Blacklist and Stop feature faqs mm

Blacklist and Stop feature

1. ထပ်ဆောင်းဝန်ဆောင်မှုကိုပယ်ဖျက်ခြင်း ဆိုတာဘာလဲ?

1414 အောက်ပါအချက်များကို ပေးပို့ပြီး အောက်ဖော်ပြပါလုပ်ဆောင်မှုများကိုပြုလုပ်နိုင်သည်။

  • “ Stop” ” ဟု စာတို ပေးပို့ခြင်းဖြင့် ထပ်ဆောင်း ဝန်ဆောင်မှုများကို စစ်ဆေး၊ ပယ်ဖျက်နိုင်ပါသည်။
  • “ Blacklist / BL” ဟု စာတိုပေးပို့ခြင်းဖြင့် ထပ်ဆောင်းဝန်ဆောင်မှုအားလုံးကို Blacklist ပြုလုပ်နိုင်ပါသည်။

2. ထပ်ဆောင်းဝန်ဆောင်မှုအားလုံးကို တစ်ချိန်ထဲတွင် ပယ်ဖျက်လို့ရနိုင်ပါသလား?

ထပ်ဆောင်းဝန်ဆောင်မှုအားလုံးကို တစ်ချိန်ထဲတွင် ပယ်ဖျက်လို့ရနိုင်ပါသည်။

1> 1414 သို့ “ Stop” ဟုစာတို ပေးပို့ပါ။

2> ထို့နောက် သင်ရယူထားသော  ထပ်ဆောင်းဝန်ဆောင်မှုများကို ဖော်ပြထားသည့်စာရင်း မှ သင် ပယ်ဖျက်လိုသော ဝန်ဆောင်မှုအား ရွေးချယ်ပယ်ဖျက်နိုင်ပါသည်။

3. ထပ်ဆောင်းဝန်ဆောင်မှုများကို Blacklist ပြုလုပ်လို့ရပါသလား?

ဟုတ်ကဲ့။ သင် အနေဖြင့်ထပ်ဆောင်းဝန်ဆောင်မှုများအားလုံးကို blacklist ပြုလုပ်နိုင်ပါသည်။

1414 သို့ “ BL” ဟု ပေးပို့ပြီးတာနဲ့ သင်လက်ရှိ ရယူထားသော ဝန်ဆောင်မှုများနှင့် MPT ring tune မှလွဲ၍ တခြား ထပ်ဆောင်းဝန်ဆောင်မှုအသစ်များ အားလုံးကို ရယူအသုံးပြုနိုင်တော့မည်မဟုတ်ပါ။

4. ထပ်ဆောင်းဝန်ဆောင်မှုများကို SMS မှတဆင့် Blacklist ပြုလုပ်ပါက လက်ရှိရယူထားသော ဝန်ဆောင်မှုများ အားလုံးပါ ပယ်ဖျက်သွားမည်လား?

Blacklist ပြုလုပ်ပါက လက်ရှိရယူထားသော ဝန်ဆောင်မှုများအားလုံး မပယ်ဖျက်သွားနိုင်ပါ။ လက်ရှိရယူထား သော ဝန်ဆောင်မှုများကို ပယ်ဖျက်လိုပါက unsubscribe လုပ်ရန်လိုအပ်ပါသည်။

5. ဖုန်းနံပါတ်က Blacklist ထဲရှိနေပါက တခြားဝန်ဆောင်မှုများကို ဘယ်လိုရယူနိုင်မလဲ?

၁၀၆ သို့ခေါ်ဆို မေးမြန်း၍ အခြား ဝန်ဆောင်မှု အသစ်ကို ရယူနိုင်ပါသည်။

6.ထပ်ဆောင်းဝန်ဆောင်မှုများကို Blacklist ပြုလုပ်ပါက လက်ရှိရယူထားသော ဝန်ဆောင်မှုများအားလုံးကို ဆက်လက်အသုံးပြုရနိုင်မည်လား။?

ထပ်ဆောင်းဝန်ဆောင်မှုများကို  blacklist ပြုလုပ်ပါက လက်ရှိရယူထားသော ဝန်ဆောင်မှုများအားလုံးကို ဆက်လက်အသုံးပြုနိုင်ပါသည်။

Poh B mm

VAS > BALANCE

Poh B

1. “ပို့ဘီ” ဝန်ဆောင်မှုဆိုတာဘာပါလဲ။

“ပို့ဘီ” သည် MPT သုံးစွဲသူအချင်းချင်း MPT ဝန်ဆောင်မှု(Package)များကို လက်ဆောင်ပေးနိုင်သည့် အခမဲ့ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ MPT သုံးစွဲသူများသည် “ပို့ဘီ” ဝန်ဆောင်မှုကိုသုံးပြီး Data Carry Plus  Pack၊ ပြောပီးရင်းပြော Voice Pack၊ ထောဘီ တို့ကို အခြားMPTဖုန်းများသို့ လက်ဆောင်ပေးပို့နိုင်မည်ဖြစ်ပါသည်။

သုံးစွဲသူများသည် ပုံမှန်အတိုင်း USSD Code များကို ရိုက်နှိပ်ကာ မိမိနှစ်သက်ရာ Package ကိုရွေးပြီး “လက်ဆောင်ပေးမည်” နေရာကိုရွေးချယ်ကာ မိမိပေးပို့လိုသည့် ဖုန်းနံပါတ်ကိုဖြည့်သွင်းလိုက်ရုံဖြင့်လွယ်ကူစွာ လက်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။

MPT 4U App ကို အသုံးပြုပြီးလည်း MPT ဝန်ဆောင်မှု (Package)များကို လက်ဆောင်ပေးပို့နိုင်မည်ဖြစ်ပါ သည်။

လက်ဆောင်ပေးပို့နိုင်မည့်အကြိမ်အရေအတွက် နှင့် လက်ဆောင်လက်ခံနိုင်မည့် အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိပါ။

လက်ခံရရှိသူသည် မိမိလက်ခံရရှိသော Package ကို ယင်းPackage ၏ လက်ရှိစည်းမျဉ်းစည်းကမ်းများအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

MPT ဝန်ဆောင်မှု (Package) USSD အခြား
 Data Carry Plus Pack *777#  

MPT4U

A Kyite Pyaw+ Voice Pack *600#
ထောဘီ *500#

2. "ပို့ဘီ"ဝန်ဆောင်မှုကိုသုံးတဲ့အခါဝန်ဆောင်ခပေးရန်လိုပါသလား။

ဝန်ဆောင်ခပေးရန်မလိုပါ။

သင်သည် “ပေးပို့သူ” ဖြစ်ပါက သင်ပေးပို့မည့်Package၏ ဈေးနှုန်းအတိုင်း ကျသင့်ငွေကိုသာ သင်၏ လက်ကျန်ငွေအတွင်းမှ ဖြတ်တောက်သွားပါမည်။ ပေးပို့မှုအောင်မြင်ကြောင်း SMS ပေးပို့အသိပေးပါမည်။

သင်သည် “လက်ခံရရှိသူ” ဖြစ်ပါက သင့်အားပေးပို့လိုက်သော Package ကိုအလိုအလျောက်လက်ခံ ရရှိပါမည်။ လက်ခံရရှိကြောင်း SMS ပေးပို့အသိပေးပါမည်။ သင်၏ package ကို *224# သို့ ခေါ်ဆိုစစ်ဆေးနိုင်ပါသည်။

3. ကျွန်တော့်မှာ လက်ကျန် Data Carry Plus Pack ရှိနေပါတယ်။ သူငယ်ချင်းဆီကနေ Data Carry Plus Pack အသစ်တစ်ခုကို လက်ခံရရှိပါတယ်။ ဒါဆိုဘယ်လိုဖြစ်မှာပါလဲ?

