပရိုမိုးရှင်း

၁.၁ စည်းကမ်းချက်များတွင် လူကြီးမင်းအား အတိအလင်း အပ်နှင်းထားခြင်းမရှိသည့် အခွင့်အရေး အားလုံးကို ကျွနု်ပ်တို့က သို့မဟုတ် ကျွနု်ပ်တို့၏ အသုံးပြုခွင့်ပေးသူများ၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊ အခွင့်အရေးကိုင်ဆောင်သူများနှင့် အခြားသော အကြောင်းအရာပံ့ပိုးသူများက သီးသန့် ရယူထိန်းသိမ်းထားပါသည်။ လူကြီးမင်းအနေဖြင့် စည်းကမ်းချက်များနှင့် ဥပဒေတွင် ခွင့်ပြုသည့်အတိုင်းသာ ပရိုမိုးရှင်းတွင်ပါဝင်နိုင်ပြီး အခြားသောအသုံးပြုခံစားမှုအားလုံးကို တင်း ကျပ်စွာ တားမြစ်ထားပါသည်။

၁.၂ MPT သည် MPT ၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် အကြောင်းပြချက်တစ်ရပ်ရပ် သို့မဟုတ် အကြောင်းပြချက်မရှိဘဲ လူကြီးမင်း၏ ပရိုမိုးရှင်းအားရယူမှု သို့မဟုတ် ၎င်းတွင်ပါဝင်မှုအား အကြောင်းကြားမှုနှင့် တာဝန်မရှိဘဲ အမြဲတမ်း သော်လည်းကောင်း၊ ယာယီသော်လည်းကောင်း ရပ်စဲခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် အခြားနည်းဖြင့် ခွင့်ပြုရန်ငြင်းပယ်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုလုပ်သည့်အခါတွင် စည်းကမ်းချက်များသည် ဤတွင် ဖော်ပြထားသော ဆက်လက် တည်ရှိနေမည့်စည်းကမ်းချက်များကို ဖြည့်ဆည်းရန် လိုအပ်သောအတိုင်းအတာအထိ လူကြီး မင်းအပေါ် ဆက်လက်စည်းနှောင်မှုရှိရမည်။

၁.၃ လူကြီးမင်း၏ ပရိုမိုးရှင်းတွင်ပါဝင်မှုသည် ကြိုတင်စီစဉ်ထားသောနှင့် ကြိုတင်စီစဉ်ထားခြင်းမရှိ သော ဝန်ဆောင်မှု အဆက်ပြတ်ခြင်းများပေါ် မူတည်နိုင်သည်။ ပရိုမိုးရှင်း၏ အဆက်ပြတ်ခြင်း၊ (စီစဉ်ထားသည်ဖြစ်စေ၊ စီစဉ်မထားဘဲဖြစ်စေ) ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက် နိုင်ခြင်း တစ်ခုခုအတွက် MPT သည် လူကြီးမင်းအပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များ အပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို လူကြီးမင်းအနေဖြင့် သဘောတူပါသည်။

၁.၄ လူကြီးမင်း၏ ပရိုမိုးရှင်းတွင်ပါဝင်မှု သို့မဟုတ် အလွဲသုံးစားပြုမှု၊ လူကြီးမင်း၏ အခြားအသုံးပြု သူများနှင့် မည်သည့်အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုများအတွက်မဆို သို့မဟုတ် ပရိုမိုးရှင်း နှင့်စပ်လျဉ်း၍ လူကြီးမင်း၏ အခြားဆောင်ရွက်မှု သို့မဟုတ် လိုက်နာရန်ပျက်ကွက်မှု တစ်ရပ်ရပ် အတွက် MPT တွင် တာဝန်မရှိစေရ။

၂။ ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုအခွင့်အရေးများ

Viu သို့မဟုတ် အခြားတတိယပုဂ္ဂိုလ်တစ်ဦးဦးမှ အခြားနည်းဖြင့် တရားသဖြင့် ပိုင်ဆိုင်ခြင်းမှ လွဲ၍ သက်ဆိုင်မှုရှိသည့်အတိုင်း ဤ ပရိုမိုးရှင်း နှင့်စပ်လျဉ်းသော ဆော့ဖ်ဝဲ၊ ရုပ်ပုံများ၊ စာသား၊ ဂရပ်ဖစ် များ၊ သရုပ်ဖော်မှုများ၊ လိုဂိုများ၊ တီထွင်မှုမူပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှု အမှတ် တံဆိပ်များ၊ မူပိုင်ခွင့်များ၊ ဓာတ်ပုံများ၊ အသံ၊ ဗီဒီယိုများ၊ ဂီတနှင့် အကြောင်းအရာ အပါအဝင် ၎င်းတို့ချည်းသာ မဟုတ်သော (စုပေါင်း၍ “အကြောင်းအရာ”) MPT ၏ ပိုင်ဆိုင်မှုအချက်အလက် တစ်ခုခုနှင့် ၎င်းတို့နှင့် သက်ဆိုင်သော ဉာဏပစ္စည်းအခွင့်အရေးများ အားလုံးမှာ MPT နှင့် ၎င်း၏ အသုံးပြုခွင့်ပေးသူများ (licensors)၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊ မူပိုင်ခွင့်ကိုင်ဆောင်သူများ၏ သီးသန့်ပစ္စည်းဖြစ်သည်။ ဤတွင်အတိအလင်း ဖော်ပြထားသည်မှလွဲ၍ ဤစည်းကမ်းချက်၏ မည်သည့် အရာကမျှ ဉာဏပစ္စည်းဆိုင်ရာအခွင့်အရေးများ တစ်ခုခုတွင်ရှိသော သို့မဟုတ် ထိုအောက်တွင်ရှိသော အသုံး ပြုခွင့်တစ်ခု သို့မဟုတ် အခွင့်အရေးတစ်ခု ဖန်တီးသည်ဟု မမှတ်ယူရ။ ပရိုမိုးရှင်းတွင် ဝင်ရောက် အသုံးပြုနိုင်သော အချက်အလက်များတစ်ခုခု သို့မဟုတ် အကြောင်းအရာတစ်ခုခုမှ ဆင့်ပွားရရှိလာ သော လက်ရာများကို ရောင်းချခြင်း၊ အသုံးပြုခွင့်ပေးခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင်ခြင်း၊ ဖြန့်ချိခြင်း၊ ကူးယူခြင်း၊ ဆင့်ပွားကူးယူခြင်း၊ ထုတ်လွှင့်ခြင်း၊ လူအများ မြင်သာစေရန် ပြသခြင်း၊ လူအများ မြင်သာစေရန် ဖျော်ဖြေခြင်း၊ ထုတ်ဝေခြင်း၊ သင့်လျော်သလို ပြင်ဆင်အသုံးပြုခြင်း၊ တည်းဖြတ်ခြင်း သို့မဟုတ် ဖန်တီးခြင်းများကို သင့်အနေဖြင့် မပြုလုပ်ရန် သဘောတူပါသည်။ စည်းကမ်းချက်များမှ အတိအလင်း ခွင့်ပြုမထားသော မည်သည့်ရည်ရွယ်ချက်အတွက်မဆို အကြောင်းအရာအား အသုံးပြုခြင်းကို တင်းကျပ်စွာ တားမြစ်ထားပါသည်။

၃။ ပရိုမိုးရှင်း ကာလ

ပရိုမိုးရှင်းကာလမှာ ၂၀၂၁ နို၀င်ဘာလ ၁၁ရက် မှ ၂၀၂၁ နို၀င်ဘာလ ၂၅ ရက်နေ့ ထိဖြစ်ပါသည်။

၄။ ပါဝင်နိုင်သူများ

၄.၁ ဤ ပရိုမိုးရှင်းအား အသက်ဆယ့်သုံး(၁၃)နှစ်နှင့် အထက်ရှိ Viu ၀န်ဆောင်မှုကို အသုံးပြုသော (MPT SIM အသုံးပြုနေသော) MPT သုံးစွဲနေသူများ (“ပါဝင်သူ”) အတွက်သာ သီးသန့် ရည်ရွယ်ပါသည်။ အကယ်၍ သင်သည် အသက်ဆယ့်ရှစ် (၁၈)နှစ် အောက်ဖြစ်ပါက အုပ်ထိန်းမှုအောက်မှ ကင်းလွှတ်ပြီး ကိုယ်ပိုင် ဆုံးဖြတ်ချက်ချနိုင်သူ၊ ဥပဒေအရ မိဘအုပ်ထိန်းမှု သို့မဟုတ် အုပ်ထိန်းသူခွင့်ပြုချက် ရရှိထားပြီး စည်းကမ်းချက်များ တွင် ဖော်ပြထားသည့် စည်းကမ်းချက်များ၊ သတ်မှတ်ချက်များ၊ တာဝန်များ၊ ကတိပြုခြင်းများ၊ ကိုယ်စားပြုခြင်းများနှင့် အာမခံခြင်းများကို သဘောတူညီရန်နှင့် စည်းကမ်းချက် များကို လိုက်နာရန် စွမ်းဆောင်ရည်နှင့် အရည်အချင်း အပြည့်အဝရှိမှသာ ပရိုမိုးရှင်းတွင် ပါဝင်နိုင်ပါသည်။

၅။ ဆုများ
၅.၁ ပရိုမိုးရှင်းကာလ အတွင်းတွင် ပါ၀င်သူ ၄သိန်းနီးပါးအနက် MPT မှ ကျပန်းရွေးချယ်မည်ဖြစ်ပြီး MPT ဒေတာ အများဆုံး 1GB အထိ (Viu အတွက်သာ အသုံးပြုနိုင်သော) ကံထူး ရရှိနိုင်မည်ဖြစ်သည်။

(က) ရရှိထားသော ဆုသည် ၅ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။
(ခ) ရရှိထားသောဆုသည် Viu ၏ ပရီမီယံဇာတ်ကားများကိုကြည့်ရှုနိုင်မည်ဖြစ်သည်။
(ဂ) MPT ဒေတာ ကံထူးသူများ အနေနဲ့ SMS မှတဆင့် ဒေတာလက်ဆောင်များကို ပရိုမိုးရှင်းကာလအတွင်း ပေးပို့သွားမည်ဖြစ်ပြီး MPT-Viu မှတဆင့် လက်ခံရရှိမည်ဖြစ်ပါသည်။
(ဃ) ဆုလက်ဆောင်ဒေတာကို *224# (သို့) MPT 4U app တွင်ကြည့်ရှု စစ်ဆေးနိုင်ပါသည်။

၅.၂ ဆုရရှိမည့်ပါဝင်သူများ ရွေးချယ်ခြင်းအတွက် စံသတ်မှတ်ချက်များသည် MPT ၏ တဦးတည်း ဆုံးဖြတ်ခွင့်ဖြစ်သည်။

၅.၃ ပါဝင်သူများသည် တခြားဆုလက်ဆောင်များ(Viuတံဆိပ်ထီး နှင့် PenthHouse-3 Drama လက်မှတ်ပါပိုစတာ) ကံထူးနိုင်မည်ဖြစ်ပြီး Viu မှ တာ၀န်ရှိသူများ ကိုယ်တိုင်ကံထူးသူများထံ ဆက်သွယ် ပေးလာပါလိမ့်မည်။

၆။ ဆုများကို အသုံးပြုခြင်း

ဆုများအားလုံးကို ဖော်ပြသည့်အတိုင်း ရယူရမည်ဖြစ်ပြီး အကယ်၍ ကံထူးရှင်က ဆု ကို ဖော်ပြသည့်အတိုင်း အသုံးမပြုနိုင်ပါက မည်သည့်အစားထိုးလျော်ကြေးကိုမှ ပေးမည် မဟုတ်ပါ။

ဆုများအားလုံးကို လဲလှယ်ခြင်း၊ လွှဲပြောင်းခြင်း၊ ခန့်အပ်ပေးအပ်ခြင်း၊ သို့မဟုတ် ငွေသား နှင့်လှဲလှယ်ခြင်း ပြုလုပ်၍မရပါ။

အပိုဒ် ၆ ၅(ဆုများ)တွင် ဖော်ပြထားသည့်အချက်များမှ လွှဲ၍ အခြားသောကုန်ကျစရိတ်များ သည် ကံထူးရှင်တစ်ဦးချင်းစီနှင့် သူ/သူမတို့၏ guests အနေဖြင့် သုံးစွဲသူများ၏ သီးသန်နှင့် အကြွင်းမဲ့ တာဝန်ဖြစ်သည်။

ဆုအမျိုးအစား နှင့် ကံထူးရှင်ရွေးချယ်မှုအပါအဝင် ယင်းတို့ချည်းသာမက ပရိုမိုးရှင်း၏ အစိတ်အပိုင်းအားလုံးနှင့် ဆက်စပ်သည့် MPT ၏ ဆုံးဖြတ်ချက်ကို မည်သည့်အခြေအနေ တွင်မဆို နောက်ဆုံးနှင့်အပြီးသတ် ဖြစ်သည်ဟုမှတ်ယူရမည်။ မည်သည့် အယူခံချက်၊ စုံစမ်းမေး မြန်းမှု နှင့်/သို့မဟုတ် စာအဆက်အသွယ်များကိုမှ ဆောင်ရွက်ပေးမည် မဟုတ်ပါ။

၇။ ကံထူးရှင်အဖြစ်မှ ထုတ်ပယ်ခြင်း

MPT သည် ပုံမှန်မဟုတ်သော သို့မဟုတ် မသင်္ကာစရာဖြစ်သော ဆောင်ရွက်မှုများ ပြုလုပ်နေသည့် သို့မဟုတ် ယင်းတို့နှင့်ဆက်စပ်နေသည်ဟု ၎င်းက သံသယရှိသော ပါဝင်သော တစ်ဦးကို ကြိုတင်အကြောင်းကြားစရာမလိုပဲ သို့မဟုတ် မည်သည့်အကြောင်းပြချက်မှ ပေးစရာမလိုပဲ ထုတ်ပယ်နိုင်သည်။

