MPT Myanmar | Moving Myanmar ForwardValue Added Services MM - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

Value Added Services

Voice Mail, Missed Call Alert, Call Forward, Call Waiting ၀န်ဆောင်မှုများမှာ အခမဲ့ဖြစ်ပါသလား။

Voice Mail, Missed Call Alert, Call Forward, Call Waiting ၀န်ဆောင်မှုများကို MPT ရဲ့ GSM နှင့် WCDMA သုံးစွဲသူများအားလုံး အခမဲ့ရယူအသုံးပြုနိုင်ပါသည်။

ဘယ်ကုမ္ပဏီတွေက ၀န်ဆောင်မှုပေးတာလဲ။

MPT မိုဘိုင်းဖုန်းအသုံးပြုသူတွေဟာ အောက်ဖော်ပြပါ ကုမ္ပဏီများမှတစ်ဆင့် ၀န်ဆောင်မှု ရယူ နိုင်ပါတယ်။

ProviderSMS Short Code
eTrade Myanmar Co.,Ltd 8205
Golden TMH Telecom Co., Ltd 8302
King Royal Technologies Co., Ltd8503
Blue Ocean Operating Management Co/. Ltd8602
Contents Hub Services Co., Ltd8411

သက်ဆိုင်သော ထပ်ဆောင်းဝန်ဆောင်မှုများကို MPTနှင့်ချိတ်ဆက်ပြီး ၀န်ဆောင်မှုပေးသော ကုမ္ပဏီများမှ တာဝန်ယူမည်ဖြစ်ပါသည်။

ယခုမိတ်ဆက်သော ထပ်ဆောင်းဝန်ဆောင်မှုအမျိုးအစားများကို ရယူရန် အရေအတွက် ကန့်သတ်ချက်များ ရှိပါသလား။

မရှိပါ။ သင်ကြိုက်နှစ်သက်သလောက် ထပ်ဆောင်းဝန်ဆောင်မှုအမျိုးမျိုးကို ရယူနိုင်ပါတယ်။

ယခုမိတ်ဆက်သော ထပ်ဆောင်းဝန်ဆောင်မှုအမျိုးအစားများက ကြိုတင်ငွေဖြည့်မှုအသုံးပြုသော Prepaid အသုံးပြူသူများအတွက်သာ ဟုတ်ပါသလား။

ယခုမိတ်ဆက်သော ထပ်ဆောင်းဝန်ဆောင်မှုကို Prepaid နှင့် Postpaid သုံးစွဲသူ နှစ်ရပ်လုံး အသုံးပြုနိုင်ပါတယ်။

၀န်ဆောင်မှုရယူထားသော သတင်းအချက်အလက်များကို ဘယ်နှစ်ကြိမ်ရမှာလဲ။

ရယူထားသောဝန်ဆောင်မှုအမျိုးအစားပေါ်မူတည်ပြီး သတင်းအချက်အလက်ရရှိမှု အကြိမ်အရေအတွက်လဲ ကွဲပြားမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များသိရှိရန် ၀န်ဆောင်မှုပေးသော ကုမ္ပဏီများ၏ website ကိုလေ့လာပါ။
၀န်ဆောင်မှုများနှင့်ပတ်သက်ပြီးအသေးစိတ်အချက်အလက်များကို Call Cennter (106) သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ထပ်ဆောင်းဝန်ဆောင်မှုများအားလုံးကို MPT မိုဘိုင်းဖုန်းတိုင်း အသုံးပြုနိုင်ပါသလား။

ထပ်ဆောင်းဝန်ဆောင်မှုများအားလုံးကို အောက်ပါအတိုင်း အသုံးပြုနိုင်ပါသည်။

ဖုန်းအမျိုးအစားသုံးစွဲနိုင်သည့်ဝန်ဆောင်မှုများ
GSMCall Waiting, Call Forwarding, Voice Mail, Missed Call Alert, CRBT, SMS
WCDMACall Waiting, Call Forwarding, Voice Mail, Missed Call Alert, CRBT, SMS
CDMA 800Call Waiting, Fax, CRBT, SMS

ဘယ်လိုဝန်ဆောင်မှုတွေကို ဘယ်လိုနည်းနဲ့ရယူနိုင်ပါသလဲ။

ကျေးဇူးပြုပြီး ၀န်ဆောင်မှုပေးသော ကုမ္ပဏီများရဲ့ website တွေမှာ ထပ်ဆောင်းဝန်ဆောင်မှုနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ရယူပါ။
http://www.shwemyanmar.com.mm/

http://www.blueplanet.com.mm

http://www.contentshub.com

http://www.clickhere.com.mm/

http://zapp.com.mm/web/

ယခုမိတ်ဆက်သော ထပ်ဆောင်းဝန်ဆောင်မှုများရယူရန် ၀န်ဆောင်မှုပေးသော ကုမ္ပဏီတိုင်းမှ ရယူနိုင်ပါသလား (သို့) ကုမ္ပဏီတစ်ခုထဲဆီမှ ရယူရမလား။

ယခုမိတ်ဆက်သော ထပ်ဆောင်းဝန်ဆောင်မှုအမျိုးအစားများကို MPTနှင့်ချိတ်ဆက်ပြီး ၀န်ဆောင်မှုပေးသော ကုမ္ပဏီ တိုင်းမှ ရယူနိုင်ပါတယ်။

ရယူထားသော ၀န်ဆောင်မှုအလိုလျောက် ပြန်လည်လျှောက်ထားရယူနိုင်ပါသလား။ အကယ်၍များ ကျွန်ုပ်မှာ လက်ကျန်ငွေလုံလောက်မှုမရှိလျှင် ဘယ်လိုဖြစ်မလဲ။

ရယူနိုင်ပါတယ်။ သင်ရယူထားသော ၀န်ဆောင်မှုကို ၀န်ဆောင်မှုပေးသော ကုမ္ပဏီပေါ်မူတည်ပြီး အလိုလျောက်ပြန်လည်လျှောက်ထားရယူနိုင်ပါတယ်။ အသေးစိတ်အချက်လက်များကို ၀န်ဆောင်မှုပေးသော သက်ဆိုင်ရာ ကုမ္ပဏီများ၏ website တွင်လေ့လာကြည့်ရှုပါ။