လက်ကျန်နှင့် အသစ်ရရှိသော ဒေတာပမာဏများပေါင်းသွားမည်ဖြစ်ပြီး Data Cary Plus Package၏ လက်ရှိစည်းမျဉ်းစည်းကမ်းများအတိုင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

A Kyite Pyaw+ Voice Pack နှင့် Htaw B  တို့သည်လည်း လက်ခံရရှိသူတွင် ရှိနေသည့် အမျိုးအစားတူ Package များနှင့် ပေါင်းသွားမည်ဖြစ်ပါသည်။

Conference Call FAQs MM

Conference Call ဝန်ဆောင်မှု

၁။ Conference Call ဆိုတာဘာလဲ။

Conference Call ဆိုတာ ဖုန်းခေါ်ဆိုမှုတစ်ကြိမ်အတွင်း (initiator အပါအဝင်) ဖုန်းနံပါတ် ခြောက်ခုအထိ တပြိုင်တည်းဖုန်ခေါ်ပြီး ပြောဆိုဆွေးနွေးနိုင်အောင် အထောက်အပံ့ပေးထားတဲ့ ၀န်ဆောင်မှုတစ်ခုပါ။အမ်ပီတီရဲ့ Conference Call ၀န်ဆောင်မှုကို အသုံးပြုပြီး ဖုန်းခေါ်ဆိုမှု တစ်ကြိမ်အတွင်းမှာ ဖုန်းနံပါတ် အများကြီးကိုခေါ်ပြီး ပြောဆိုဆွေးနွေးနိုင်ပါပြီ။

၃။ ရယူထားတဲ့ Conference Call ၀န်ဆောင်မှုကို ပြန်ပြီးပယ်ဖျက်လို့ ရပါသလား။

၁၃၃၁ ကို CC OFF လို့ မက်ဆေ့ချ်ပို့ပြီး ရယူထားတဲ့ ၀န်ဆောင်မှုကို ပြန်ပယ်ဖျက်နိုင်ပါတယ်။ ဒါမှမဟုတ် USSD Menu ကနေ ၀န်ဆောင်မှုကို အောက်ပါအတိုင်း ပယ်ဖျက်နို်င်ပါတယ်။
*106# >> 6. VAS >> 2. Call Services >> 6. Conf-Call >> 2. Unsubscribe

၅။ Conference Call ၀န်ဆောင်မှုမှာ ဖုန်းနံပါတ် ဘယ်နှစ်ခုအထိနဲ့ တပြိုင်တည်း ဖုန်းဆက် ပြောဆိုဆွေးနွေးနိုင်ပါသလဲ။

ဖုန်းနံပါတ် ၆ခုအထိနဲ့ တပြိုင်တည်း ဖုန်းပြောနိုင်ပါတယ်။

၂။ Conference Call ၀န်ဆောင်မှုကို ဘယ်လိုရယူနိုင်ပါသလဲ။

၁၃၃၁ ကို CC လို့ ရို်က်ပို့ပြီး Conference Call ၀န်ဆောင်မှုကို ရယူနို်င်ပါတယ်။ ဒါမှမဟုတ် USSD Menu ကနေလည်း ၀န်ဆောင်မှုကို အောက်ပါအတိုင်း ရယူနိုင်ပါတယ်။
*106# >> 6. VAS >> 2. Call Services >> 6. Conf-Call >> 1. Subscribe

၄။ Conference Call ၀န်ဆောင်မှုကို ဘယ်လိုအသုံးပြုရပါသလဲ။

ပထမဦးဆုံး ဖုန်းနံပါတ်တစ်ခုကို အရင်ခေါ်ရမှာပါ။ ပြီးရင် Add Call ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး တခြားဖုန်းနံပါတ်တွေ ( ၅ခုအထိ) ထပ်ခေါ်ရမှာပါ။ ပြီးရင် Merge Call ကို နှိပ်ပြီး ခေါ်ထားတဲ့ ဖုန်းနံပါတ်အားလုံးနဲ့ တပြိုင်တည်း ဖုန်းပြောနိုင်ပါတယ်။

၆။၀န်ဆောင်ခကို ဘယ်လိုသတ်မှတ်ထားပါသလဲ။

Conference Call ၀န်ဆောင်မှုကို ရယူတဲ့အတွက် ၀န်ဆောင်ခပေးစရာမလိုပါဘူး။ Conference Call ၀န်ဆောင်မှုအသုံးပြုရာမှာ သုံးစွဲသူရယူထားတဲ့ ၀န်ဆောင်မှုအစီအစဉ်ပေါ်မူတည်ပြီး အထွက်ခေါ်ဆိုမှုတစ်ခုစီအပေါ်မှာ ၀န်ဆောင်ခကောက်ခံမှာ ဖြစ်ပါတယ်။

(ဥပမာ- ဆွေသဟာအစီအစဉ်ကို ယူထားတယ်ဆိုရင် ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၃ကျပ်ကျသင့် မှာပါ။ ရှယ်ပြောအစီအစဉ်ယူထားတယ်ဆိုရင် အမ်ပီတီဖုန်းနံပါတ်အချင်းချင်းခေါ်ဆိုမှုအတွက် တစ်မိနစ် ၁၅ကျပ် နဲ့ တခြားအော်ပရေတာဖုန်းနံပါတ်ကို ခေါ်ဆိုမှုအတွက် တစ်မိနစ် ၂၅ကျပ် ကျသင့်မှာပါ။ Base Tariff အစီအစဉ် ရယူထားသူတွေကတော့ (လူအများစု ဖုန်းပြောတတ်တဲ့ အချိန်ပိုင်းတွေမှာ ) ဖုန်းခေါ်ဆိုမှုတစ်မိနစ်ကို ကျပ်၅၀ကျသင့်မှာဖြစ်ပြီး (ဖုန်းခေါ်ဆိုမှု သိ်ပ်မများ တဲ့ အချိန်ပိုင်းတွေမှာ) တစ်မိနစ် ၂၅ကျပ်ကျသင့်မှာပါ။

1. Conference Call ဝန်ဆောင်မှုကို ဘယ်လိုအသုံးပြုရပါသလဲ။

ပထမဦးဆုံး ဖုန်းနံပါတ်တစ်ခုကို အရင်ခေါ်ရမှာပါ။ ပြီးရင် Add Call ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး တခြားဖုန်းနံပါတ်တွေ (၅ခု အထိ) ထပ်ခေါ်ရမှာပါ။ ပြီးရင် Merge Call ကိုနှိပ်ပြီး ခေါ်ထားတဲ့ ဖုန်းနံပါတ်အားလုံးနဲ့ တပြိုင်တည်း ဖုန်းပြောနိုင်ပါတယ်။
ဝန်ဆောင်မှုလျှောက်ထားရန်
– 1331 သို့ “CC” ဟု SMS ပေးပို့နိုင်ပါသည်။
ဒါမှမဟုတ် USSD Menu ကနေလည်း ၀န်ဆောင်မှုကို အောက်ပါအတိုင်း ရယူနိုင်ပါတယ်။
*106# >> 6. VAS >> 2. Call Services >> 6. Conf-Call >> 1. Subscribe
ဝန်ဆောင်မှု ဖျက်ပစ်ရန်
– 1331 သို့ “CC OFF” ဟု SMS ပေးပို့နိုင်ပါသည်။
ဒါမှမဟုတ် USSD Menu ကနေ ၀န်ဆောင်မှုကို အောက်ပါအတိုင်း ပယ်ဖျက်နိုင်ပါတယ်။
*106# >> 6. VAS >> 2. Call Services >> 6. Conf-Call >> 2. Unsubscribe