၈။ ဈေးကွက်ရှာဖွေခြင်းနှင့် အရောင်းမြှင့်တင်ခြင်း

MPT အနေဖြင့် ပရိုမိုးရှင်းအတွက် လိုအပ်သော သို့မဟုတ် ၎င်းနှင့် ကျိုးကြောင်းဆီလျော်စွာ ဆက်စပ် သော ကိစ္စရပ်များအတွက်လည်းကောင်း MPT ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ဈေးကွက်ရှာဖွေရန်၊ ကြော်ငြာရန် နှင့်/သို့မဟုတ် အရောင်းမြှင့်တင်ရန် ရည်ရွယ်ချက်များအတွက် ပါဝင် သူများ၏ ဗီဒီယိုများ နှင့်/သို့မဟုတ် ဓာတ်ပုံများကို ကြော်ငြာရန်ရည်ရွယ်ချက်များအတွက် အပါဝင် ပါဝင်သူများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ခံခြင်း၊ အသုံးပြုခြင်း၊ ဖွင့်ဟထုတ်ဖော်ခြင်းနှင့် ၎င်းတို့ အကြား ဝေမျှခြင်းတို့ပြုလုပ်ခြင်းနှင့် MPT၏ တရားဝင်ခွင့်ပြုထားသော ဝန်ဆောင်မှုပေးသူများနှင့် သက်ဆိုင်ရာ တတိယပုဂ္ဂိုလ်များထံ ထိုကဲ့သို့သော ကိုယ်ရေး အချက်အလက်များ ဖွင့်ဟထုတ်ဖော် ခြင်းကို ပါဝင်သူများ အနေဖြင့် သဘောတူညီပြီး ခွင့်ပြုပါသည်။

၉။ တာဝန်ခံမှုမှ ကင်းလွတ်စေခြင်း

လူကြီးမင်းသည် MPT နှင့် ၎င်း၏ လက်အောက်ခံကုမ္ပဏီများ၊ ပူးတွဲလုပ်ငန်းဆောင်ရွက်သူ၊ အေးဂျင့်များ၊ မန်နေဂျာများ နှင့် အခြားဆက်စပ်ကုမ္ပဏီများ၊ နှင့် ၎င်းတို့၏ ဝန်ထမ်းများ၊ ကန်ထရိုက်တာများ၊ အေး ဂျင့်များ၊ အရာထမ်းများ၊ ဒါရိုက်တာများအား (၁) လူကြီးမင်းထုတ်လွှတ်လိုက်သော သို့မဟုတ် ရရှိသော ဒေတာ သို့မဟုတ် အကြောင်းအရာတစ်ခုခုအပါအဝင် လူကြီးမင်း၏ ပရိုမိုးရှင်းအသုံးပြုခြင်းနှင့် ဝင် ရောက်ခြင်း (၂) ဤတွင်ပါဝင်သော ကိုယ်စားပြုတင်ပြခြင်းများနှင့် အာမခံချက်များတစ်ခုခုကို ချိုး ဖောက်ခြင်း အပါအဝင် ယင်းတို့ချည်းသာမဟုတ်သော စည်းကမ်းချက်များ၏ စည်းကမ်းတစ်ခုခုအား ချိုးဖောက်ခြင်း (၃) ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု အခွင့်အရေး တစ်စုံတစ်ရာ၊ လူတစ်ဦးတစ်ယောက်၏ ကျော်ကြားမှုကိုယ်ပိုင်လက္ခဏာများအား အလွှဲသုံးစားပြုခြင်းကို ကာကွယ်သည့် အခွင့်အရေးများ (Publicity Rights) သို့မဟုတ်၊ ဉာဏပစ္စည်းဆိုင်ရာ အခွင့်အရေးများအပါအဝင် ၎င်းတို့ချည်းသာ မဟုတ် သော တတိယပုဂ္ဂိုလ်အခွင့်အရေးတစ်ခုခုကို လူကြီးမင်းအနေဖြင့် ချိုးဖောက်ခြင်း၊ (၄) လူကြီးမင်း၏ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် သို့မဟုတ် အခြားနိုင်ငံတစ်နိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေ သို့မဟုတ် စည်းမျဉ်း တစ်ခုခုကိုချိုးဖောက်ခြင်း၊ (၅) ပရိုမိုးရှင်းမှတစ်ဆင့် လူကြီးမင်းတင်ပြသော သို့မဟုတ် ရရှိသော အချက်အလက်တစ်ခုခု၏ ရလဒ်တစ်ခုကြောင့် တောင်းဆိုမှု သို့မဟုတ် နစ်နာမှုတစ်စုံ တစ်ရာ ဖြစ်ခြင်း သို့မဟုတ် (၆) လူကြီးမင်း၏ ဖုန်းနံပါတ် (စာရင်းသွင်းထားသည်ဖြစ်စေ၊ စာရင်းမသွင်းထား သည်ဖြစ်စေ)၊ ဟန်းဆက်၊ သို့မဟုတ် အခြားသော ကိရိယာမှတစ်ဆင့် အခြားပုဂ္ဂိုလ်တစ်ဦးဦး၏ ပရိုမိုးရှင်းသို့ ဝင်ရောက် မှုနှင့် အသုံးပြုမှုတို့မှ ပေါ်ပေါက်လာသော တောင်းဆိုမှုများ၊ နစ်နာမှုများ၊ တာဝန်ဝတ္တရားများ၊ ဆုံးရှုံးမှုများ၊ တာဝန်ခံမှုများ၊ ကုန်ကျမှုများ သို့မဟုတ် ကြွေးမြီနှင့် အသုံးစရိတ်များ (ရှေ့နေ့ခများအပါအဝင်ဖြစ်သော် လည်း ယင်းတို့ချည်းသာမက) တစ်ရပ်ရပ်နှင့် အားလုံးထံမှနှင့် ၎င်းတို့ကိုဆန့်ကျင်၍ ကာကွယ်ပေးရန်၊ တာဝန်ခံမှုမှ ကင်းလွတ်စေရန်နှင့် လွှတ်ငြိမ်းစေရန် သဘောတူပါသည်။

၁၀။ အာမခံချက်များ၏ မသက်ဆိုင်ကြောင်း ရှင်းလင်းချက်များနှင့် တာဝန်ခံမှုကန့်သတ်ချက်

ပရိုမိုးရှင်းတွင်ပါဝင်သော သို့မဟုတ် ပရိုမိုးရှင်းမှတဆင့်အခြားနည်းဖြင့် လူကြီးမင်း အသုံးပြု နိုင်ရန် ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲအပါအဝင်)နှင့် အခြားသောဝန်ဆောင်မှုများကို ဤနေရာ၌ “ရှိသည့် အတိုင်း” နှင့် “ရှိနိုင် မည့်အတိုင်း” ရနိုင်သောစနစ်ဖြင့်ပံ့ပိုးခြင်းဖြစ်သည်။ MPT သည် ပရိုမိုးရှင်း လည်ပတ်ခြင်း သို့မဟုတ် ပရိုမိုးရှင်းတွင်ပါဝင်သော သို့မဟုတ် ပရိုမိုးရှင်းမှတဆင့် အခြားနည်း ဖြင့် လူကြီးမင်း အသုံးပြုနိုင်ရန်ပြုလုပ်ထားသော ၎င်း၏တိကျမှု အပါအဝင် သတင်း အချက် အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မဟုတ် အခြားသောဝန်ဆောင်မှုများကို မည်သည့်အမျိုးအစားမဆိုဖြစ်သော အတိအလင်းဖြစ်စေ၊ တိုက်ရိုက်မဟုတ်သည်ဖြစ်စေ ကိုယ်စားပြုတင်ပြခြင်းများ သို့မဟုတ် အာမခံချက်များမပြုလုပ်ပါ။ လူကြီးမင်း၏ ပရိုးမိုးရှင်း အသုံးပြုမှုသည် ဖြစ်ပေါ်လာနိုင်ချေရှိသောအန္တရာယ်ကို မိမိဘာသာ တာဝန်ယူသည်ဟု လူကြီးမင်းက အတိအလင်း သဘောတူပါသည်။

MPT သည် လူကြီးမင်း၏ ပရိုမိုးရှင်း အသုံးပြုခြင်း သို့မဟုတ် ပရိုမိုးရှင်းတွင် ပါဝင်သော သို့မဟုတ် ပရိုမိုးရှင်းမှတဆင့်အခြားနည်းဖြင့် လူကြီးမင်းအသုံးပြုနိုင်ရန်ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါ အဝင်) သို့မဟုတ် အခြားသော ဝန်ဆောင်မှုများမှ ပေါ်ပေါက်လာသော မည်သည့် အမျိုးအစား မဆို ဖြစ်သည့် တိုက်ရိုက်ဖြစ်သော၊ တိုက်ရိုက်မဟုတ်သော၊ ဆက်စပ်၍ဖြစ်သော၊ ပြစ်ဒဏ်အရ ဖြစ်သော နှင့် / သို့မဟုတ် အကျိုးဆက်အားဖြင့်ဖြစ်သော နစ်နာမှုများအပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု ကန့်သတ်မထားသော နစ်နာမှု တစ်စုံတစ်ရာအတွက် တာဝန်ရှိမည် မဟုတ်ပါ။

လူကြီးမင်းအနေဖြင့်အနေဖြင့် ပရိုမိုးရှင်းတွင် ပါဝင်ရာတွင် မည်သည့်အကြောင်း အရင်းကြောင့် ဖြစ်စေ၊ ပရိုမိုးရှင်းနှင့် ဆက်စပ်၍ တိုက်ရိုက်ဖြစ်စေ၊ အကျိုးဆက်အရ ဖြစ်စေ ဖြစ်ပေါ်လာသော မည်သည့်သဘောသဘာဝ သို့မဟုတ် အမျိုးအစားမဆိုရှိသည့် ဆုံးရှုံးမှု၊ ထိခိုက်အနာတရဖြစ်မှု၊ ထိခိုက်မှု သို့မဟုတ် ပေးရန်တာဝန်ရှိမှုနှင့် အကျိုးဆက်များ တစ်ခုခု နှင့်အားလုံးမှသော် လည်းကောင်း၊ MPT ကို ထိုသို့ဖြစ်နိုင်ခြေအား အသိပေးပြီးသည့်တိုင် ပြိုင်ပွဲတွင် ပါဝင်စဉ် အတွင်း သို့မဟုတ် ကံထူးဆုအား အသုံးပြုခံစားခြင်းမှပေါ်ပေါက်လာသော သို့မဟုတ် ၎င်းနှင့် ဆက်စပ်သော မည်သည့် ပုဂ္ဂိုလ်များအပေါ်မဆို ထိခိုက်အနာတရဖြစ်မှု တစ်ရပ်ရပ် သို့မဟုတ် ပိုင်ဆိုင်မှုတစ်ရပ်ရပ်အပေါ် ဖြစ်ပေါ်လာသည့်ထိခိုက်မှုတစ်ရပ်ရပ် အပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု ကန်သတ်မထားဘဲ ၎င်းတို့မှပေါ်ပေါက်လာသောနှင့် ၎င်းတို့ကို အကြောင်း ပြုသော တောင်းခံမှုများ၊ တောင်းဆိုမှုများ၊ အခွင့်အရေးများ၊ တရားစွဲဆိုရန် အကြောင်းတို့မှ MPT အား ကင်းလွတ်စေရန်နှင့် ရာသက်ပန် လွတ်ငြိမ်းစေရန် သဘောတူညီပါသည်။

သက်ဆိုင်ရာဥပဒေများမှ ခွင့်ပြုနိုင်သည့် အများဆုံးအတိုင်းအတာအလျောက် MPT သည် ရည်ရွယ်ချက်တစ်ခုအတွက် ကုန်သွယ်မှုနှင့် ရောင်းချနိုင်စွမ်း၏ တိုက်ရိုက်မဟုတ်သော အာမခံ ချက်များ အပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု ကန့်သတ်မထားသော အတိအလင်း ဖော်ပြထားသည့် သို့မဟုတ် တိုက်ရိုက်မဟုတ်သည့် အာမခံချက်များအားလုံးကို မသက်ဆိုင် ကြောင်း ငြင်းဆိုပါသည်။

ပရိုမိုးရှင်း တွင်ပါဝင်သော သို့မဟုတ် ပရိုမိုးရှင်းမှတဆင့်အခြားနည်းဖြင့် လူကြီးမင်း အသုံးပြု နိုင်ရန် ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲအပါအဝင်) သို့မဟုတ် အခြားသောဝန်ဆောင်မှုများတွင် MPT ဆာဗာ များ သို့မဟုတ် MPTမှ ပို့သောအီလက်ထရောက်နစ် ဆက်သွယ်မှုများသည် ဗိုင်းရပ်များ သို့မဟုတ် အခြားသော အန္တရာယ်ရှိသည့် အစိတ်အပိုင်းများမှ ကင်းလွတ်ပါသည်ဟု MPT က အာမခံခြင်း မပြုပါ။

၁၁။ တတိယပုဂ္ဂိုလ်အကြောင်းအရာ
ပရိုမိုးရှင်းတွင် တတိယပုဂ္ဂိုလ်များမှ ရရှိသော သို့မဟုတ် ၎င်းတို့က ပံ့ပိုးပေး ထားသောအကြောင်း အရာ (“တတိယပုဂ္ဂိုလ်၏အကြောင်းအရာ”) တို့ပါဝင်နိုင်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါတတိယပုဂ္ဂိုလ်၏ အကြောင်းအရာ သို့မဟုတ် တတိယပုဂ္ဂိုလ်၏အကြောင်းအရာနှင့်ဆက်စပ်သည့် ချိတ်ဆက်ထားသော ဝက်ဘ်ဆိုဒ်တစ်ခုခုအတွက် MPTတွင် တာဝန်ရှိမည်မဟုတ်ပါ။ တတိယ ပုဂ္ဂိုလ်များ၏ သတင်း အချက်အလက်၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများတစ်ခုခုအား ရည်ညွှန်းချက် သည် MPT က ထောက်ခံမှု၊ ကမကထပြုမှု သို့မဟုတ် အကြံပြုမှု မဟုတ်ပါ သို့မဟုတ် ထိုသို့သွယ်ဝိုက်ဆိုလိုခြင်း မဟုတ်ပါ။

၁၂။ အထွေထွေ

တတိယပုဂ္ဂိုလ်တစ်ဦးဦး၏ စည်းကမ်းသတ်မှတ်ချက်များသည် သက်ဆိုင်မှုရှိလျှင် ပရိုမိုးရှင်း အပေါ် သက်ရောက်မှုရှိပါမည်။
စည်းကမ်းချက်များသည် http://mpt.com.mm/mm/about-home/terms-conditions-mm/ တွင် ဖတ်ရှုနိုင်သည့် MPT ၏ အထွေထွေစည်းကမ်းသတ်မှတ်ချက်များ (“GTC”) အရဖြစ်ရပါမည်။ ဤစည်းကမ်းချက်၏ စည်းကမ်းများနှင့် GTC အကြား ပဋိပက္ခတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ဤစည်း ကမ်းချက်များ၏ စည်းကမ်းများက လွှမ်းမိုးရမည်။

စည်းကမ်းချက်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ နှင့် တရားရုံး သို့မ ဟုတ် စီရင်ပိုင် ခွင့်ရှိသော အဖွဲ့တစ်ခုမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြား ချက် သို့မဟုတ် လမ်းညွှန်ချက် တစ်ခုခုအရဖြစ်ရပါမည်။

Frequently Asked Questions for Data Carry Plus Auto Renewal Packs mm

Auto Renewal Data Carry Plus Package အတွက် မေးလေ့ရှိသောမေးခွန်းများ

၁။ Auto Renewal Data Carry Plus Package ဆိုတာ ဘာလဲ?

Auto Renewal Data Carry Plus ပက်ကေ့ခ်ျဆိုတာ 1000 GB အထိ အပိုလက်ဆောင်ဒေတာများ ကံထူးရယူနိုင်မည့်အပြင် သုံးရန်ကျန်ရှိနေသည့် လက်ကျန်ဒေတာများကို သယ်ဆောင်သွားနိုင်မည့် Carry Over Function ပါဝင်တဲ့ ရက်(၃၀)သုံးပက်ကေ့ချ်များဖြစ်ပါတယ်။ ပက်ကေ့ချ်များကို ဝယ်ယူတိုင်း ထိပေါက်ဂိမ်းမှ ဆုလက်ဆောင်များကံစမ်းရယူနိုင်ဖို့အခွင့်အရေးရရှိမှာဖြစ်ပါသည်။ အလိုအလျောက်သက်တမ်းတိုးစနစ် ပါဝင်သည့် အတွက် ခဏခဏ ပက်ကေ့ချ်ကို ဝယ်ယူနေစရာမလိုဘဲ ပက်ကေ့ချ်၏ လက်ကျန် ဒေတာပမာဏ 50MB အောက် ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။

နှုန်းထား
(ကုန်သွယ်ခွန်ပါပြီး)
ဒေတာပမာဏMain data
သက်တမ်း
Lucky DataLucky data
သက်တမ်း
Direct USSDCommon USSDSubscription ChannelRemark
979 Ks470 MB၃၀ ရက်
[သက်တမ်းကုန်ဆုံးပြီး (၇)ရက်အတွင်း ဒေတာ
သယ်ဆောင်ခွင့်
ရှိသည်
Can win
Up to 1000GB!
၇ ရက်SUB: *777*3*3#
UNSUB: *777*3*4#
777#
(or)
*106#
MPT4U Appပက်ကေ့ချ်၏ လက်ကျန်balance 50MB အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်
1,279 Ks615 MBSUB *777*4*3#
UNSUB: *777*4*4#
1,779 Ks860 MBSUB: *777*5*3# (or)
UNSUB: *777*5*4#
2,669 Ks1290 MBSUB: *777*6*3# (or)
UNSUB: *777*6*4#

၂။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းများမှာ အင်တာနက်ဒေတာအတွက် အခွန် ၁၅%ပါဝင်ပြီးဖြစ်ပါတယ်။

၃။ အလိုအလျောက်သက်တမ်းတိုး Data Carry Plus Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ?

MPT မှ ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော GSM/WCDMA prepaid and postpaid အသုံးပြုသူများ နှင့် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။ CDMA, Base Tariff နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။

၅။ Auto renewal Data Carry Plus ပက်ကေ့ချ် များကို ဝယ်ယူပြီး Lucky Data ပါဝင်ကံစမ်း နိုင်ပါသလား?

ဟုတ်ကဲ့ ရပါတယ်။ မည်သည့် Auto renewal Data Carry Plus ပက်ကေ့ချ်များကိုမဆို ဝယ်ယူပြီး Lucky Data 1000GB အထိ အပိုလက်ဆောင်ဒေတာကို ကံစမ်းရရှိနိုင်ပါတယ်။

၄။ အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်ကို MPT4U ကတဆင့် ဝယ်ယူလို့ရပါသလား။

အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် ကို MPT4U Application တွင်ဝယ်ယူနိုင်ပါသည်။ MPT4U Application အတွင်းရှိ “အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်” page မှတဆင့်ဝယ်ယူနိုင်သလို “ပက်ကေ့ချ်ဝယ်ယူခြင်း” page မှတဆင့် ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်အားရွေးချယ်ဝယ်ယူနိုင်ပါသည်။

၆။ သောကြာနေ့တွင် Auto Renewal Data Carry Plus Pack ဝယ်ယူပါက ဘယ်လိုခံစားခွင့်တွေရှိမှာပါလဲ?

သောကြာနေ့တွင် Auto Renewal Data Carry Plus ဝယ်ယူပါက Happy Friday အပိုဆောင်း ဒေတာ အစား Lucky Data 1000GB အထိ အပိုလက်ဆောင်ဒေတာများ ကံထူး ရရှိမှာဖြစ်ပါတယ်။

၇။ ကံထူးထားတဲ့ဒေတာကို ဘာတွေသုံးလို့ရမှာလဲ?

ကံထူးထားတဲ့ဒေတာကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် (၇) ရက်အတွင်း အသုံးပြုနိုင်ပါသည်။

၈။ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# ကို ခေါ်ဆိုပြီး ပက်ကေ့ချ်ဒေတာ၊ ကံထူးထားသောဒေတာလက်ကျန်ပမာဏနှင့် သက်တမ်း ကို စစ်ဆေးနိုင်ပါတယ်။

၉။ အလိုအလျောက်သက်တမ်းတိုးData Carry Plus Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံး ပက်ကေချ့် သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

ဒေတာပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ် ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏လက်ကျန် ဒေတာပမာဏ 50 MB အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

Regular Data Carry Plus ပက်ကေ့ချ် ဝယ်ယူပြီး Auto renewal Data Carry Plus  ပက်ကေ့ချ်ထပ်မံ ဝယ်ယူသည်ဖြစ်စေ၊ Auto renewal Data Carry Plus  ပက်ကေ့ချ် ဝယ်ယူပြီး Regular Data Carry Plus ပက်ကေ့ချ် ထပ်မံဝယ်ယူသည်ဖြစ်စေ  ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်။ ပက်ကေ့ချ်၏ လက်ကျန် ဒေတာပမာဏ  50MB အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

၁၀။ ၉၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၂၇၉ ကျပ်တန် Regular Data Carry ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ Auto renewal Data Carry Plus ပက်ကေ့ချ်ဝယ်ယူပြီး Regular Data Carry Plus ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိထပ်မံဝယ်ယူနိုင်ပါတယ်။ ဝယ်ယူထားသောဒေတာပမာဏများ ပေါင်းစည်း သွားမည့်အပြင်အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ လက်ကျန် ဒေတာပမာဏ 50MB အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

၁၁။ ၁၂၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၂၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ ဒေတာပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်း ကို အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ လက်ကျန် ဒေတာပမာဏ 50MB အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

၁၂။ ၉၇၉ ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၂၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

မရပါ။ ဒေတာ ပမာဏချင်းမတူသော Auto renewal packs များအကြိမ်အကန့်အသတ်မရှိ ဝယ်ယူခြင်းကို ခွင့်မပြုပါ။ ဒေတာပမာဏ မတူညီသော ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိပက်ကေ့ချ်ကို UNSUBSCRIBE (ပယ်ဖျက်ပေးရန်) လုပ်ပေးရန်လိုအပ်ပါသည်။

၁၃။ အလိုအလျောက်သက်တမ်းတိုး Data Carry Plus Pack ရဲ့ သက်တမ်းက ဘယ်လောက်လဲ?

Package တစ်ခု၏ သက်တမ်းက (၃၀)ရက်ဖြစ်ပြီး ဒေတာသယ်ယူနိုင်သောကာလမှာ (၇)ရက် ဖြစ်ပါတယ်။ ဒေတာသယ်ယူနိုင်သောကာလအတွင်း Pack အသစ်ဝယ်ယူပါက ပက်ကေ့ချ်ဒေတာ ပမာဏကို ပေါင်းစည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာကို (၇)ရက် အသုံးပြုနိုင်မှာဖြစ်ပြီး သက်တမ်းနှင့် ဒေတာလက်ကျန်ကိုလည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။

၁၄။ လက်ကျန် Data 50MB ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားပါက ဘယ်လိုဖြစ်သွားမှာလဲ?

လက်ကျန် Data 50MB ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားပါက အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။

၁၅။ ဒေတာသယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ ဒေတာတွေက ဘယ်လို ဖြစ်သွားမှာလဲ?

ဒေတာသယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်)အတွင်းမှာ ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာများကို အသုံးပြုနိုင်မည် မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ်တစ်ခုဝယ်ပါက ယခင်အသုံးပြုရန်ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာပမာဏကို ပေါင်းစည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာသက်တမ်းနှင့် ဒေတာလက်ကျန်ကို လည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။

၁၆။ Auto Renewal Data Carry Plus ပက်ကေ့ချ် များကို ဝယ်ယူပြီး ထိပေါက်အစီအစဉ်တွင် ပါဝင်ကံစမ်း နိုင်ပါသလား?

ရပါတယ်။ အလိုအလျောက်သက်တမ်းတိုး Data Carry ပက်ကေ့ချ်များကို USSD, MPT4U, MPT Pay, CRM channels များမှ ပထမအကြိမ်ဝယ်ယူခြင်း (သို့) အလိုအလျောက်သက်တမ်းတိုးchannel မှတဆင့် ဒုတိယကြိမ်နှင့်အထက် ဝယ်ယူမှုတိုင်းအတွက် ထိပေါက်ကစားဖို့ အခွင့်အရေး (၁)ကြိမ် ရရှိမှာဖြစ်ပါတယ်။ Hti Pauk Chance ဖြင့် MPT4U တွင် ထောဘီထိပေါက်ဂိမ်းကိုဝင်ရောက်ကစား၍ Data ဆုကြီးများကို  ကံစမ်းရယူနိုင်ပါသည်။

၁၇။ Auto Renewal Data Carry Plus ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?

Autorenewal ပက်ကေ့ချ် များကို တခြားသူများသို့ လက်ဆောင်ပေး၍မရပါ

၁၈။ အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?

အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန်မလုံလောက်ပါက Auto renewal service သည် ခေတ္တရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး ဒေတာသယ်ဆောင်နေသောကာလ(၇ရက်)အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်မည်။

၁၉။ ဘယ်အချိန်မှာ Auto Renew Function လုံးဝရပ်တန့်သွားမှာလဲ?

သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီး ဒေတာသယ်ဆောင်နေသောကာလ(၇ရက်အတွင်း) တိုင်အောင် ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက Auto Renew Function ကို ဆက်လက် အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ service ကို ပြန်လည်အသုံးပြုလိုပါက ထပ်မံဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။

၂၀။လက်ကျန် Data 50MBအောက် မရောက်ရှိခင် Autorenewal ပက်ကေ့ချ်ကို Unsubscribe လုပ်မိရင် လက်ကျန်ဒေတာများကို ဆက်လက်သုံးလို့ရမှာလား?

ရပါတယ်။ ပက်ကေ့ချ်သက်တမ်းမကုန်ခင် Auto –renewal ပက်ကေ့ချ်ကို UNSUBSCRIBE (ရပ်တန့်) လိုက်ပါက လက်ကျန် data ကျန်ရှိနေလျှင် ကျန်ရှိနေသော data ကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသည်အထိအသုံးပြုနိုင်ပါသည်။ သို့သော် Unsubscribe ပြုလုပ်သည်နှင့် Auto renewal function ကို အသုံးမပြုနိုင်တော့ပါ။

၂၁။ စာရင်းသွင်းခြင်းကိုဘယ်လိုပယ်ဖျက်လို့ရပါသလဲ?

အသုံးပြုသူများသည် အောက်ဖော်ပြပါ USSD Codes များကိုခေါ်ဆို၍လည်းကောင်း (သို့) MPT4U App မှ တစ်ဆင့် အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်အတွက် စာရင်းသွင်းမှုကိုပယ်ဖျက်နိုင်သည်။

AR PacksCommon USSD for un-subscriptionDirect USSD for un-subscriptionUn-subscription channel
[email protected]*7171#*777*3*4#MPT4U App
[email protected]*777*4*4#
[email protected] 860MB*777*5*4#
[email protected] 1290MB*777*6*4#

၂၂။ USSD မှ ဝယ်ယူသည့်အခါ အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ဖြစ်ကြောင်း ဘယ်လိုသိနိုင်မှာလဲ?