M-Learning FAQ MM

M-Learning

၁။ M-Learning ဝန်ဆောင်မှုဆိုတာဘာလဲ။

  • ဤ M-Learning ဝန်ဆောင်မှုသည် ဘာသာစကားသင်ခန်းစာစီးရီးများမှတစ်ဆင့် အင်္ဂလိပ်စာလေ့လာသင်ယူနိုင်ရန် MPT သုံးစွဲသူများအား ဖိတ်ကြားထားသော ပညာရေးဆိုင်ရာ အင်္ဂလိပ်စာလေ့လာရေးပေါ်တယ်တစ်ခု ဖြစ်ပါသည်။ ဤဝန်ဆောင်မှု၌ (SMS မှတစ်ဆင့် တစ်နေ့လျှင် တစ်စောင်လက်ခံရရှိမည့်) ဘာသာစကားလေ့လာရေးဆိုင်ရာ အထွေထွေဗဟုသုတများအပြင် HTML5 ပေါ်တယ်သို့ ဝင်ရောက်လေ့လာနိုင်ခွင့်ပါ ပါဝင်ပါသည်။ ဤဝန်ဆောင်မှုတွင် သုံးစွဲသူများ လေ့လာနိုင်ရန်အတွက် ကဏ္ဍအမျိုးမျိုးနှင့် အဆင့်အမျိုးမျိုး (အခြေခံ၊ အလယ်အလတ်၊ အဆင့်မြင့်) တင်ဆက်သွားမည်ဖြစ်ပါသည်။

ဝန်ဆောင်မှုသုံးစွဲသည့်အခါ (အခွန်အားလုံးအပါအဝင်) တစ်ရက်လျှင် ၁၅၈ ကျပ် ကျသင့်ပါမည်။ ပထမအကြိမ် အခပေးစာရင်းသွင်းပြီးသည့်အခါ သုံးစွဲသူများသည် ဝန်ဆောင်မှုကို ရ ရက်တာ အခမဲ့သုံးစွဲခွင့် ရရှိမည်ဖြစ်ပါသည်။ အခမဲ့ကာလမကုန်ဆုံးမီ စာရင်းသွင်းထားသူများထံသို့ ဝန်ဆောင်မှုနှင့်သက်ဆိုင်သော အသိပေးချက်များ ပေးပို့သွားမည်ဖြစ်ပါသည်။

၃။ ဝန်ဆောင်မှုကို ဘယ်သူတွေ သုံးစွဲခွင့်ရှိသလဲ။

ဝန်ဆောင်မှုကို MPT သုံးစွဲသူအားလုံး အသုံးပြုနိုင်ပါသည်။ ဆင်းမ်ကတ်ပိုင်ရှင်၊ သို့မဟုတ် ဆင်းမ်ကတ်ပိုင်ရှင်ထံမှ ဆင်းမ်ကတ်အသုံးပြုခွင့်ရရှိထားသူကို ဖုန်းအမှန်တကယ်သုံးစွဲသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အခပေးသုံးစွဲသူအဖြစ် သတ်မှတ်ပါသည်။

၅။ M-Learning ဝန်ဆောင်မှုကို ဘယ်လိုပယ်ဖျက်နိုင်မလဲ။

ဝန်ဆောင်မှု ပယ်ဖျက်ရန် အောက်ပါအဆင့်များအတိုင်း လိုက်နာပါ။

I. 8282 သို့ STOP ဟု ပို့ပါ။

II. ဝန်ဆောင်မှုပယ်ဖျက်ပြီးနောက် သုံးစွဲသူသည် အတည်ပြု SMS လက်ခံရရှိမည်။

၇။ M-Learning အတွက်လင့်ခ်ကို ဘယ်မှာ ရှာလို့ရနိုင်မလဲ။

http://engclass.up.st/ ဟူသည့်လင့်ခ်မှ M-Learning ပေါ်တယ်သို့ ဝင်ရောက်နိုင်ပါသည်။ သုံးစွဲသူအနေနှင့် 8282 သို့ INFO ဟု ပေးပို့ပြီးလည်း ပေါ်တယ်၏လင့်ခ်ကို ပြန်လည်ရယူနိုင်ပါသည်။

၉။ M-Learning ပေါ်တယ်က နှေးနေပါတယ်။ ဘာလုပ်ရမလဲ။/ ပေါ်တယ်အတွင်း ဝင်ရောက်ချိန်မှာ တို့ထိတာ၊ ကလစ်နှိပ်တာတွေ လုပ်ပါတယ်။ ဘာမှဖြစ်မလာပါဘူး။ ဘာကြောင့်ပါလဲ။

  • a) ပထမဆုံးအနေနှင့် စာမျက်နှာကို ပြန်တင်ပါ။ သို့မဟုတ် ဘရောက်ဇာကို ပိတ်လိုက်ပြီး နောက်တစ်ကြိမ် ပြန်ဖွင့်ပါ။
  • b) သင့်ဖုန်း၏ အင်တာနက်ချိတ်ဆက်မှု၊ သို့မဟုတ် WIFI အလုပ်လုပ်ရဲ့လား ပြန်လည်စစ်ဆေးပါ။
  • c) ဖုန်းအင်တာနက် အသုံးပြုနေပါက အင်တာနက်သုံးစွဲ၍ရနိုင်ကြောင်း သေချာပါစေ။ (လိုအပ်ပါက ဝန်ဆောင်မှုပံ့ပိုးသူထံ ဆက်သွယ်စစ်ဆေးပါ။)
  • d) ဘရောက်ဇာကို “ကိုယ်ပိုင်ဝင်းဒိုး” သို့မဟုတ် “လျှို့ဝှက်အနေအထား” နှင့် သုံးစွဲနေတာမျိုး မဖြစ်ပါစေနှင့်။
  • e) သင့်ဖုန်း နှေးနေလျှင် မလိုအပ်ဘဲ ဖွင့်ထားမိသော ဝင်းဒိုးများ၊ စာမျက်နှာများကို ပိတ်ပါ။ ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေနိုင်သော အထူးပလတ်အင်များ၊ အင်တီဗိုင်းရပ်နှင့် ဖိုင်းယားဝေါဆော့ဝဲများကို ပိတ်ပါ။

၁၁။ M-Learning ဝန်ဆောင်မှုကို ဖုန်း/တက်ဘလက်တစ်လုံးအပြင် တခြားကနေရော ဝင်လို့ရမလား။

  • ရပါသည်။ M-Learning ပေါ်တယ်လင့်ခ်နှင့် သင့်၏အထောက်အထားအချက်အလက်များကို အသုံးပြုမည်ဆိုပါက အင်တာနက်ချိတ်ဆက်ထားသော မည်သည့်ကိရိယာမှာမဆို ပေါ်တယ်ကို အသုံးပြုနိုင်ပါသည်။

၂။ ဝန်ဆောင်မှုက ဘယ်လိုလည်ပတ်သလဲ၊ ဘယ်လိုအခပေးစာရင်းသွင်းရမှာလဲ။

(WiFi, 2G, 3G သို့မဟုတ် 4G) အင်တာနက်ချိတ်ဆက်မှုဖြင့် ပေါ်တယ်သို့ ဝင်ရောက်နိုင်ပါသည်။ အခပေးစာရင်းသွင်းမှုအဆင့်မှုများကို အောက်တွင် ရှင်းလင်းဖော်ပြထားသည်။

a) 8282 သို့ ON ဟု ပို့ပါ။

b) စာရင်းသွင်းမှု အောင်မြင်ပြီးသည့်နောက်တွင် သုံးစွဲသူသည် အောက်ဖော်ပြပါအတည်ပြု SMS ကို လက်ခံရရှိသည်။ ၎င်းတို့မှာ –

  • ကြိုဆိုမက်ဆေ့ချ်
  • ပေါ်တယ်သို့ ဝင်ရောက်ရမည့် အသေးစိတ်အချက်အလက်များ (သုံးစွဲသူအိုင်ဒီ/စကားဝှက် နှင့် ပေါ်တယ်လင့်ခ်)
  • အင်္ဂလိပ်သင်ခန်းစာ – တစ်နေ့တာလေ့လာရမည့်အကြောင်းအရာ

၄။ လက်ခံရရှိသော SMS အတွက် ဘယ်လိုပေးချေရမလဲ။

  • 8282 မှ သုံးစွဲသူ လက်ခံရရှိသော SMS များအားလုံးမှာ အခမဲ့ဖြစ်သော်လည်း နေ့စဉ်ကြေးအနေနှင့် တစ်ရက်လျှင် ၁၅၈ ကျပ် ကောက်ခံသွားပါမည်။