လူကြီးမင်းဝယ်ယူလိုသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ကို အောက်ဖော်ပြပါ USSD code များမှတစ်ဆင့် ရွေးချယ်ဝယ်ယူနိုင်ပါသည်။

Edit
Auto-renew Data Carry Plus [email protected]USSD CodeUSSD Display
*106#ရက် ၃၀ သုံး 470 MB
1.၀ယ်မည် (၉၉၉ကျပ်)
2.လက်ဆောင် (၉၉၉ကျပ်)
3. Auto Renew (၉၇၉ကျပ်)
*777#
*7777#
*106*2#
Edit
Auto-renew Data Carry Plus [email protected]USSD CodeUSSD display
*106#ရက် ၃၀ သုံး 615MB
1.၀ယ်မည် (၁၂၉၉ကျပ်)
2.လက်ဆောင် (၁၂၉၉ကျပ်)
3. Auto Renew (၁၂၇၉ကျပ်)
*777#
*7777#
*106*2#

Data Carry Auto Renewal Packs mm

mpt myanmar

သင်ဟာ မိုဘိုင်းဒေတာအသုံးပြုတစ်ယောက်ဆိုရင် ဒေတာပက်ကေ့ချ်တွေဝယ်သုံးရတဲ့အခါ ဒီလိုအခြေအနေမျိုးတွေ ကြုံဖူးပါလိမ့်မယ်။

  • ကျွန်တော်က ကျွန်တော်နှစ်သက်တဲ့ဒေတာပက်ကေ့ချ်တစ်ခုကိုပဲ ကုန်သွားတိုင်း မကြာခဏပြန်ဝယ်ရလေ့ရှိပါတယ်။
  • ကျွန်မက အရမ်းအလုပ်များတဲ့သူတစ်ယောက်ပါ။ Mobile Data ကိုလည်းအချိန်တိုင်းဖွင့်ထားပြီး အသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့် ဝယ်ထားတဲ့ ဒေတာပက်ကေ့ချ်တွေက မကြာခဏကုန်သွားတတ်တော့ ဒေတာပက်ကေ့ချ်တွေကို တစ်ပတ်/တစ်လအတွင်း ခဏခဏဝယ်သုံးနေရတာ အဆင်မပြေပါဘူး။
  • ကျွန်တော်က မိုဘိုင်းဒေတာကို 24/7 ဖွင့်ထားလေ့ရှိပါတယ်။ ဒေတာပက်ကေ့ချ်က ဒေတာတွေကုန်သွားတဲ့အခါ ကျွန်တော်သတိမထားမိလိုက်ဘဲ သုံးသလောက်ပေးနှုန်းထားနဲ့ ဒေတာတွေခဏခဏသုံးမိနေတတ်ပါတယ်။

တကယ်လို့အပေါ်မှာပြောပြထားတဲ့အခြေအနေတွေထဲက တစ်ခုခုက သင်နဲ့ ကိုက်ညီနေပြီဆိုရင်တော့ MPT မှာအဖြေရှိပါတယ်။

သတ်မှတ်ထားသော Data Carry Plus packages များကို အလိုအလျောက်ဝယ်ယူရန် အဆိုပြုထားပြီး လက်ကျန်ပမာဏ 50 MB အောက်လျော့နည်းသောအချိန်တွင်နောက်တစ်ကြိမ်ထပ်မံရွေးချယ်ဝယ်ယူရန်မလိုအပ်ဘဲ အလိုအလျောက်ဝယ်ယူသက်တမ်းတိုးပေးသွားမည့် ပက်ကေ့ချ်များဖြစ်ပါတယ်။

အလိုအလျောက်သက်တမ်းတိုးနိုင်ခြင်းက သင့်အခက်အခဲများကိုအကောင်းဆုံးဖြေရှင်းပေးပါလိမ့်မယ်။ ဒါတွေအပြင် ထိပေါက်ကံစမ်းခွင့်ရရှိနိုင်ခြင်း၊ သုံးမကုန်တဲ့ဒေတာတွေကို သယ်ယူသွားနိုင်ခြင်းနှင့်  Lucky Data 1000GB အထိကံစမ်းရယူနိုင်ခြင်းတို့ကလည်း အသုံးပြုသူတွေအတွက်အလွန်အဆင်ပြေလွယ်ကူစေမှာပါ။

ထိပေါက်ကံစမ်းခွင့်ကို ပထမအကြိမ်ဝယ်ယူချိန်နှင့်
အလိုအလျောက်သက်တမ်းတိုးတိုင်း ရရှိနိုင်ခြင်း

ပုံမှန် Data Carry Plus ပက်ကေ့ချ်များကဲ့သို့
1000 GB အထိ lucky data များ ကံထူးနိုင်မည့်

ဒေတာလက်ကျန်များကိုလည်း သက်တမ်းကုန်ဆုံးပြီး
(၇)ရက်အတွင်းသယ်ဆောင်သွားနိုင်ဉီးမှာပါ။

‘Data Carry Plus Auto Renewal’ကိုဝယ်ယူပြီးနောက် ဘယ်လိုအကျိုးကျေးဇူးမျိုးတွေရရှိနိုင်မှာပါလဲ?

  • ဝယ်ယူထားတဲ့ဒေတာပက်ကေ့ချ်တွေကို အားလုံးအသုံးပြုပြီးသွားတဲ့အခါ သင်ကြိုက်နှစ်သက်တဲ့ ဒေတာပက်ကေ့ချ်ကို အကြိမ်များစွာရွေးချယ်ဝယ်ယူဖို့အတွက် အလုပ်ရှုပ်စရာမလိုတော့ပါဘူး။
  • Data Carry Plus Auto Renewal’ packကို ဝယ်ယူပြီးတဲ့နောက် သုံးသလောက်ပေးအင်တာနက်နဲ့အသုံးပြုမိလို့ သင့်လက်ကျန်ဖုန်းဘေလ်တွေအမြန်ကုန်သွားမှာကို စိတ်ပူစရာမလိုတော့ပါဘူး။
  • အလုပ်များတဲ့သူတွေအနေနဲ့လည်း 24/7 ဒေတာအမြဲဖွင့်ထားရင်တောင် ဒေတာပက်ကေ့ချ်ခဏခဏပြန်ဝယ်ဖို့မလိုအပ်ဘဲ အလိုအလျောက်သက်တမ်းတိုးပေးသွားမှာဆိုတော့ အရမ်းအဆင်ပြေစေမှာပါ။
operator in myanmar

‘Data Carry Plus Auto Renewal’ Packကို စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင် အောက်ပါနည်းလမ်းအတိုင်းဝယ်ယူနိုင်ပါတယ်။

အောက်မှာဖော်ပြထားတဲ့ပက်ကေ့ချ်တွေထဲက မိမိနှစ်သက်ရာတစ်ခုကိုရွေးချယ်ကာ USSD နံပါတ်ကို ခေါ်ဆို၍ (သို့) MPT4U (သို့) MPT Pay မှတစ်ဆင့် အလွယ်တကူဝယ်ယူနိုင်ပြီး ဒေတာပက်ကေ့ချ်များကို အဆင်ပြေပြေအသုံးပြုနိုင်ပါပြီ။

ဈေးနှုန် (ကုန်သွယ်ခွန်ပါပြီး)
Data ပမာဏအစီအစဉ်ကို ရယူရန်
၉၇၉ ကျပ်470MB*777*3*3#
၁၂၇၉ ကျပ်615 MB*777*4*3#
၁၇၇၉ ကျပ်860 MB*777*5*3#
၂၆၆၉ ကျပ်1290MB*777*6*3#

မှတ်ချက်:Auto Renewal ပက်ကေ့ချ်များကို USSD (သို့) MPT4U (သို့) MPT Pay မှတစ်ဆင့် ဝယ်ယူခြင်းဖြင့် ထိပေါက်ကံစမ်းခွင့်ကို ပထမအကြိမ်ဝယ်ယူခြင်းနှင့် အလိုအလျောက်သက်တမ်းတိုးသည့်အကြိမ်တိုင်းတွင် ရရှိနိုင်ပါသည်။

MPT4U App မှ Data Carry Plus အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ဝယ်ယူအသုံးပြုနည်း

1.MPT4U home page ပေါ် ရှိ “Auto Renewal” icon မှတစ်ဆင့် ဝယ်ယူခြင်း

“Auto Renewal” icon ကိုနှိပ်ပါ။

data carry plus auto renew

Auto renewal packs များကိုတွေ့ရပါမည်။

data carry plus auto renew

ဝန်ဆောင်မှုကိုအတည်ပြုပါ။

data carry plus auto renew

ဝယ်ယူရန်အတည်ပြုပါ။

data carry plus auto renew

ဝယ်ယူမှုအောင်မြင်ပါပြီ။

data carry plus auto renew

***အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို  MPT4U Application တွင် ဝယ်ယူအသုံးပြုရန် iOS Version 1.4.10 နှင့် Android Version 4.4.1 ရှိရန်လိုအပ်ပါသည်။

2.MPT4U မှတစ်ဆင့်ဝန်ဆောင်မှုကိုပယ်ဖျက်နည်း

ဝန်ဆောင်မှုပယ်ဖျက်ရန် My Subscription page သို့သွားပါ။

data carry plus auto renew

ဝန်ဆောင်မှုပယ်ဖျက်ရန်အတည်ပြုပါ။

data carry plus auto renew

ဝန်ဆောင်မှုကို အောင်မြင်စွာပယ်ဖျက်ပြီးကြောင်း တွေ့ရပါမည်။

data carry plus auto renew

Data Carry Plus Auto Renewal ပက်ကေ့ချ်အတွက် ဘာတွေသိဖို့လိုအပ်ပါသလဲ?

၁။ အလိုအလျောက်သက်တမ်းတိုးData Carry Plus Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံး ပက်ကေချ့် သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

Quota အမျိုးအစားတူသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ် ပြီးျား ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏လက်ကျန် ဒေတာပမာဏ 50MB အောက်ရောက်ရှိသွားချိန်တိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

Regular Data Carry Plus ပက်ကေ့ချ် ဝယ်ယူပြီး Auto renewal Data Carry Plus ပက်ကေ့ချ် ထပ်မံ ဝယ်ယူသည်ဖြစ်စေ၊ Auto renewal Data Carry ပက်ကေ့ချ် ဝယ်ယူပြီး Regular Data Carry ပက်ကေ့ချ် ထပ်မံဝယ်ယူသည်ဖြစ်စေ  ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိဝယ်ယူနိုင်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်။ ပက်ကေ့ချ်၏ လက်ကျန် ဒေတာပမာဏ 50MB အောက်ရောက်ရှိသွားချိန်တိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

၂။ ဒေတာသယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ ဒေတာတွေက ဘယ်လို ဖြစ်သွားမှာလဲ?

ဒေတာသယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်)အတွင်းမှာ ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာများကို အသုံးပြုနိုင်မည် မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ်တစ်ခုဝယ်ပါက ယခင်အသုံးပြုရန်ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာပမာဏကို ပေါင်းစည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာသက်တမ်းနှင့် ဒေတာလက်ကျန်ကို လည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။

၃။ ဘယ်အချိန်မှာ Auto Renew Function လုံးဝရပ်တန့်သွားမှာလဲ?

သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီး ဒေတာသယ်ဆောင်နေသောကာလ(၇ရက်အတွင်း) တိုင်အောင် ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက Auto Renew Function ကို ဆက်လက်အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ service ကို ပြန်လည်အသုံးပြုလိုပါက ထပ်မံဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။

၄။ အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?

အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန်မလုံလောက်ပါက Auto renewal service သည် ခေတ္တရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး ဒေတာသယ်ဆောင်နေသောကာလ(၇ရက်)အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်မည်။

၅။ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# ကို ခေါ်ဆိုပြီး ပက်ကေ့ချ်ဒေတာ၊ ကံထူးထားသောဒေတာလက်ကျန်ပမာဏနှင့် သက်တမ်း ကို စစ်ဆေးနိုင်ပါတယ်။

Customer Services

MPT သုံးစွဲသူများအတွက် လိုအပ်သောဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ထောက်ပံ့မှုပေးနိုင်စေရန်အောက်တွင်ဖော်ပြထားသော နည်းလမ်းများအတိုင်း ဆက်သွယ်နိုင်ပါသည်။

Customer Hotline

MPT Stores

မေးလေ့ရှိသောမေးခွန်းများ

၁။ Auto Renewal Data Carry Plus Package ဆိုတာ ဘာလဲ?

Auto Renewal Data Carry Plus ပက်ကေ့ခ်ျဆိုတာ 1000 GB အထိ အပိုလက်ဆောင်ဒေတာများ ကံထူးရယူနိုင်မည့်အပြင် သုံးရန်ကျန်ရှိနေသည့် လက်ကျန်ဒေတာများကို သယ်ဆောင်သွားနိုင်မည့် Carry Over Function ပါဝင်တဲ့ ရက်(၃၀)သုံးပက်ကေ့ချ်များဖြစ်ပါတယ်။ ပက်ကေ့ချ်များကို ဝယ်ယူတိုင်း ထိပေါက်ဂိမ်းမှ ဆုလက်ဆောင်များကံစမ်းရယူနိုင်ဖို့အခွင့်အရေးရရှိမှာဖြစ်ပါသည်။ အလိုအလျောက်သက်တမ်းတိုးစနစ် ပါဝင်သည့် အတွက် ခဏခဏ ပက်ကေ့ချ်ကို ဝယ်ယူနေစရာမလိုဘဲ ပက်ကေ့ချ်၏ လက်ကျန် ဒေတာပမာဏ 50MB အောက် ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။

နှုန်းထား
(ကုန်သွယ်ခွန်ပါပြီး)
ဒေတာပမာဏMain data
သက်တမ်း
Lucky DataLucky data
သက်တမ်း
Direct USSDCommon USSDSubscription ChannelRemark
979 Ks470 MB၃၀ ရက်
[သက်တမ်းကုန်ဆုံးပြီး (၇)ရက်အတွင်း ဒေတာ
သယ်ဆောင်ခွင့်
ရှိသည်
Can win
Up to 1000GB!
၇ ရက်SUB: *777*3*3#
UNSUB: *777*3*4#
777#
(or)
*106#
MPT4U Appပက်ကေ့ချ်၏ လက်ကျန်balance 50MB အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်
1,279 Ks615 MBSUB *777*4*3#
UNSUB: *777*4*4#
1,779 Ks860 MBSUB: *777*5*3# (or)
UNSUB: *777*5*4#
2,669 Ks1290 MBSUB: *777*6*3# (or)
UNSUB: *777*6*4#

၂။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းများမှာ အင်တာနက်ဒေတာအတွက် အခွန် ၁၅%ပါဝင်ပြီးဖြစ်ပါတယ်။

၃။ အလိုအလျောက်သက်တမ်းတိုး Data Carry Plus Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ?