၆။ User ID & စကားဝှက်ကို ဘယ်လို ရနိုင်မလဲ။

  • M-Learning ပေါ်တယ်သို့ ဝင်ရောက်ရမည့် ကိုယ်ပိုင်အထောက်အထားအချက်အလက်များကို ကနဦးအခပေးစာရင်းသွင်းပြီးသည်နှင့် သုံးစွဲသူထံ ပေးပို့သွားပါမည်။ သုံးစွဲသူအနေနှင့် မည်သည့်အချိန်တွင်မဆို 8282 သို့ PASSWORD ဟု ပေးပို့ပြီး ပေါ်တယ်၏လင့်ခ်ကို ပြန်လည်ရယူနိုင်ပါသည်။ သင်၏ဖုန်းနံပါတ်မှာ သင်၏ သုံးစွဲသူအထောက်အထားအချက်လက် (ID) ပင် ဖြစ်ပါသည်။

၈။ M-Learning ပေါ်တယ်ကို ဘာလို့ ဝင်မရတာလဲ။

  • သုံးစွဲသူအနေနှင့် ပေါ်တယ်သို့ ဝင်ရောက်နိုင်ရေးအတွက် HTML5 ကို ပံ့ပိုးသော ဘရောက်ဇာ လိုအပ်နေခြင်းဖြစ်နိုင်ပါသည်။ အခြားအကြောင်းအနေနှင့် အခကြေးပေးချေရာတွင် ပြဿနာဖြစ်ပေါ်နေခြင်းလည်း ဖြစ်နိုင်ပါသည်။ နေ့စဉ်ကြေး ပေးချေရန်အတွက် မိမိဖုန်းတွင် ငွေလက်ကျန် အလုံအလောက်ရှိရဲ့လား ပြန်လည်စစ်ဆေးပါ။ သင့်ဖုန်းငွေလက်ကျန်မှ နေ့စဉ်ကြေး ကောက်ခံပြီးသည်နှင့် ပေါ်တယ်ပေါ်သို့ အပြည့်အဝ ဝင်ရောက်နိုင်ပါလိမ့်မည်။

၁၀။ ပေါ်တယ်သို့ အလွယ်ဝင်ရောက်နိုင်အောင် M-Learning ပေါ်တယ်စာမျက်နှာကို ဖုန်းထဲက တစ်နေရာရာမှာ သိမ်းထားလို့ရမလား။

သင့်ဖုန်း/တက်ဘလက်၏ ပင်မစာမျက်နှာပေါ်တွင် ပေါ်တယ်၏ရှော့ကတ်ကို ဖန်တီးထားနိုင်ပါသည်။ ယင်းသို့လုပ်ဆောင်ရန် ဘရောက်ဇာ၏ ဆက်တင်အတွင်းဝင်ပြီး “Add to homescreen” ကို နှိပ်ပါ။ အင်တာနက်ကို ဖွင့်ထားဖို့ကိုတော့ မမေ့ပါနှင့်။ သို့မဟုတ်ပါက လင့်ခ် အလုပ်လုပ်မည်မဟုတ်ပေ။

၁၂။ ကျွန်တော် မက်ဆေ့ချ် ပို့ပါတယ်။ ဒါပေမယ့် အကြောင်းပြန်မက်ဆေ့ချ် ပြန်မရပါဘူး။

ယင်းသို့ အကြောင်းပြန်မက်ဆေ့ချ် ပြန်မရသည့်အခါ အောက်ဖော်ပြပါညွှန်းကြားချက်များကို လိုက်နာဆောင်ရွက်ပါ။

a) ဖုန်း၏မက်ဆေ့ချ်ဝင်ဆံ့မှုပမာဏ ပြည့်သွားပြီးလား၊ မက်ဆေ့ချ်သစ် လက်ခံရန် မဲမိုရီ မရှိတော့ဘူးလားဆိုတာ စစ်ပါ။ နေရာလွတ်ရရှိစေရန် မက်ဆေ့ချ်တချို့ကို ဖျက်ပစ်ပါ။

b) မက်ဆေ့ချ်ကို ပို့ရမည့်နံပါတ်ဆီ ပို့မထားမိသည့်အခါ SMS အသစ်တစ်စောင်ရေးပြီး ဝန်ဆောင်မှုထံမှ မက်ဆေ့ချ်လာသည့်နံပါတ်ဆီ ပြန်ပို့ပါ။

c) လောလောဆယ် မိမိအနီးဝန်းကျင်၌ လိုင်းကျပ်နေခြင်းလည်း ဖြစ်နိုင်ပါသည်။ ခေတ္တစောင့်ပေးပါ။ ၁၅ မိနစ်အတွင်း မက်ဆေ့ချ် ဝင်မလာပါက SMS အသစ်တစ်စောင် ထပ်ပို့ပါ။

Let’s Play FAQ MM

Let’s Play

၁။ “ကစားကြစို့”ဆိုတာဘာလဲ။

  • “ကစားကြစို့”ဆိုသည်မှာIOSနှင့်Androidနှစ်ခုစလုံးတွင်ကစားနိုင်သောအရည်အသွေးမြင့်အွန်လိုင်းဂိမ်းများကိုရယူပြီးဆော့ကစားနိုင်သောအွန်လိုင်းဂိမ်း Portal တစ်ခုဖြစ်သည်။ဂိမ်းဖျော်ဖြေမှုပေါင်းများစွာအနက် အက်ရှင်၊အားကစား၊ပြိုင်ပွဲတို့နှင့်အတူအခြားအခြားသောဂိမ်းအမျိုးအစားများစွာတို့အားရယူပြီးကစားလိုက်ပါ။

၃။ “ကစားကြစို့”၀န်ဆောင်မှုမှဂိမ်းများကစားရန်ဘာတွေလိုအပ်လဲ။

  • “ကစားကြစို့”၀န်ဆောင်မှုအား3Gနှင့်အထက်အင်တာနက်လိုင်းချိတ်ဆက်နိုင်သောမည်သည့်စမတ်ဖုန်းနှင့်မဆိုရယူနိုင်ပြီးUp to dateဖြစ်သောWeb Browserတစ်ခုရှိရန်လိုအပ်ပါသည်။

၅။ ၀န်ဆောင်ခကရော ဘယ်လောက်ကျသင့်မှာလဲ။

  • “ကစားကြစို့”ဝန်ဆောင်မှုအားစာရင်းပေးသွင်းပြီးပထမဆုံးရရက်တွင်အခမဲ့ကစားနိုင်ပါသည်။အခမဲ့ကာလ တစ်ပတ်ကျော်လွန်ပါကတစ်ရက်လျှင်၂၀၀ကျပ်နှုန်းဖြင့်ကောက်ခံသွားမည်ဖြစ်ပါသည်(အခွန်အားလုံးပါပြီး)။အခမဲ့ကာလ၏ဝန်ဆောင်မှုရရက်ကို ဖုန်းနံပတ်တစ်ခုလျှင်တစ်ခါသာရရှိနိုင်မည်ဖြစ်ပါသည်။

၇။ “ကစားကြစို့”၀န်ဆောင်မှုကိုဘယ်လိုစာရင်းပေးသွင်းရမလဲ။

Let’s Play Service (HTML 5 Games Service or Online Games Service)

 Service Name  SMS Shortcode Text
(subscribe)
 Text
(unsubscribe)
 Price  Sending SMS Frequency
 Let’s Play  8765  GAME | game  STOP GAME | STOPGAME | stop game | stopgame  First 7 days free of charge, after daily:200 Ks  1SMS/week
 1  OFF GAME | OFFGAME | off game | offgame
 ONE | one  UNSUB GAME | UNSUBGAME | unsub game | unsubgame
 OK | ok  UN GAME | UNGAME | un game | ungame