MPT မှ ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော GSM/WCDMA prepaid and postpaid အသုံးပြုသူများ နှင့် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။ CDMA, Base Tariff နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။

၅။ Auto renewal Data Carry Plus ပက်ကေ့ချ် များကို ဝယ်ယူပြီး Lucky Data ပါဝင်ကံစမ်း နိုင်ပါသလား?

ဟုတ်ကဲ့ ရပါတယ်။ မည်သည့် Auto renewal Data Carry Plus ပက်ကေ့ချ်များကိုမဆို ဝယ်ယူပြီး Lucky Data 1000GB အထိ အပိုလက်ဆောင်ဒေတာကို ကံစမ်းရရှိနိုင်ပါတယ်။

၄။ အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်ကို MPT4U ကတဆင့် ဝယ်ယူလို့ရပါသလား။

အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် ကို MPT4U Application တွင်ဝယ်ယူနိုင်ပါသည်။ MPT4U Application အတွင်းရှိ “အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်” page မှတဆင့်ဝယ်ယူနိုင်သလို “ပက်ကေ့ချ်ဝယ်ယူခြင်း” page မှတဆင့် ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်အားရွေးချယ်ဝယ်ယူနိုင်ပါသည်။

၆။ သောကြာနေ့တွင် Auto Renewal Data Carry Plus Pack ဝယ်ယူပါက ဘယ်လိုခံစားခွင့်တွေရှိမှာပါလဲ?

သောကြာနေ့တွင် Auto Renewal Data Carry Plus ဝယ်ယူပါက Happy Friday အပိုဆောင်း ဒေတာ အစား Lucky Data 1000GB အထိ အပိုလက်ဆောင်ဒေတာများ ကံထူး ရရှိမှာဖြစ်ပါတယ်။

၇။ ကံထူးထားတဲ့ဒေတာကို ဘာတွေသုံးလို့ရမှာလဲ?

ကံထူးထားတဲ့ဒေတာကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် (၇) ရက်အတွင်း အသုံးပြုနိုင်ပါသည်။

၈။ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# ကို ခေါ်ဆိုပြီး ပက်ကေ့ချ်ဒေတာ၊ ကံထူးထားသောဒေတာလက်ကျန်ပမာဏနှင့် သက်တမ်း ကို စစ်ဆေးနိုင်ပါတယ်။

၉။ အလိုအလျောက်သက်တမ်းတိုးData Carry Plus Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံး ပက်ကေချ့် သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

ဒေတာပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ် ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏လက်ကျန် ဒေတာပမာဏ 50 MB အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

Regular Data Carry Plus ပက်ကေ့ချ် ဝယ်ယူပြီး Auto renewal Data Carry Plus  ပက်ကေ့ချ်ထပ်မံ ဝယ်ယူသည်ဖြစ်စေ၊ Auto renewal Data Carry Plus  ပက်ကေ့ချ် ဝယ်ယူပြီး Regular Data Carry Plus ပက်ကေ့ချ် ထပ်မံဝယ်ယူသည်ဖြစ်စေ  ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်။ ပက်ကေ့ချ်၏ လက်ကျန် ဒေတာပမာဏ  50MB အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

၁၀။ ၉၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၂၇၉ ကျပ်တန် Regular Data Carry ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ Auto renewal Data Carry Plus ပက်ကေ့ချ်ဝယ်ယူပြီး Regular Data Carry Plus ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိထပ်မံဝယ်ယူနိုင်ပါတယ်။ ဝယ်ယူထားသောဒေတာပမာဏများ ပေါင်းစည်း သွားမည့်အပြင်အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ လက်ကျန် ဒေတာပမာဏ 50MB အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

၁၁။ ၁၂၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၂၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ ဒေတာပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်း ကို အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ လက်ကျန် ဒေတာပမာဏ 50MB အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

၁၂။ ၉၇၉ ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၂၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

မရပါ။ ဒေတာ ပမာဏချင်းမတူသော Auto renewal packs များအကြိမ်အကန့်အသတ်မရှိ ဝယ်ယူခြင်းကို ခွင့်မပြုပါ။ ဒေတာပမာဏ မတူညီသော ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိပက်ကေ့ချ်ကို UNSUBSCRIBE (ပယ်ဖျက်ပေးရန်) လုပ်ပေးရန်လိုအပ်ပါသည်။

၁၃။ အလိုအလျောက်သက်တမ်းတိုး Data Carry Plus Pack ရဲ့ သက်တမ်းက ဘယ်လောက်လဲ?

Package တစ်ခု၏ သက်တမ်းက (၃၀)ရက်ဖြစ်ပြီး ဒေတာသယ်ယူနိုင်သောကာလမှာ (၇)ရက် ဖြစ်ပါတယ်။ ဒေတာသယ်ယူနိုင်သောကာလအတွင်း Pack အသစ်ဝယ်ယူပါက ပက်ကေ့ချ်ဒေတာ ပမာဏကို ပေါင်းစည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာကို (၇)ရက် အသုံးပြုနိုင်မှာဖြစ်ပြီး သက်တမ်းနှင့် ဒေတာလက်ကျန်ကိုလည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။

၁၄။ လက်ကျန် Data 50MB ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားပါက ဘယ်လိုဖြစ်သွားမှာလဲ?

လက်ကျန် Data 50MB ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားပါက အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။

၁၅။ ဒေတာသယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ ဒေတာတွေက ဘယ်လို ဖြစ်သွားမှာလဲ?

ဒေတာသယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်)အတွင်းမှာ ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာများကို အသုံးပြုနိုင်မည် မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ်တစ်ခုဝယ်ပါက ယခင်အသုံးပြုရန်ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာပမာဏကို ပေါင်းစည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာသက်တမ်းနှင့် ဒေတာလက်ကျန်ကို လည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။

၁၆။ Auto Renewal Data Carry Plus ပက်ကေ့ချ် များကို ဝယ်ယူပြီး ထိပေါက်အစီအစဉ်တွင် ပါဝင်ကံစမ်း နိုင်ပါသလား?

ရပါတယ်။ အလိုအလျောက်သက်တမ်းတိုး Data Carry ပက်ကေ့ချ်များကို USSD, MPT4U, MPT Pay, CRM channels များမှ ပထမအကြိမ်ဝယ်ယူခြင်း (သို့) အလိုအလျောက်သက်တမ်းတိုးchannel မှတဆင့် ဒုတိယကြိမ်နှင့်အထက် ဝယ်ယူမှုတိုင်းအတွက် ထိပေါက်ကစားဖို့ အခွင့်အရေး (၁)ကြိမ် ရရှိမှာဖြစ်ပါတယ်။ Hti Pauk Chance ဖြင့် MPT4U တွင် ထောဘီထိပေါက်ဂိမ်းကိုဝင်ရောက်ကစား၍ Data ဆုကြီးများကို  ကံစမ်းရယူနိုင်ပါသည်။

၁၇။ Auto Renewal Data Carry Plus ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?

Autorenewal ပက်ကေ့ချ် များကို တခြားသူများသို့ လက်ဆောင်ပေး၍မရပါ

၁၈။ အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?

အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန်မလုံလောက်ပါက Auto renewal service သည် ခေတ္တရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး ဒေတာသယ်ဆောင်နေသောကာလ(၇ရက်)အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်မည်။

၁၉။ ဘယ်အချိန်မှာ Auto Renew Function လုံးဝရပ်တန့်သွားမှာလဲ?

သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီး ဒေတာသယ်ဆောင်နေသောကာလ(၇ရက်အတွင်း) တိုင်အောင် ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက Auto Renew Function ကို ဆက်လက် အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ service ကို ပြန်လည်အသုံးပြုလိုပါက ထပ်မံဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။

၂၀။လက်ကျန် Data 50MBအောက် မရောက်ရှိခင် Autorenewal ပက်ကေ့ချ်ကို Unsubscribe လုပ်မိရင် လက်ကျန်ဒေတာများကို ဆက်လက်သုံးလို့ရမှာလား?

ရပါတယ်။ ပက်ကေ့ချ်သက်တမ်းမကုန်ခင် Auto –renewal ပက်ကေ့ချ်ကို UNSUBSCRIBE (ရပ်တန့်) လိုက်ပါက လက်ကျန် data ကျန်ရှိနေလျှင် ကျန်ရှိနေသော data ကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသည်အထိအသုံးပြုနိုင်ပါသည်။ သို့သော် Unsubscribe ပြုလုပ်သည်နှင့် Auto renewal function ကို အသုံးမပြုနိုင်တော့ပါ။

၂၁။ စာရင်းသွင်းခြင်းကိုဘယ်လိုပယ်ဖျက်လို့ရပါသလဲ?

အသုံးပြုသူများသည် အောက်ဖော်ပြပါ USSD Codes များကိုခေါ်ဆို၍လည်းကောင်း (သို့) MPT4U App မှ တစ်ဆင့် အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်အတွက် စာရင်းသွင်းမှုကိုပယ်ဖျက်နိုင်သည်။

AR PacksCommon USSD for un-subscriptionDirect USSD for un-subscriptionUn-subscription channel
979K[email protected]*7171#*777*3*4#MPT4U App
[email protected]*777*4*4#
[email protected] 860MB*777*5*4#
[email protected] 1290MB*777*6*4#

၂၂။ USSD မှ ဝယ်ယူသည့်အခါ အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ဖြစ်ကြောင်း ဘယ်လိုသိနိုင်မှာလဲ?

လူကြီးမင်းဝယ်ယူလိုသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ကို အောက်ဖော်ပြပါ USSD code များမှတစ်ဆင့် ရွေးချယ်ဝယ်ယူနိုင်ပါသည်။

Edit
Auto-renew Data Carry Plus [email protected]USSD CodeUSSD Display
*106#ရက် ၃၀ သုံး 470 MB
1.၀ယ်မည် (၉၉၉ကျပ်)
2.လက်ဆောင် (၉၉၉ကျပ်)
3. Auto Renew (၉၇၉ကျပ်)
*777#
*7777#
*106*2#
Edit
Auto-renew Data Carry Plus [email protected]USSD CodeUSSD display
*106#ရက် ၃၀ သုံး 615MB
1.၀ယ်မည် (၁၂၉၉ကျပ်)
2.လက်ဆောင် (၁၂၉၉ကျပ်)
3. Auto Renew (၁၂၇၉ကျပ်)
*777#
*7777#
*106*2#

viu mm

’’ဆက်တိုက်ကြည့်ပြီး ဆုတွေယူ’’

MPT ဖြင့် Viu ကရုပ်ရှင်ဇာတ်ကားတွေကြည့်တဲ့သူတွေအတွက် MPT ဒေတာအပိုဆု 1GB အထိ (Viu သီးသန့်) အပြင် တခြားဆုလက်ဆောင်များ (PenthHouse-3 Drama လက်မှတ်ပါ ပိုစတာ၊ Viu တံဆိပ်ပါ ထီးများ စသည်တို့) ကို ရရှိမည့်အခွင့်အရေး

ပရိုမိုးရှင်းကာလ ၁၁ရက် နို၀င်ဘာလ ၂၀၂၁ မှ ၂၅ရက်  နို၀င်ဘာလ ၂၀၂၁ ထိ

Viu မှာ ရှိတဲ့ ရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းအားလုံးကို MPT နဲ့အတူ အခမဲ့ ကြည့်ရှုနိုင်ပါပြီ

MPT မိုဘိုင်းဒေတာ အသုံးပြုသူတိုင်း ရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းထောင်ပေါင်းများစွာကို Viu မှာ စာရင်းသွင်းခပေးဆာင်ရန်မလိုဘဲ အခမဲ့ ကြည့်ရှုနိုင်ပါပြီ။
Running Man, At Eighteen ကဲ့သို့သော ကိုရီးယားဇာတ်လမ်းတွဲများကို နှစ်သက်ပါသလား။ နောက်ဆုံးထွက်ရှိထားတဲ့အပိုင်းကို မြန်မာ စာတန်းထိုးဖြင့် ကြည့်ရှုလိုက်ပါ။ သို့မဟုတ် မြန်မာ ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ ငယ်ကျွန်၊ လူကြိုက်များတဲ့ မင်္ဂလာရှိတဲ့အရပ် စီးရီး၊ အိန္ဒိယ အက်ရှင်ဇာတ်ကား Super Hit နဲ့ရုပ်သံစီးရီး များကိုလည်း ကြည့်ရှုနိုင်ပါပြီ။ နိုင်ငံ (၆)နိုင်ငံရဲ့ အရမ်းကောင်းတဲ့ ဇာတ်ကားတွေနဲ့ ရုပ်သံစီးရီးတွေကို လူတိုင်းကြည့်ရှုနိုင်ပါပြီ။

Viu Data Pack မှာ ပါဝင်မည့် အစီအစဉ်များ

ထောင်ပေါင်းများစွာသော ဖျော်ဖြေရေး ရုပ်သံဇာတ်လမ်းများ နှင့် TV show များကို ကြည့်ရှုနိုင်ခြင်း
ထိုင်း၊ကိုရီးယား၊ဂျပန်၊အိန္ဒိယ၊ တရုတ်နှင့် မြန်မာ နိင်ငံများမှ အသစ် အသစ်သော
အစီအစဉ်ကောင်းများစွာကို မလွတ်တမ်းကြည့်ရှုနိုင်ခြင်း
ကိုရီးယား နောက်ဆုံးထွက် ရုပ်သံစီးရီးများကို ယင်းနိုင်ငံများမှ ထုတ်လွှင့်ပြီး ၂၄ နာရီအတွင်းမြန်မာစာတမ်းထိုးဖြင့် ကြည့်ရှုနိုင်ခြင်း
မည်သည့် ဇာတ်လမ်းတွဲကို မဆို Download ဆွဲ၍ ကြည့်ရှုနိုင်ခြင်း
Viu မှ ဇာတ်လမ်းများ အားလုံးကို မြန်မာစာတမ်းထိုးဖြင့် ကြည့်ရှုနိုင်ခြင်း
Viu မှာပဲရနိုင်တဲ့ Original shows များကို ကြည့်ရှုနိုင်ခြင်း