၉။ ၀န်ဆောင်ခငွေဘယ်လိုကောက်ခံမှာလဲ။

  • ဝန်ဆောင်မှုရယူပြီးနောက်ပထမဆုံးရရက်သည်အခမဲ့ဝန်ဆောင်မှုဖြစ်သည်။အခမဲ့ကာလပြီးဆုံးပါကတစ်ရက်လျှင်၂၀၀ကျပ်နှုန်းဖြင့်ကောက်ခံသွားမည်ဖြစ်ပါသည်။Prepaid Sim Card အသုံးပြုသူများအားဖုန်းငွေထဲမှတိုက်ရိုက်ကောက်ခံသွားမည်ဖြစ်ပြီး ၊ Post-paid အသုံးပြုသူများအားလစဉ်ဖုန်းငွေပေးချေမှုထဲမှအသီးသီးကောက်ခံသွားမည်ဖြစ်ပါသည်။

၁၁။ ကျွန်တော်/ကျွန်မတို့အကောင့်ထဲကဖုန်းနံပတ်ကိုပြန်ပြောင်းလို့ရနိုင်မလား။

  • အခုအချိန်မှာတော့လုပ်လို့မရနိုင်သေးပါ။

၂။ “ကစားကြစို့”၀န်ဆောင်မှှုဖြင့်ဂိမ်းများကိုဘယ်လိုကစားရမလဲ။

  • “ကစားကြစို့”၏အကန့်အသတ်မရှိသောဂိမ်းများကိုကစားလိုပါက“8765”သို့“GAME”ဟုစာတိုပေးပို့ကာ စာရင်းပေးသွင်းရမည်ဖြစ်ပြီးဂိမ်းကစားမည်ဆိုပါကအင်တာနက်လိုင်းဖွင့်ထားရမည်ဖြစ်ပါသည်။အသင်းဝင် ဖြစ်သွားပါကhttp://letsplay.com.mm/ကိုမိမိဖုန်းbrowserတွင်ရိုက်ထည့်ရပါမည်။ဂိမ်းPortalတွင်ဖုန်း နံပတ်ရိုက်ထည့်ပေးရမည်ဖြစ်ပါသည်။ဖုန်းနံပတ်ရိုက်ထည့်လိုက်ပါကသင့်ဖုန်းထဲတွင်PINနံပါတ်Messageအားလက်ခံရရှိမည် ဖြစ်သည်။Portalတွင်PINနံပတ်အားရိုက်ထည့်လိုက်သည်နှင့်တပြိုင်နက် “ကစားကြစို့” Portal ပေါ်ရှိဂိမ်းများကိုကစားနိုင်ပြီဖြစ်ပါသည်။

၄။ ဂိမ်းအရေအတွက်ဘယ်လောက်ထိ ကစားလို့ရမလဲ။

  • “ကစားကြစို့”၀န်ဆောင်မှုတွင်အွန်လိုင်းဂိမ်းပေါင်း၂၀၀ကျော်ပါ၀င်ပြီးမိမိကြိုက်သလောက်အကန့်အသန့်မရှိကစားနိုင်ပါသည်။

၆။ ဘာလို့သတိပေးစာSMSပို့ရတာလဲ။

  • အခမဲ့ကာလမပြီးဆုံးမီနှစ်ရက်အလိုတွင်သုံးစွဲသူတို့ထံသတိပေးစာ စာတိုပေးပို့လေ့ရှိပါသည်။ ရည်ရွယ်ချက်မှာအစမ်းကာလ၏အခမဲ့ဝန်ဆောင်မှုပြီးဆုံးတော့မည်ကိုအသိပေးရန်နှင့်နောက်ရက်များတွင်အခကြေးငွေကောက်ခံသွားမည်ဖြစ်ကြောင်းအသိပေးရန်ဖြစ်ပါသည်။

၈။ ကစားကြစို့” ဝန်ဆောင်မှုရယူထားသည်ကိုဘယ်လိုဖျက်သိမ်းရမလဲ။

Let’s Play Service (HTML 5 Games Service or Online Games Service)

 Service Name  SMS Shortcode Text
(subscribe)
 Text
(unsubscribe)
 Price  Sending SMS Frequency
 Let’s Play  8765  GAME | game  STOP GAME | STOPGAME | stop game | stopgame  First 7 days free of charge, after daily:200 Ks  1SMS/week
 1  OFF GAME | OFFGAME | off game | offgame
 ONE | one  UNSUB GAME | UNSUBGAME | unsub game | unsubgame
 OK | ok  UN GAME | UNGAME | un game | ungame

၁၀။ “ကစားကြစို့”၀န်ဆောင်မှှုမှဂိမ်းများကို ကျွန်တော်/ကျွန်မကစားလို့ရနိုင်မလား။

  • ပထမဦးစွာ “ကစားကြစို့”၀န်ဆောင်မှုအားစာရင်းပေးသွင်းရပါမည်။အခမဲ့အစမ်းကာလတွင် http://letsplay.com.mm/ဟုbrowserတွင်ရိုက်ထည့်ပြီး“ကစားကြစို့”Portalပေါ်ရှိအကန့်အသတ်မရှိသောဂိမ်းများကိုရရက်တိတိကစားနိုင်ပါသည်။အခမဲ့ကာလမဟုတ်ခဲ့ပါကမိမိတို့၏ဖုန်းငွေထဲမှနေ့စဉ်ကြေး၂၀၀ ကျပ်အားပေးဆောင်ပြီး“ကစားကြစို့” Game Portal ရှိဂိမ်းများကိုအကန့်အသတ်မရှိစိတ်ကြိုက်ကစားနိုင်ပါသည်။

MPT Ring Tune MM Faqs

Caller Ring Back Tone ဝန်ဆောင်မှု

၁။ Ring Tune ဝန်ဆောင်မှု ဆိုတာ ဘာလဲ။

Ring Tune ဝန်ဆောင်မှုဆိုသည်မှာ လူကြီးမင်း၏ ပုံမှန် ဖုန်းမြည်သံအစား လူကြီးမင်း ရွေးချယ်လိုက်သော သီချင်းကို တေးသွား အဖြစ်သို့ အစားထိုးလိုက်သော ဝန်ဆောင်မှု ဖြစ်ပါသည်။လူကြီးမင်းထံသို့ ဖုန်းခေါ်ဆိုသောအခါ လူကြီးမင်းဖုန်းမှ ရွေးချယ်ထားသော တေးသီချင်းများကို ဖုန်း Ring Tuneအဖြစ် ကြားရပါမည် ။ လူကြီးမင်း ကြိုက်နှစ်သက်သော တေးသွားများအား လတ်တလော ရေပန်းအစားဆုံး တေးသီချင်းများစွာ ထဲမှ ရွေးချယ်နိုင်ပါသည်။

၂။ Ring Tune service ကို ဘယ်လို ရယူနိုင်ပါလဲ?

အောက်တွင် ဖော်ပြထားသော အချက်များအတိုင်း လုပ်ဆောင်ပြီး Ring Tune service ကို ရယူနိုင်ပါသည်။
• MPT သို့ 7979 ဟု ဖုန်းခေါ်ဆိုပြီး လမ်းညွှန်ချက်များအတိုင်းလုပ်ဆောင်၍ Ring Tune service ကို ရယူနိုင်ပါသည်။
• SMS ပေးပို့၍ရယူရန် – လစဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG M ၊ အပတ်စဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG W ၊ နေ့စဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG D ဟု SMS ပေးပို့၍ ရယူနိုင်ပါသည်။
• လူကြီးမင်း ဝယ်ယူလိုသော သီချင်းကုဒ် နံပါတ်အား buy ဟု SMS ပေးပို့၍ ရယူနိုင်ပါသည်။ Example: buy 0001110010
• *7979# သို့ ဖုန်းခေါ်ဆို၍ ကြိုက်နှစ်သက်သော တေးသီချင်း များအားလည်း ရွေးချယ်နိုင်ပါသည်။

၃။ Ring Tune ဝန်ဆောင်မှု အတွက် မည်သို့ ကျသင့်မည့် နည်း။

• လစဥ်ပေး ဝန်ဆောင်မှု အတွက် တစ်လ (ရက် ၃၀)စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၁၀၅၀ ကျပ် ကျသင့်ပါမည်။
• အပတ်စဥ်ပေး ဝန်ဆောင်မှု အတွက် တစ်ပတ် (၇ ရက်)စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၃၀၀ ကျပ် ကျသင့်ပါမည်။
• နေ့စဥ်ပေး ဝန်ဆောင်မှု အတွက် တစ်ရက်စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၄၇ ကျပ် ကျသင့်ပါမည်။
• သီချင်း တစ်ပုဒ်လျှင် ရက်(၃၀)စာ အတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၃၁၅ ကျပ် ကျသင့်ပါမည်။