Viu တွင် မည်ကဲ့သို့ စတင်ကြည့်နိုင်မလဲ။

အသုံးပြုသူများသည် MPT မိုဘိုင်း ဒေတာအသုံးပြုပြီး Viu app (သို့) www.viu.com သို့ဝင်ရောက်ပြီး နှစ်သက်ရာ ဇာတ်ကားများကို ကြည့်ရှုနိုင်ပါသည်။
Viu app ကို Google Play store (သို့) MPT Lotaya portal မှာ ဒေါင်းလုတ် ရယူနိုင်င်ပါသည်။ စားရင်းသွင်းခ ပေးဆောင်ရန်မလိုပါ။ ဒေတာ အသုံးပြုခကျသင့်မည်ဖြစ်ပြီး ဝယ်ယူထားသော ပက်ကေ့ချ်အလိုက် (သို့) သုံးသလောက်ပေး အင်တာနက်မှ ဖြတ်တောက်သွားမည် ဖြစ်ပါသည်။

မေးလေ့ရှိသော မေးခွန်းများ

၁. Viu ဆိုတာဘာလဲ။

Viu ဆိုတာ ရုပ်ရှင်ဝန်ဆောင်မှုလုပ်ငန်းမှာ ထိပ်တန်းရောက်နေတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပြီးတော့ အာရှနိုင်ငံ ၆နိုင်ငံဖြစ်တဲ့ ကိုရီးယား၊ အိန္ဒိယ၊တရုတ်၊ ထိုင်း၊ ဂျပန်နဲ့ မြန်မာနိုင်ငံအတွင်းက အကောင်းဆုံးဆိုတဲ့ ထောင်နဲ့ချီ ရုပ်ရှင်တွေ၊ တီဗီရှိုးအစီအစဉ်တွေကို မြန်မာစာတန်းထိုးနဲ့ အပြည့်အဝနဲ့ ကြည့်ရှုနိုင်မယ့် ဝန်ဆောင်မှု တစ်ခုဖြစ်ပါတယ်။

၂. Viu အက်ပလီကေးရှင်ကို ဘယ်နေရာကနေ ဒေါင်းလုတ်လုပ်လို့ရမလဲ။

Viu အက်ပလီကေးရှင်းကို Google Play Store ဒါမှမဟုတ် https://www.viu.com/ott/web/mm/viu.apk ကနေ ဒေါင်းလုတ် ပြုလုပ်နိုင်ပါတယ်။

၃. Viu မှာ ဗီဒီယိုတွေကြည့်ဖို့ ပိုက်ဆံပေးရမှာလား။

MPT ရဲ့မိုဘိုင်း ဒေတာ အသုံးပြုနေသ၍ အားလုံးကို စာရင်းသွင်းခ ပေးဆောင်ရန်မလိုဘဲ ကြည့်ရှုနိုင်ပါတယ်။ ဒေတာ အသုံးပြုခကျသင့်မည်ဖြစ်ပြီး ဝယ်ယူထားသော ပက်ကေ့ချ်အလိုက် (သို့) သုံးသလောက်ပေး အင်တာနက်မှ ဖြတ်တောက်သွားမည် ဖြစ်ပါသည်။

၄. ဗီဒီယိုတွေကို အရေအတွက် အကန့်အသတ်နဲ့ ကြည့်ရှုရမှာလား။

ဗီဒီယိုတွေကို ဘယ်နှစ်ကားပဲကြည့်ရမယ်လို့ သတ်မှတ်ထားတာမျိုးမရှိပါဘူး။ MPT ရဲ MPT ရဲ့ မိုဘိုင်း ဒေတာ အသုံးပြုနေသ၍ တိုက်ရိုက် (သို့) app ထဲသို့ဒေါင်းပြီး ကြည့်ရှုနိုင်ပါတယ်။

၅. Viu က ဗီဒီယိုတွေကိုကြည့်ဖို့ အကောင့်ဖွင့်ဖို့လိုအပ်လား။

MPT ကွန်ရက်ကနေ Viu app ထဲကို ဝင်ပြီး ကြိုက်နှစ်သက်ရာ ဗီဒီယိုတွေကို ကြည့်နိုင်ပါပြီ။ အဲ့ဒါကြောင့် အကောင့် ဖွင့်ဖို့လိုမှာမဟုတ်ပါဘူး။

၆. ဝိုင်ဖိုင် နဲ့ရော အခမဲ့ ကြည့်ရှုနိုင်ပါသလား။

မရနိုင်ပါ။ MPT ရဲ့မိုဘိုင်း ဒေတာ နှင့် သာ အခမဲ့ ကြည့်ရှုနိုင်ပါတယ်။

၇. ဒေါင်းလုတ် လုပ်ထားတဲ့ video တွေကို ဘယ်နှစ်ရက် သိမ်းနိုင်ပါသလဲ?

ဒေါင်းလုတ် video တွေကို ၇ ရက် သိမ်းထားနိုင်ပါတယ်။ ၇ ရက်ကျော်သွားသောအခါ သက်တမ်းတိုးရန် နှိပ်ပြီး သက်တမ်းတိုးနိုင်ပါတယ်။

၈. Viu app ကို ဖွင့်သော်လည်း ဇာတ်ကား တွေကို ကြည့်လို့မရဘူး။ ဘယ်လို လုပ်ရမလဲ။

MPT ရဲ့မိုဘိုင်းဒေတာကို ဖွင့်ထားလား သေချာ စစ်ဆေးပေးပါ။ ဖွင့်ထားသော်လည်း ကြည်လို့မရပါက app ကို ပိတ်လိုက်ပါ။ android settings ထဲရှိ cache များကို ရှင်းလင်းပြီး restart ပြုလုပ်ပါ။

၉. Viu အထူးကြည့်ရှုခွင့်ကို ဝယ်ထားပြီးသာ ဆိုရင် ဘယ်လို လုပ်ရမလဲ။

ဝယ်ထားသော ကြည့်ရှုခွင့် ကုန်သည်အထိ ဆက်လက် အသုံးပြုပါ။ ကုန်ဆုံးပြီးနောက် ထပ်မံ ဝယ်ယူရန် မလိုတော့ဘဲ MPT မိုဘိုင်း ဒေတာကို သုံး၍ ကြည့်ရှုနိုင်ပါပြီ။

၁၀. Viu app နှင့် ပတ်သက်ပြီး အခက်အခဲ ရှိပါက ဘယ်လို လုပ်ရမလဲ။

• Data နဲ့ပတ်သက်၍ အဆင်မပြေပါက MPT ရဲ့ ဖုန်းနံပါတ် ၁၀၆ ကိုခေါ်ဆိုမေးမြန်းနိုင်ပါတယ်။
• Viu App နဲ့ပတ်သက်၍ အဆင်မပြေပါက Viu ကိုအောက်ပါအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
o [email protected] ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။
o Viu Myanmar Facebook Page ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။
o ဖုန်းနံပါတ် 09969900000 ကို တနင်္လာမှ သောကြာနေ့အထိ နံနက် (၉) နာရီမှ ညနေ (၆) နာရီ (ရုံးချိန်အတွင်း) ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

MPT သုံးစွဲသူများ နှင့် မိတ်ဖက်လုပ်ငန်းများအနေဖြင့် MPT4U နှင့် MPT Pay အက်ပလီကေးရှင်း များကို အင်တာနက်မလိုအပ်ဘဲ အသုံးပြုနိုင်ပြီ

အမေးများသော မေးခွန်းများ

၁) ဒေတာပမာဏ ဘယ်လောက်ပြန်ပေးမှာလဲ?

MPT သည် မိုဘိုင်း အင်တာနက် ပြတ်တောက်မှု အခြေအနေ ကြောင့် သုံးစွဲသူများအား ပြန်လည် ဖြည့်ဆည်း ပေးသည့် အနေဖြင့် ပြတ်တောက်သည့် ကာလအတွင်း အသုံးပြုရန် ကျန်ရှိနေသော ဒေတာလက်ကျန်များကို ရက် ၃၀ သက်တမ်း (FYI: သက်တမ်း ၃၀ရက်မှ ၇၇ရက်) ဖြင့် ဆက်လက်အသုံးပြုနိုင်စေရန် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

၂) ဘယ်တော့လောက် data ခံစားခွင့်ကို ရရှိမှာပါလဲ?

100MB အထက်ကျန်ရှိနေသော users များသည် ဧပရယ် ၃၀ ရက်နေ့ ၂၀၂၁ မှစ၍ ပြန်လည်အသုံးပြုနိုင်ပါတယ်။ မှတ်ချက်။ ။ 100MB အောက်ကျန်ရှိနေသော users များကို နောက်အပတ်အတွင်းပြန်ပေးမှာ ဖြစ်ပါတယ်။

၃) ဘယ်တော့လောက် ထောဘီ ခံစားခွင့်ကို ရရှိမှာပါလဲ?

မေလ ၆ရက် နေ့ ၂၀၂၁ မှစ၍ ပြန်လည်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေး မှာဖြစ်ပါတယ်။

၄) လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# ကို ခေါ်ဆိုပြီး လက်ကျန်ပမာဏနှင့် သက်တမ်းကို စစ်ဆေးနိုင်ပါတယ်။

၅) ဘယ်ပက်ကေ့ချ်တွေကို refund ပေးမှာလဲ?

မတ်လ ၁၅ရက်နေ့မှ စတင်ပြီး အင်တာနက်ဖြတ်တောက်ထားစဥ် ကာလအတွင်း အသုံးပြုရန် ကျန်ရှိနေသော ဒေတာပက်ကေ့ချ်များ၊ ထောဘီပက်ကေ့ချ်များ ပါဝင်ပါတယ်။ ထိပေါက်ဘောနပ်စ်များ၊ VAS bundle packs များ၊ BTL/Special offer packs များ ပါဝင်ပါတယ်။ (MLBB pack, Free Night Facebook (Data Carry Plus), First Recharge Welcome Bonus) များ မပါဝင်ပါ။

၆) စုံစုံလင်လင်ပက်ကေ့ချ်ဝယ်ယူထားပါတယ်။ အကန့်အသတ်မရှိဒေတာအသုံးပြုမှုများအတွက် ဘာအကျိုးကျေးဇူးရရှိမှာပါလဲ?

စုံစုံလင်လင် အတွက် ခံစားခွင့် နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးက Main data အတွက် refund ဖြစ်ပြီး၊ ဒုတိယတစ်မျိုးက Unlimited benefits အတွက် refund ပေးသွားမှာ ဖြစ်ပါတယ်။ Unlimited benefits(FB, ML, Viber, IG, Joox) အစား စုံစုံလင်လင် Mini users အတွက် Bonus data တစ်ရက်ကို 100MBဖြင့် (ရက်၃၀သက်တမ်း) ၊ စုံစုံလင်လင် original users အတွက် Bonus data 200MBဖြင့် (ရက်၃၀သက်တမ်း) ၊ စုံစုံလင်လင် Maxi users အတွက် Bonus data 400MBဖြင့် (ရက်၃၀သက်တမ်း) များကို ပြန်ပေးမှာ ဖြစ်ပါတယ်။

၇) စုံစုံလင်လင် Mini ပက်ကေ့ချ်ဝယ်ယူထားပါတယ်။ အကန့်အသတ်မရှိဒေတာအတွက် ဘယ်လို refund ပြန်ရမှာလဲ?

SSLL mini users တွေအတွက်အင်တာနက်ပြတ်တောက်နေစဥ်အတွင်း အသုံးပြုရန် ကျန်ရှိနေသော main data + Unlimited benefits အစား တစ်ရက်ကို 100MB စီ ရရှိမှာ ဖြစ်ပါတယ်။ E.g. 200 MB remaining data (30D) + 100 MB per day for 30 days. Remark: 100MB per day for 30 days အတွက် Schedule ကို fixed မလုပ်ထားပါ။

၈) စုံစုံလင်လင် Original ပက်ကေ့ချ်ဝယ်ယူထားပါတယ်။ အကန့်အသတ်မရှိဒေတာအတွက် ဘယ်လို refund ပြန်ရမှာလဲ?

SSLL original users တွေအတွက်အင်တာနက်ပြတ်တောက်နေစဥ်အတွင်း ကျန်ရှိနေသော main data + Unlimited benefits အစား တစ်ရက်ကို 200MB စီ ရရှိမှာ ဖြစ်ပါတယ်။ E.g. 400 MB remaining data (30D) + 200 MB per day for 30 days. Remark: 200MB per day for 30 days အတွက် Schedule ကို fixed မလုပ်ထားပါ။

၉) စုံစုံလင်လင် Maxi ပက်ကေ့ချ်ဝယ်ယူထားပါတယ်။ အကန့်အသတ်မရှိဒေတာအတွက် ဘယ်လို refund ပြန်ရမှာလဲ?

SSLL Maxi users တွေအတွက်အင်တာနက်ပြတ်တောက်နေစဥ်အတွင်း ကျန်ရှိနေသော main data + Unlimited benefits အစား တစ်ရက်အသုံးပြုခွင့်အတွက် 400MB စီ ရရှိမှာ ဖြစ်ပါတယ်။ E.g. 500 MB remaining data (30D) + 400 MB per day for 30 days. Remark: 400MB per day for 30 days အတွက် Schedule ကို fixed မလုပ်ထားပါ။

၁၀) DaVo packs ကိုဝယ်ယူထားပါတယ်။ ဘယ်လို refund ပြန်ရမှာလဲ?

DaVo pack users တွေသည် data refund တမျိုးကို ပဲ ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ Voice refund မရရှိနိုင်ပါ။ e.g. တစ်ရက်အသုံးပြုခွင့် 1GB စီနှင့် ရက်၃၀ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

၁၁) VAS bundle data pack (PUBG/Tay Than Thar/JOOX/Shal Kyi) ကိုဝယ်ယူထားပါတယ်။ ဘယ်လို refund ပြန်ရမှာလဲ?

VAS pack users တွေအတွက်အင်တာနက်ပြတ်တောက်နေစဥ်အတွင်း အသုံးပြုရန် ကျန်ရှိနေသော main data ကို ပြန်လည်ရရှိမှာပါ။ ပက်ကေ့ချ် ဝယ်ယူသည့်အချိန်တွင် code (PUBG game item) or premium access link (JOOX, Tay Than Thar/Shal Kyi)ကို SMS ကနေတစ်ဆင့်ရရှိပြီးဖြစ်၍ ထပ်မံ share မည်မဟုတ်ပါ။

၁၂) Mobile Legend data pack ကိုဝယ်ယူထားပါတယ်။ ဘယ်တော့ refund ပြန်ရမှာလဲ?

Mobile Legend data များသည် Mobile legend အတွက်သာ အသုံးပြုနိုင်သည့်အတွက် internet ပြန်ရသည့်အချိန်တွင် သက်တမ်းကုန်ဆုံးသွားသည် data များကို refund ပြန်ပေးနိုင်ရန် စဥ်းစားပေးမှာ ဖြစ်ပါသည်။

MPT Ring Tune main faqs mm

Caller Ring Back Tone ဝန်ဆောင်မှု

၁။ Ring Tune ဝန်ဆောင်မှု ဆိုတာ ဘာလဲ။

Ring Tune ဝန်ဆောင်မှုဆိုသည်မှာ လူကြီးမင်း၏ ပုံမှန် ဖုန်းမြည်သံအစား လူကြီးမင်း ရွေးချယ်လိုက်သော သီချင်းကို တေးသွား အဖြစ်သို့ အစားထိုးလိုက်သော ဝန်ဆောင်မှု ဖြစ်ပါသည်။လူကြီးမင်းထံသို့ ဖုန်းခေါ်ဆိုသောအခါ လူကြီးမင်းဖုန်းမှ ရွေးချယ်ထားသော တေးသီချင်းများကို ဖုန်း Ring Tuneအဖြစ် ကြားရပါမည် ။ လူကြီးမင်း ကြိုက်နှစ်သက်သော တေးသွားများအား လတ်တလော ရေပန်းအစားဆုံး တေးသီချင်းများစွာ ထဲမှ ရွေးချယ်နိုင်ပါသည်။

၂။ Ring Tune service ကို ဘယ်လို ရယူနိုင်ပါလဲ?

အောက်တွင် ဖော်ပြထားသော အချက်များအတိုင်း လုပ်ဆောင်ပြီး Ring Tune service ကို ရယူနိုင်ပါသည်။
• MPT သို့ 7979 ဟု ဖုန်းခေါ်ဆိုပြီး လမ်းညွှန်ချက်များအတိုင်းလုပ်ဆောင်၍ Ring Tune service ကို ရယူနိုင်ပါသည်။
• SMS ပေးပို့၍ရယူရန် – လစဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG M ၊ အပတ်စဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG W ၊ နေ့စဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG D ဟု SMS ပေးပို့၍ ရယူနိုင်ပါသည် (သို့မဟုတ်) နေ့စဉ်ပေး ဝန်ဆောင်မှု နဲ့ သီချင်း ဝန်ဆောင်မှုအတွက် 7979 သို့ REG S ဟု ပေးပို့နိုင်ပါတယ်။
• လူကြီးမင်း ဝယ်ယူလိုသော သီချင်းကုဒ် နံပါတ်အား buy ဟု SMS ပေးပို့၍ ရယူနိုင်ပါသည်။ Example: buy 0001110010
• *7979# သို့ ဖုန်းခေါ်ဆို၍ ကြိုက်နှစ်သက်သော တေးသီချင်း များအားလည်း ရွေးချယ်နိုင်ပါသည်။

၃။ Ring Tune ဝန်ဆောင်မှု အတွက် မည်သို့ ကျသင့်မည့် နည်း။

• သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်း) ကို တရက်လျှင် ၁၀၀ကျပ် (အခွန်ပါပြီးသား) ကျသင့်ပါမည်။
• လစဉ်ပေး ဝန်ဆောင်မှု အတွက် တစ်လ (ရက် ၃၀)စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၁၀၅၀ ကျပ် ကျသင့်ပါမည်။
• အပတ်စဉ်ပေး ဝန်ဆောင်မှု အတွက် တစ်ပတ် (၇ ရက်)စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၃၀၀ ကျပ် ကျသင့်ပါမည်။
• နေ့စဉ်ပေး ဝန်ဆောင်မှု အတွက် တစ်ရက်စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၄၇ ကျပ် ကျသင့်ပါမည်။
• သီချင်း တစ်ပုဒ်လျှင် ရက်(၃၀)စာ အတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၃၁၅ ကျပ် ကျသင့်ပါမည်။
• နေ့စဉ်ပေး ဝန်ဆောင်မှု အတွက် တစ်ရက်လျှင် ၄၇ ကျပ် ကျသင့်ပြီး သီချင်း တစ်ပုဒ်လျှင် ၁၃ ကျပ် ကျသင့်ပါမည်။

၄။ Ring Tune ဝန်ဆောင်မှုအား သတ်တမ်း တိုးရန် မည်သို့ လုပ်ဆောင်ရမည်နည်း။

ဤဝန်ဆောင်မှုသည် အလိုအလျှောက် သက်တမ်း တိုးပေးသော ဝန်ဆောင်မှု ဖြစ်ပါသည်။ လူကြီးမင်း၏ ဝန်ဆောင်မှု ရက် သက်တမ်းအား အခြေခံ ၍ Ring Tune ဝန်ဆောင်မှု သက်တမ်းနှင့် သီချင်း ဝန်ဆောင်မှု သက်တမ်း ပြည့်လျှင် လူကြီးမင်း၏ ဖုန်းလက်ကျန်ငွေမှ ဝန်ဆောင်မှု အတွက် ကျသင့်ငွေအား နှုတ်ယူပါမည်။

၅။ Ring Tune ဝန်ဆောင်မှုအား မည်သို့ ပယ်ဖျက်ရမည်နည်း။

• 7979 သို့ အခမဲ့ ခေါ်ဆို၍ အကူအညီပေးရန်သို့ သွားရောက်ပြီး ဝန်ဆောင်မှုအား ပယ်ဖျက်ရန်ကို နှိပ်ပါ။ (သို့မဟုတ်)
• 7979 သို့ UNR ဟု SMS ပေးပို့ပါ။ (သို့မဟုတ်)
• MPT4U APP ပေါ်မှ CRBT ပယ်ဖျက်ရန် ကို ရွေးချယ်ပါ။ (သို့မဟုတ်)
• *7979# သို့ဖုန်းခေါ်ဆို၍ ဝန်ဆောင်မှုဖျက်သိမ်းမည်အား ရွေးချယ်ပြီး ပယ်ဖျက်နိုင်ပါသည်။ (သို့မဟုတ်)
• 106 customer care IVR သို့ ဖုန်းခေါ်ဆိုပြီး ဝန်ဆောင်မှုအား ပယ်ဖျက်နိုင်ပါသည်။

၆။ လူတစ်ယောက်ချင်းစီ အတွက် တေးသွား သတ်မှတ်လို့ ရနိုင်ပါသလား။

ဟုတ်ကဲ့ အောက်ပါ ဖော်ပြထားသော အချက်များကို လုပ်ဆောင်၍ လူတစ်ယောက်ချင်းစီ အတွက် သီးသန့် Ring Tune သတ်မှတ်ထားလို့ ရနိုင်ပါသည်။
• 7979 သို့ (အခမဲ့) ဖုန်းခေါ်ဆိုပြီ: လမ်းညွန်ချက်များအတိုင်း လုပ်ဆောင်နိုင်ပါသည်။

၇။ မိမိ ကြိုက်နှစ်သက်သော တေးသီချင်း အား သူငယ်ချင်းထံမှ ကူးယူ လို့ ရနိုင်ပါသလား။

ဟုတ်ကဲ့ အောက်တွင် ဖော်ပြထားသော အချက်အလက်များအား လုပ်ဆောင်၍ လူကြီးမင်း သူငယ်ချင်း၏ MPT ring Tune ဝန်ဆောင်မှုမှ သီချင်းကို လူကြီးမင်း၏ ဖုန်းတေးသီချင်း အဖြစ် ကူးယူနိုင်ပါသည်။
• 7979 သို့ အခမဲ့ ဖုန်းခေါ်ဆို၍ လမ်းညွှန်ချက်များ အတိုင်း လုပ်ဆောင်၍ ရယူနိုင်ပါသည်။ (သို့မဟုတ်)
• *7979# ဟု ရိုက်နှိပ်ပြီး လည်း ဝန်ဆောင်မှုကို ရယူနိုင်ပါသည်
• Ringtune ကို လက်ရှိအသုံးပြုထားသူထံသို့ ဖုန်းခေါ်နေစဥ် နားဆင်ခဲ့သော Ringtune ကို ရယူလိုပါက * ကို နှိပ်ပါ။

၈။ ဝယ်ယူထားသော သီချင်းကို မည်သို့ ပယ်ဖျက်နိုင်ပါ သလဲ။

• 7979 ကို ဖုန်းခေါ်ဆို၍ အကူအညီပေးရန် သို့ သွားရောက်ပြီး ကိုယ်ပိုင်အကောင့်ကို စစ်ဆေးရန် သို့ ဝင်ရောက်၍ သီချင်း ကို ပယ်ဖျက်ရန် ကို ရွေးပါ။ (သို့မဟုတ်)
• Del ဟု ရိုက်နှိပ်၍ 7979 သို့ SMS ပေးပို့ပါ။ Example: Del 0001110010 (သို့မဟုတ်)
• 106 customer care IVR သို့ ဖုန်းခေါ်ဆို ၍ သီချင်းအား ပယ်ဖျက်နိုင်ပါသည်။

၉။ အကယ်၍ ဖုန်းပြောနေစဥ်အတွင်း တခြားတစ်ယောက်မှ မိမိထံ ဖုန်းခေါ်နေသောအခါ မိမိRing Tune ဝန်ဆောင်မှု မည်သို့ လုပ်ဆောင်မည်နည်း။

ဤအခြေအနေတွင် လူကြီးမင်းထံသို့ ဖုန်းခေါ်ဆိုသူမှာ ပုံမှန် ဖုန်းမြည်သံကိုသာ ကြားရမည် ဖြစ်ပါသည်။

၁၀။ သူငယ်ချင်း နဲ့ မိသားစုဝင် များထံသို့ Ring Tune သီချင်း ဝန်ဆောင်မှု လက်ဆောင် ဘယ်လိုပေးမလဲ။

7979 သို့ (အခမဲ့) ဖုန်းခေါ်ဆို၍ လမ်းညွှန်ချက်များ အတိုင်း လုပ်ဆောင်၍ ရယူနိုင်ပါသည်။

၁၁။ Ring Tune ဝန်ဆောင်မှု လက်ဆောင် ပေးရန်အတွက် မည်သို့ ကျသင့်ပါမည်နည်း။

အကယ်၍ လူကြီးမင်းလက်ဆောင် ပေးလိုသောသူမှာ Ring Tune ဝန်ဆောင်မှုအား ရယူထားပြီးသူ ဖြစ်ပါက –
• သီချင်း အတွက် ပထမ တစ်လစာ ဝန်ဆောင်မှု ၃၁၅ ကျပ်အား လူကြီးမင်းထံမှ ကျသင့်ပြီး နောက်လများမှ စ၍ သီချင်းလက်ဆောင် လက်ခံရရှိသောသူထံမှ ပေးဆောင်ရမည် ဖြစ်ပါသည်။
အကယ်၍ သီချင်း လက်ဆောင်ပေးလိုသောသူမှာ Ring Tune ဝန်ဆောင်မှု အား ရယူထားခြင်း မရှိပါက –
• Ring Tune ဝန်ဆောင်မှု ပထမ ရက်(၃၀)စာ အတွက် ၁၀၅၀ကျပ် နှင့် သီချင်းအတွက် ရက် ၃၀ စာ ဝန်ဆောင်ခ ၃၁၅ ကျပ် အား လူကြီးမင်းထံမှ ကျသင့်ပါမည်။ နောက်လများမှ စ၍ Ring Tune ဝန်ဆောင်ခ ၁၀၅၀ ကျပ်နှင့် သီချင်း အတွက် ဝန်ဆောင်ခ ၃၁၅ ကျပ်အား လက်ဆောင်လက်ခံရရှိသူထံမှ ပေးဆောင်ရမည် ဖြစ်ပါသည်။

၁၂။ Name Tune ဝန်ဆောင်မှု ဆိုတာ ဘာလဲ။

Name Tune ဝန်ဆောင်မှု ဆိုသည်မှာ လူကြီးမင်းထံ သို့ ဖုန်းခေါ်သူများကို လူကြီးမင်း၏နာမည်ဖြင့် နှုတ်ဆက်ခြင်း ပုံစံဖြင့် MPT မှ ရရှိနိုင်သော ဝန်ဆောင်မှုဖြစ်ပါသည်။

၁၃။ Name Tune ဝန်ဆောင်မှာ အား မည်သို့ ရယူနိုင်ပါ မည်နည်း။

အောက်တွင် ဖော်ပြ ထားသော နည်းလမ်းများထဲမှ တစ်ခု ကို အသုံးပြု၍ MPT Name Tune ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။
• SMS ပေးပို့ရန် – လစဥ်ပေး ဝန်ဆောင်မှု ရယူရန် REG M ဟု SMS ပေးပို့ခြင်း၊ အပတ်စဥ်ပေး ဝန်ဆောင်မှု ရယူရန် REG W ဟု SMS ပေးပို့ခြင်း၊ နေ့စဥ်ပေး ဝန်ဆောင်မှု ရယူရန် REG D ဟု 7979 သို့ SMS ပေးပို့၍ ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။ (သို့မဟုတ်)
• ပိုမိုသိရှိရန် 106 ကို ဖုန်းခေါ်ဆို၍ Name Tune ဝန်ဆောင်မှုအား ရယူနိုင်ပါသည်။

၁၄။ Name Tune ဝန်ဆောင်မှု အတွက် မည်သို့ကျသင့်ပါမည်နည်း။

• လစဥ်ပေး ဝန်ဆောင်မှု အတွက် တစ်လ ရက်၃၀စာ အတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း)၁၀၅၀ ကျပ် ကျသင့်ပါမည်။
• Name Tune တစ်ပုဒ် အတွက် ရက်၃၀ စာ (အခွန်ပါဝင်ပြီးစျေးနှုန်း )၃၁၅ ကျပ် ကျသင့်ပါမည်။