၄။ Ring Tune ဝန်ဆောင်မှုအား သတ်တမ်း တိုးရန် မည်သို့ လုပ်ဆောင်ရမည်နည်း။

ဤဝန်ဆောင်မှုသည် အလိုအလျှောက် သက်တမ်း တိုးပေးသော ဝန်ဆောင်မှု ဖြစ်ပါသည်။ လူကြီးမင်း၏ ဝန်ဆောင်မှု ရက် သက်တမ်းအား အခြေခံ ၍ Ring Tune ဝန်ဆောင်မှု သက်တမ်းနှင့် သီချင်း ဝန်ဆောင်မှု သက်တမ်း ပြည့်လျှင် လူကြီးမင်း၏ ဖုန်းလက်ကျန်ငွေမှ ဝန်ဆောင်မှု အတွက် ကျသင့်ငွေအား နှုတ်ယူပါမည်။

၅။ Ring Tune ဝန်ဆောင်မှုအား မည်သို့ ပယ်ဖျက်ရမည်နည်း။

• 7979 သို့ အခမဲ့ ခေါ်ဆို၍ အကူအညီပေးရန်သို့ သွားရောက်ပြီး ဝန်ဆောင်မှုအား ပယ်ဖျက်ရန်ကို နှိပ်ပါ။ (သို့မဟုတ်)
• 7979 သို့ UNR ဟု SMS ပေးပို့ပါ။ (သို့မဟုတ်)
• MPT4U APP ပေါ်မှ CRBT ပယ်ဖျက်ရန် ကို ရွေးချယ်ပါ။ (သို့မဟုတ်)
• *7979# သို့ဖုန်းခေါ်ဆို၍ ဝန်ဆောင်မှုဖျက်သိမ်းမည်အား ရွေးချယ်ပြီး ပယ်ဖျက်နိုင်ပါသည်။ (သို့မဟုတ်)
• 106 customer care IVR သို့ ဖုန်းခေါ်ဆိုပြီး ဝန်ဆောင်မှုအား ပယ်ဖျက်နိုင်ပါသည်။

၆။ လူတစ်ယောက်ချင်းစီ အတွက် တေးသွား သတ်မှတ်လို့ ရနိုင်ပါသလား။

ဟုတ်ကဲ့ အောက်ပါ ဖော်ပြထားသော အချက်များကို လုပ်ဆောင်၍ လူတစ်ယောက်ချင်းစီ အတွက် သီးသန့် Ring Tune သတ်မှတ်ထားလို့ ရနိုင်ပါသည်။
• 7979 သို့ (အခမဲ့) ဖုန်းခေါ်ဆိုပြီ: လမ်းညွန်ချက်များအတိုင်း လုပ်ဆောင်နိုင်ပါသည်။

၇။ မိမိ ကြိုက်နှစ်သက်သော တေးသီချင်း အား သူငယ်ချင်းထံမှ ကူးယူ လို့ ရနိုင်ပါသလား။

ဟုတ်ကဲ့ အောက်တွင် ဖော်ပြထားသော အချက်အလက်များအား လုပ်ဆောင်၍ လူကြီးမင်း သူငယ်ချင်း၏ MPT ring Tune ဝန်ဆောင်မှုမှ သီချင်းကို လူကြီးမင်း၏ ဖုန်းတေးသီချင်း အဖြစ် ကူးယူနိုင်ပါသည်။
• 7979 သို့ အခမဲ့ ဖုန်းခေါ်ဆို၍ လမ်းညွှန်ချက်များ အတိုင်း လုပ်ဆောင်၍ ရယူနိုင်ပါသည်။ (သို့မဟုတ်)
• *7979# ဟု ရိုက်နှိပ်ပြီး လည်း ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။

၈။ လူတစ်ယောက်လျှင် သီချင်း အပုဒ်ရေ မည်မျှ ဝယ်ယူ ရရှိနိုင်ပါသလဲ။

လူတစ်ယောက်လျှင် အများဆုံး သီချင်း ဆယ်ပုဒ်အထိ ဝယ်ယူနိုင်ပြီး ၎င်း တေးသီချင်း များကို ခေါ်ဆိုသူဘက်မှ အလှည့်ကျနားဆင်နိုင်မှာ ဖြစ်ပါတယ်။

၉။ ဝယ်ယူထားသော သီချင်းကို မည်သို့ ပယ်ဖျက်နိုင်ပါ သလဲ။

• 7979 ကို ဖုန်းခေါ်ဆို၍ အကူအညီပေးရန် သို့ သွားရောက်ပြီး ကိုယ်ပိုင်အကောင့်ကို စစ်ဆေးရန် သို့ ဝင်ရောက်၍ သီချင်း ကို ပယ်ဖျက်ရန် ကို ရွေးပါ။ (သို့မဟုတ်)
• Del ဟု ရိုက်နှိပ်၍ 7979 သို့ SMS ပေးပို့ပါ။ Example: Del 0001110010 (သို့မဟုတ်)
• 106 customer care IVR သို့ ဖုန်းခေါ်ဆို ၍ သီချင်းအား ပယ်ဖျက်နိုင်ပါသည်။

၁၀။ အကယ်၍ ဖုန်းပြောနေစဥ်အတွင်း တခြားတစ်ယောက်မှ မိမိထံ ဖုန်းခေါ်နေသောအခါ မိမိRing Tune ဝန်ဆောင်မှု မည်သို့ လုပ်ဆောင်မည်နည်း။

ဤအခြေအနေတွင် လူကြီးမင်းထံသို့ ဖုန်းခေါ်ဆိုသူမှာ ပုံမှန် ဖုန်းမြည်သံကိုသာ ကြားရမည် ဖြစ်ပါသည်။

၁၁။ သူငယ်ချင်း နဲ့ မိသားစုဝင် များထံသို့ Ring Tune သီချင်း ဝန်ဆောင်မှု လက်ဆောင် ဘယ်လိုပေးမလဲ။

7979 သို့ (အခမဲ့) ဖုန်းခေါ်ဆို၍ လမ်းညွှန်ချက်များ အတိုင်း လုပ်ဆောင်၍ ရယူနိုင်ပါသည်။

၁၂။ Ring Tune ဝန်ဆောင်မှု လက်ဆောင် ပေးရန်အတွက် မည်သို့ ကျသင့်ပါမည်နည်း။

အကယ်၍ လူကြီးမင်းလက်ဆောင် ပေးလိုသောသူမှာ Ring Tune ဝန်ဆောင်မှုအား ရယူထားပြီးသူ ဖြစ်ပါက –
• သီချင်း အတွက် ပထမ တစ်လစာ ဝန်ဆောင်မှု ၃၁၅ ကျပ်အား လူကြီးမင်းထံမှ ကျသင့်ပြီး နောက်လများမှ စ၍ သီချင်းလက်ဆောင် လက်ခံရရှိသောသူထံမှ ပေးဆောင်ရမည် ဖြစ်ပါသည်။
အကယ်၍ သီချင်း လက်ဆောင်ပေးလိုသောသူမှာ Ring Tune ဝန်ဆောင်မှု အား ရယူထားခြင်း မရှိပါက –
• Ring Tune ဝန်ဆောင်မှု ပထမ ရက်(၃၀)စာ အတွက် ၁၀၅၀ကျပ် နှင့် သီချင်းအတွက် ရက် ၃၀ စာ ဝန်ဆောင်ခ ၃၁၅ ကျပ် အား လူကြီးမင်းထံမှ ကျသင့်ပါမည်။ နောက်လများမှ စ၍ Ring Tune ဝန်ဆောင်ခ ၁၀၅၀ ကျပ်နှင့် သီချင်း အတွက် ဝန်ဆောင်ခ ၃၁၅ ကျပ်အား လက်ဆောင်လက်ခံရရှိသူထံမှ ပေးဆောင်ရမည် ဖြစ်ပါသည်။