၁၅။ နေ့စဉ်ပေး ဝန်ဆောင်မှုနှင့် သီချင်းကို ဘယ်လိုရယူနိုင်မှာလဲ။

အောက်တွင် ဖော်ပြထားသော အချက်များအတိုင်း လုပ်ဆောင်ပြီး ဝန်ဆောင်မှုကို ကို ရယူနိုင်ပါသည်။
• IVR: 7979 သို့ ဖုန်းခေါ်ဆိုပါ၊ ထို့နောက်နေ့စဉ်ပေး ဝန်ဆောင်မှုကိုရွေးချယ်ပါ
SMS: 7979 သို့ REG S ဟု စာတိုပေးပို့ပါ
USSD – * 7979 # ကိုခေါ်ဆိုပြီး နေ့စဉ် ပေး ဝန်ဆောင်မှုကို ရွေးချယ်ပါ။

၁၆။ နေ့စဉ်ပေး ဝန်ဆောင်မှုနဲ့ သီချင်းဝန်ဆောင်မှု ကို ရယူပြီးနောက် သီချင်းအသစ် ကို ထပ်မံရယူပါက သီချင်းဝန်ဆောင်ခ ဘယ်လောက် ကျသင့်မှာလဲ။

• သီချင်း အသစ် တစ်ပုဒ် ရယူတိုင်း သီချင်းဝန်ဆောင်ခ တစ်ရက်အတွက် ၁၃ ကျပ်ကျသင့်မှာဖြစ်ပါတယ်။
• IVR၊ SMS၊ USSD၊ ၁၀၆ များမှ သီချင်းများကို ရယူနိုင်ပြီး သီချင်းဝန်ဆောင်ခ တစ်ရက်အတွက် ၁၃ ကျပ်ကျသင့်မှာဖြစ်ပါတယ်။

MPT Club Products FAQs MM

MPT Club

1. MPT Club အစီအစဉ်မှာ ဘယ်လို ပါဝင်ရမှာပါလဲ။

အောက်ဖော်ပြပါနည်းလမ်းများအနက်မှ ကြိုက်နှစ်သက်ရာ တစ်မျိုးကိုသုံး၍ တစ်ကြိမ်လျှောက်ထားရုံဖြင့် MPT Club အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

(၁)       USSD ကို အသုံးပြုခြင်းနည်းလမ်း – *345# ကို ရိုက်နှိပ်ခေါ်ဆိုခြင်း။

(၂)        SMS ကို အသုံးပြုခြင်းနည်းလမ်း – 345သို့ REG M/F ဟု စာတို(SMS)ပေးပို့ခြင်း။

2. MPT Club အစီအစဉ်မှာ ဘယ်သူတွေပါဝင်နိုင်ပါသလဲ။

MPT SIM Card အသုံးပြုနေသူ (active customer) များအားလုံး MPT Club အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။ ( GSM/WCDMA/CDMA ဖုန်းများ၏ Prepaid စနစ်(သို့) Postpaid စနစ်အသုံးပြုနေသူများအားလုံး)

3. MPT Club အစီအစဉ်တွင် ပါဝင်ရန် အခကြေးငွေ ပေးရန်လိုအပ်ပါသလား(သို့) MPT Club အစီအစဉ်တွင် ပါဝင်ခြင်းကြောင့် ကုန်ကျစားရိတ် တစ်စုံတစ်ရာရှိမှာပါလား။

အခကြေးငွေပေးဆောင်ရန် လုံးဝမလိုအပ်ပါ။ အပိုဆောင်းကုန်ကျစားရိတ်လည်း ရှိမည်မဟုတ်ပါ။

4. MPT Club အစီအစဉ်ကို အသုံးပြုပါက လက်ရှိကျသင့်နေသော အသုံးပြုခနှုန်းထားများ (ဖုန်းခေါ်ဆိုခ နှုန်းထား၊ အင်တာနက်အသုံးပြုခနှုန်းထား၊ SMS ပေးပို့ခများ) ပြောင်းလဲသွားမှာပါလား။ Voice Package၊ Data Package တွေရော ဘာတွေပြောင်းလဲသွားမှာလဲ။

ပြောင်းလဲမှုမရှိပါ။ လက်ရှိ အသုံးပြုနေသော နှုန်းထားများအတိုင်းဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပြီး MPT Point များကို ထပ်ဆောင်းလက်ဆောင်အဖြစ် ရရှိမည်ဖြစ်ပါသည်။

5. MPT၏ မိတ်ဖက်(partner) ဆိုင်တွေက ဘယ်သူတွေပါလဲ။

အချိန်နှင့်တပြေးညီ ပြောင်းလဲမှုရှိနိုင်ပါသည် )။ https://www.mpt.com.mm/en/mpt-club-en/   တွင် ကြည့်ရှူနိုင်ပါသည်။

6. MPT၏ မိတ်ဖက်(partner) ဆိုင်တွေက ရရှိထားတဲ့ MPT Point တွေကိုရော MPT ဝန်ဆောင်မှုတွေနဲ့လဲလှယ်နိုင်ပါသလား။ အပြန်အလှန်အားဖြင့် MPTက ရရှိထားတဲ့ MPT Point တွေကိုရော MPTမိတ်ဖက်(partner) ဆိုင်တွေမှာ လဲလှယ်နိုင်ပါသလား။

လွတ်လပ်စွာလဲလှယ်နိုင်ပါသည်။ မည်သည့်နေရာမှမဆို ရရှိထားသော MPT Point များကို MPT ဝန်ဆောင်မှုအတွက်ဖြစ်စေ၊ မည်သည့် MPTမိတ်ဖက်(partner) ဆိုင်တွင်ဖြစ်စေ လဲလှယ်အသုံးပြုနိုင်ပါသည်။

7. မိမိမှာ ယနေ့ ဖုန်းအသုံးပြုသော ငွေ ပမာဏ ရှိသော် လည်း အဘယ်ကြောင့် Point များကို နောက်နေ့ တွင် လက်ခံ မရရှိ သနည်း။

ဖုန်းအသုံးပြု သောငွေပမာဏ အပေါ် Point များကို တွက်ချက် ထားပြီး 1 Point သို့ ရောက်ရှိ သည်မှ စ၍ Point ရရှိကြောင်း စာတို ရရှိ သွားမည် ဖြစ်သည်။

8. တစ်ရက်အတွင်းမှာ ဝန်ဆောင်မှုတွေ အများကြီး လဲလှယ်ရယူနိုင်ပါသလား။

လူကြီးမင်း၏ MPT Point များကို သုံးပြီး အကြိမ်အရေအတွက် အကန့်အသတ်မရှိ လဲလှယ်ရယူနိုင်ပါသည်။

9. သတ်မှတ်ထားတဲ့ USSD Code ကို ရိုက်နှိပ်ပြီး MPT Point ကို MPT ဝန်ဆောင်မှုနဲ့ လဲလှယ်ပါတယ်။ ဒါပေမယ့် လဲလှယ်လို့မရပါဘူး။ ဘာဖြစ်လို့ပါလဲ။

(၁)         မိမိလဲလှယ်လိုသည့် MPT ဝန်ဆောင်မှုအတွက် လုံလောက်သော MPT Point မရှိပါက လဲလှယ်နိုင်မည်မဟုတ်ပါ။

(၂)          လူကြီးမင်း၏ ဖုန်းနံပါတ်သည် one-way blocked (သို့)two-way blocked ဖြစ်နေပါက လဲလှယ်နိုင်မည်မဟုတ်ပါ။

(၃)         ဖုန်းငွေဖြည့်ကာ ဖုန်းနံပါတ်ကို Active အဆင့်ရောက်အောင်ပြုလုပ်ခြင်း ပြီးမှ ပြန်လည်လဲလှယ်ပါ။

10. MPT Club member program ဆိုတာ ဘာလဲ။

MPT Club member program ဆိုတာ မူလ MPT Club ခံစားခွင့် များ ကို ထပ်မံ တိုးမြင့် ပြောင်းလဲပေးလိုက်ခြင်းဖြစ်သည်။

11. မိမိ ရောက်ရှိနေသော အခြေအနေ ရှိ ခံစားခွင့် ကိုမည်မျှ ကြာခံစား နိုင်သနည်း။

မိမိ ရောက်ရှိနေသော level ကို ရောက်ရှိသော လ မှ နောက် ၃ လ အထိ ခံစားနိုင် ခွင့်ရှိမည်ဖြစ်သည်။

12. နောက် member Level တက်ရန် မည်မျှ စောင့်ရမည်နည်း။

သတ်မှတ် ထား သော Member Level တခု ခြင်းစီ၏ ငွေပမာဏ ပေါ် ပြည့်မှီ ခဲ့ပါက နောက် လတွင် member level  တိုးမြင့်ပြောင်းလဲ သွားမည် ဖြစ်သည်။

13. လက်ရှိ Member Level ၏ အသုံးစရိတ် ကို ထိန်းသိမ်း ထားနိုင်ခြင်း မရှိပါက ခံစားခွင့်များ မည်သို့ ပြောင်းလဲသွားမည်နည်း။

လက်ရှိ Member Level ၏ အသုံးစရိတ် ကို ထိန်းသိမ်း ထားနိုင်ခြင်း မရှိ ခဲ့ပါသော်လည်း  လက်ရှိ Member Level  ၏အကျိုး ခံစားမှူကို နောက် ၃ လ ကြာမြင့် သည်အထိ ခံစားခွင့် ရှိသည်။

14. Diamond, Platinum, Member ဆိုတာ ဘာလဲ။

Diamond, Platinum, Member ဆိုတာ အဖွဲ့ ဝင်များ မိမိရောက်ရှိနေသော အခြေအနေများကို ဖော်ပြထားခြင်းဖြစ်သည်။မိမိရောက်ရှိနေသော အခြေအနေ အလိုက် အခွင့် အရေးများကိုခံစားနိုင်သည်။

15. အဖွဲ့ ဝင် ၏ သက်တမ်းကာလမှာ မည်မျှနည်း။

အဖွဲ့ဝင်၏ သက်တမ်းကာလမှာ ၃လဖြစ်ပါတယ်။ အဖွဲ့ဝင် များ၏ Member Level ပြောင်းလဲ မှုရှိ ပါက သုံးသပ် ချက်များကို လတစ်လ ၏ ၁ ရက်နေ့ တွင် အသိပေးစာတို ရရှိမည် ဖြစ်သည်။

16. Membership level များကို မည်သို့ ပိုင်းခြား ထားသနည်း။

Membership level ပိုင်းခြားမှုများကို အောက်ဖော်ပြပါ အတိုင်း သိရှိနိုင် ပါသည်။

Membership level ပိုင်းခြားမှုများကို အသုံးပြု သူ၏ ၃လ ပျမ်းမျှ အသုံးစရိတ် ကို အခြေခံ ၍ level များကို သတ်မှတ် ထားခြင်း ဖြစ်ပါသည်။

Member – <=9,999MMK

Platinum – 10,000 MMK to 29,999 MMK

Diamond – >=30,000 MMK

17. Point များကို ရရှိကြောင်း မည်သို့သိရှိမည်နည်း။

ယနေ့အသုံးပြုလိုက်သော ဖုန်းငွေ ပမာဏ အပေါ် မူတည် ၍ နောက်တနေ့ တွင် မနက် ၉နာရီ မှ ညနေ့ ၃ နာရီ နောက်ဆုံး ထား၍ Point များကို ပေးပို့သွားမည် ဖြစ်သည်။ Point မည်မျှရရှိ ကြောင်းကိုစာတို လက်ခံရရှိမည် ဖြစ်သည်။

18. Point များကို မည်သို့ အချိန်အတိုင်းအတာ ဖြင့် တွက်ချက် သနည်း။

တနေ့အသုံးစရိတ် ၂၄ နာရီ ဖြင့် တွက်ချက်သည်။ ည ၁၂ နာရီ အထိ အသုံးစရိတ်များ ပါဝင်သည်။

19. အဘယ်ကြောင့် MPT Club ကို ဖုန်းဘေဖြည့် ရာမှ ပွိုင့် ရရှိနေမှု ကို usage သို့ ဖုန်းဘေ အသုံးပြုမှု အပေါ် ပြောင်းလဲလိုက် သနည်း။

MPT Club customer များကို ဖုန်းဘေ အသုံးပြု လိုက်တိုင်း ပိုမို ကောင်းမွန်သော ဝန်ဆောင် များကို ပေးလိုသောကြောင့် ဖြစ်သည်။

20. Welcome Point Bonus ကို ဘယ်အချိန်ရမှာလဲ။

Welcome Point Bonus  50 points ကို ငွေဖြည့်စရာမလိုပဲ MPT Club ကို register ပြီးပြီးချင်း       စတင်ရရှိမည်ဖြစ်သည်။သို့သော် ပထမ ဆုံး  အ ကြိမ် အဖွဲ့ ၀င် သူများသာ Welcome Point Bonus  50 points ကို ငွေဖြည့်စရာမလိုပဲ ရရှိမည် ဖြစ်သည်။

21. Post Paid ကို အသုံးပြုသူတွေကရော MPT pointsဘယ်လိုရနိုင်လဲ။

ကျသင့်တဲ့ bill ကိုပေးဆောင်ပီးမှသာရနိုင်ပါသည်။

22. MPT Club ကို Unregister ပြုလုပ်ပါက Point လက်ကျန်များ ပျက်သွားမှာပါလား။

MPT Club  ကို  Unregister ပြုလုပ်ပါက Point လက်ကျန် များ ပြန်လည် ရရှိမည် မဟုတ်ပါ။

23. MPT Club Hti Pauk game ဆော့ ပြီး point ကို မည်သည့် အချိန် တွင် ရရှိမည်နည်း။

ချက်ချင်း လက်ခံရရှိ မည် ဖြစ်သည်။

24. MPT Club member များအတွက် ထိပေါက် game ၏ ပေါက်မဲ များမှာ မည်သည့် ပေါက်မဲ များဖြစ်သနည်း။

ပေါက်မဲ များမှာ Point များ ဖြစ်ပါသည်။ ဗလာမပါ။

1 Point

2 Points

5 Points

10 Points

50 Points

100 Points တို့ ဖြစ်သည်။