၁၃။ Name Tune ဝန်ဆောင်မှု ဆိုတာ ဘာလဲ။

Name Tune ဝန်ဆောင်မှု ဆိုသည်မှာ လူကြီးမင်းထံ သို့ ဖုန်းခေါ်သူများကို လူကြီးမင်း၏နာမည်ဖြင့် နှုတ်ဆက်ခြင်း ပုံစံဖြင့် MPT မှ ရရှိနိုင်သော ဝန်ဆောင်မှုဖြစ်ပါသည်။

၁၄။ Name Tune ဝန်ဆောင်မှာ အား မည်သို့ ရယူနိုင်ပါ မည်နည်း။

အောက်တွင် ဖော်ပြ ထားသော နည်းလမ်းများထဲမှ တစ်ခု ကို အသုံးပြု၍ MPT Name Tune ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။
• SMS ပေးပို့ရန် – လစဥ်ပေး ဝန်ဆောင်မှု ရယူရန် REG M ဟု SMS ပေးပို့ခြင်း၊ အပတ်စဥ်ပေး ဝန်ဆောင်မှု ရယူရန် REG W ဟု SMS ပေးပို့ခြင်း၊ နေ့စဥ်ပေး ဝန်ဆောင်မှု ရယူရန် REG D ဟု 7979 သို့ SMS ပေးပို့၍ ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။ (သို့မဟုတ်)
• ပိုမိုသိရှိရန် 106 ကို ဖုန်းခေါ်ဆို၍ Name Tune ဝန်ဆောင်မှုအား ရယူနိုင်ပါသည်။

၁၅။ Name Tune ဝန်ဆောင်မှု အတွက် မည်သို့ကျသင့်ပါမည်နည်း။

• လစဥ်ပေး ဝန်ဆောင်မှု အတွက် တစ်လ ရက်၃၀စာ အတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း)၁၀၅၀ ကျပ် ကျသင့်ပါမည်။
• Name Tune တစ်ပုဒ် အတွက် ရက်၃၀ စာ (အခွန်ပါဝင်ပြီးစျေးနှုန်း )၃၁၅ ကျပ် ကျသင့်ပါမည်။

၁၆။ ဝန်ဆောင်မှု သက်တမ်းတိုးရန် ဖုန်းဘေလ်လုံလောက်မှု မရှိပါက မည်သို့ဖြစ်နိုင်ပါသလဲ။

• နောက်(၅)ရက်အတွင်း ဝန်ဆောင်မှုအတွက် ကျသင့်ငွေကို ကောက်ခံမှာြဖစ်ပြီး ဝန်ဆောင်ခအတွက် လက်ကျန်ငွေလုံလောက်မှု ရှိပါက ဝန်ဆောင်မှုကို ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
• နောက်(၅)ရက်အတွင်း ဖုန်းဘေလ် လုံလောက်မှုမရှိပါက လူကြီးမင်းကိုယ်တိုင် ဝန်ဆောင်မှုအား ရပ်ဆိုင်းရန်အတွက် တောင်းဆိုနိုင်ပါသည်။

၁၇။ ဝန်ဆောင်မှု အား သက်တမ်းတိုးရန် ငွေ လုံလောက်ခြင်းမရှိပါက မည်သို့ ဖြစ်နိုင်မည်နည်း။

အကယ်၍ လူကြီးမင်းထံ၌ လက်ကျန်ငွေ မလုံလောက်ပါက ဝန်ဆောင်မှု အတွက် သက်တမ်းတိုးပေးရန် စောင့်ဆိုင်းသော ကာလသို့ ရောက်ရှိပါမည်။အကယ်၍ သက်တမ်းတိုးရန် စောင့်ဆိုင်းကာလတွင် သက်တမ်းတိုးခြင်းအား မအောင်မြင်ပါက လူကြီးမင်း၏ ဝန်ဆောင်မှုအား အလိုအလျောက် ပယ်ဖျက်မည် ဖြစ်ပါမည်။

Call Waiting Service MM

Call Waiting ဝန်ဆောင်မှု

1 . Call Waiting Service ဆိုတာဘာလဲ? ဘယ်လိုရယူနိုင်မလဲ?

သုံးစွဲသူများအနေဖြင့် ဖုန်းပြောနေစဉ် အချိန်အတွင်းတွင် အခြား အရေးကြီးဖုန်းများ ထပ်မံဝင်ရောက်လာပါက မိမိလက်ရှိပြောနေသည့် ဖုန်းကို ဆိုင်းငံ့နိုင်ပြီး ခေါ်ဆိုမှုအသစ်များကို ထပ်မံ လက်ခံနိုင်မည့် ၀န်ဆောင်မှုဖြစ်ပါသည်။
ဝန်ဆောင်မှု လျှောက်ထားရန်
– 1331 သို့ “CW” ဟု SMS ပေးပို့နိုင်ပါသည်။
ဝန်ဆောင်မှု ဖျက်ပစ်ရန်
– 1331 သို့ “CW OFF” ဟု SMS ပေးပို့နိုင်ပါသည်။

2 . Call Waiting Service ဘယ်လိုအလုပ်လုပ်လဲ?

ဖုန်းပြောနေစဉ် နောက်ထပ် ခေါ်ဆိုသူရှိပါက အသိပေးအချက်ပြသံကို ကြားရမှာဖြစ်ပါတယ်။ ထိုအချိန်တွင် လက်ရှိ ဖုန်းပြောနေသူနှင့် ခေတ္တဆိုင်းငံ့ပြီး နောက်ခေါ်သူနှင့် ပြောင်းပြောခြင်း၊ ဖုန်းခေါ်မှုနှစ်ခုထဲမှ တစ်ခုကို ရပ်နားနိုင်ပါတယ်။ ပထမပြောနေသူ ဖုန်းခေါ်ဆိုမှုကို ကိုင်ထားသ၍ ပြန်လည် ပြောင်းလဲ ပြောဆိုနိုင်မှာဖြစ်ပါတယ်။ တစ်ချိန်ထဲတွင် ဖုန်းခေါ်သူ တစ်ယောက်သာ စောင့်စရာလိုပါမယ်။

Call Me Back MM

Call Me Back

1. Call Me Back ဝန်ဆောင်မှုဆိုတာဘာလဲ။

Call Me Back ဝန်ဆောင်မှုဆိုတာ သုံးစွဲသူများ၏ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစု၊ ချစ်ခင်ရသူတွေထံမှ မိမိကို ပြန်လည်ခေါ်ဆိုစေချင်သည့် မည်သည့်ပြည်တွင်းဖုန်းနံပါတ်ကိုမဆို (MyTel ဖုန်းနံပါတ်မှလွဲ၍) *222# ကို ရိုက်နှိပ်ခေါ်ဆိုခြင်းဖြင့် သိရှိစေနိုင်ရန် MPT မှ စီစဉ်ပေးထားသည့် အထူးဝန်ဆောင်မှုဖြစ်ပါသည်။

2. Call Me Back ဝန်ဆောင်မှုကို ဘယ်သူတွေရယူနိုင်မှာလဲ။

MPT prepaid and postpaid GSM/WCDMA သုံးစွဲသူအားလုံးမှ မည်သည့်ပြည်တွင်းဖုန်းမဆို (MyTel ဖုန်းနံပါတ်မှလွဲ၍) စာရင်းသွင်းခပေးစရာမလို၊ ခေါ်ဆိုခပေးစရာမလိုဘဲ ခေါ်ဆိုအသုံးပြုနိုင်သော အထူးဝန်ဆောင်မှုဖြစ်ပါသည်။

3. အထွက်ဖုန်းခေါ်ဆိုမရနိုင်သည့် သုံးစွဲသူများအနေဖြင့် “Call Me Back” ဝန်ဆောင်မှုကိုအသုံးပြုနိုင်ပါသလား။

အသုံးပြုနိုင်ပါသည်။ အထွက်ဖုန်းခေါ်ဆိုမရနိုင်သည့် သုံးစွဲသူများအနေဖြင့် *222# ကိုရိုက်နှိပ်ခေါ်ဆို၍ “Call Me Back” ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါသည်။ သို့သော်လည်း အခြား MPT prepaid and postpaid GSM/WCDMAမှ ပေးပို့သော Call Me Back SMS ကို အ၀င်အဖြစ် လက်ခံရရှိနိုင်မည်မဟုတ်ပါ။

4. အဝင်/အထွက်ဖုန်းလက်ခံမရရှိနိုင်သည့် သုံးစွဲသူများအနေဖြင့် “Call Me Back” ဝန်ဆောင်မှုကိုအသုံးပြုနိုင်ပါသလား။

အသုံးမပြုနိုင်ပါ။ CDMA နှင့် အဝင်/အထွက်ဖုန်းလက်ခံမရရှိနိုင်သည့် သုံးစွဲသူများအနေဖြင့် “Call Me Back” ဝန်ဆောင်မှုကိုအသုံးပြုနိုင်မည်မဟုတ်ပါ။

5. Call Me Back ဝန်ဆောင်မှုကို ဘယ်လိုအသုံးပြုလို့ရမှာလဲ။

ဤဝန်ဆောင်မှုကိုအသုံးပြုရန် *222*ခေါ်ဆိုစေလိုသည့်ဖုန်းနံပါတ်# ကို ရိုက်နှိပ်ခေါ်ဆိုခြင်းဖြင့် မည်သည့်ပြည်တွင်းဖုန်းနံပါတ်ကိုမဆို (MyTel ဖုန်းနံပါတ်မှလွဲ၍) အခမဲ့အသုံးပြုနိုင်ပါသည်။ အသုံးပြုပြီးသည့်နောက် အောက်ပါစာသားဖြင့် စာတိုတစ်စောင်ကို ပေးပို့သူမှ လက်ခံရရှိမည်ဖြစ်ပါသည်။ “Thank you for using call me back! your request has been processed”။

6. လက်ခံရရှိသူထံသို့ ဤ “Call Me Back” တောင်းဆိုသည့် SMS ဘယ်လိုပေါ်မှာလဲ။

MPT ၏ “Call Me Back” ဝန်ဆောင်မှုကို အကျုံးဝင်သည့် လက်ခံရရှိသူအနေဖြင့် အောက်ပါစာသားဖြင့် စာတိုတစ်စောင်ကို လက်ခံရရှိမည်ဖြစ်ပါသည်။ “မင်္ဂလာပါ။ ကျေးဇူးပြု၍ 09XXXXXXXXX ကို ယခုပြန်လည်ခေါ်ဆိုပေးပါ။”

7. ဤအခမဲ့ “Call Me Back” ဝန်ဆောင်မှုအား နိုင်ငံရပ်ခြားသို့ ခရီးသွားနေသောအချိန်တွင် request ပေးပို့ခြင်း/လက်ခံခြင်း ပြုလုပ်နိုင်ပါသလား။

ဤအခမဲ့ “Call Me Back” ဝန်ဆောင်မှုကို မြန်မာနိုင်ငံအတွင်း၌ရှိသော MPT prepaid and postpaid GSM/WCDMA သုံးစွဲသူများမှ မည်သည့်ပြည်တွင်းဖုန်းမဆို (MyTel ဖုန်းနံပါတ်မှလွဲ၍) အခမဲ့ ခေါ်ဆိုအသုံးပြုနိုင်ပါသည်။ မြန်မာနိုင်ငံ၏ ပြင်ပသို့ရောက်ရှိနေသော အချိန်တွင် request ပေးပို့ခြင်း/လက်ခံခြင်း ပြုလုပ်နိုင်မည်မဟုတ်ပါ။

8. ဤ “Call Me Back” ဝန်ဆောင်မှုကို မြန်မာဘာသာဖြင့် SMS ရရှိမှာပါလား။

MPT သုံးစွဲသူ(လက်ခံရရှိသူ)၏ ဘာသာစကား setting ပေါ်မူတည်၍ ဤဝန်ဆောင်မှုအတွက် စာတိုကို မြန်မာ(သို့) အင်္ဂလိပ် ဘာသာ(၂)မျိုးလုံးဖြင့် လက်ခံရရှိနိုင်ပါသည်။ အခြားအော်ပရေတာသုံးစွဲသူများသည် အင်္ဂလိပ်ဘာသာဖြင့်သာ လက်ခံရရှိပါမည်။

9. ဤအခမဲ့ “Call Me Back” ဝန်ဆောင်မှုအား တခြားပြည်တွင်းဖုန်းသုံးစွဲသူများအား ခေါ်ဆို၍ရနိုင်ပါသလား။

MPT prepaid and postpaid GSM/WCDMA သုံးစွဲသူများအနေဖြင့် “Call Me Back” ဝန်ဆောင်မှုကို မည်သည့်ပြည်တွင်းဖုန်းကိုမဆို (MyTel ဖုန်းနံပါတ်မှလွဲ၍) အခမဲ့ခေါ်ဆိုအသုံးပြုနိုင်ပါသည်။

10. ဤအခမဲ့ “Call Me Back” ဝန်ဆောင်မှုကို တစ်နေ့လျှင် ဘယ်နှကြိမ် အသုံးပြုနိုင်မှာပါလဲ?

ဤအခမဲ့ “Call Me Back” ဝန်ဆောင်မှုကို တစ်နေ့လျှင် (၅)ကြိမ် အသုံးပြုနိုင်ပါသည်။

11. တစ်နေ့တည်းတွင် “Call Me Back” ဝန်ဆောင်မှုကို ၅ ကြိမ်အသုံးပြုပြီးပါက ဘာဖြစ်မှာလဲ။

တစ်နေ့တည်းတွင် “Call Me Back” ဝန်ဆောင်မှုကို ၅ ကြိမ်အသုံးပြုပြီးပါက အောက်ပါစာသားဖြင့် စာတိုတစ်စောင်ကို လက်ခံရရှိမည်ဖြစ်ပါသည်။ “Dear MPT Customer, you have exceeded the limit to use Call me back! for today”

12. “Call Me Back” ဝန်ဆောင်မှုကို ဘာကြောင့်သုံးသင့်တာလဲ။

သုံးစွဲသူများကို သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစု၊ ချစ်ခင်ရသူတွေနှင့် ဖုန်းလက်ကျန်ငွေကုန်သွားချိန်မျိုးမှာ အဆက်အသွယ်မပြတ်စေဖို့ MPT မှ စီစဉ်ပေးထားသည့် အထူးဝန်ဆောင်မှုဖြစ်ပါသည်။

1 . Call Me Back service ကိုဘယ်လိုရယူနိုင်မလဲ?

သုံးစွဲသူများအနေဖြင့် မိမိကို ပြန်လည်ခေါ်ဆိုစေချင်သည့် ဖုန်းနံပါတ်ကို *222# ကို ရိုက်နှိပ်ခေါ်ဆိုခြင်းဖြင့် သိရှိစေနိုင်မည့် အခမဲ့ဝန်ဆောင်မှုဖြစ်ပါသည်။ (မည်သည့်ပြည်တွင်းဖုန်းကိုမဆို)

“ CALL ME BACK” ဝန်ဆောင်မှု အသုံးပြုရန် *222* မိမိအား ပြန်လည်ခေါ်ဆို စေလိုသည့် ဖုန်းနံပါတ်#[send]
ဝန်ဆောင်မှုကို အသုံးပြုပြီးသော် မိမိပြန်လည်ခေါ်စေလိုသည့် နံပါတ်တွင် အောက်ပါ Message ကိုရရှိမှာဖြစ်ပါတယ်။ “မင်္ဂလာပါ။ ကျေးဇူးပြု၍ 09XXXXXXXXX ကို ယခုပြန်လည်ခေါ်ဆိုပေးပါ။”

Missed Call Alert Service MM

Missed Call Alert ဝန်ဆောင်မှု

လက်ခံရရှိသူအနေဖြင့်မည်သို့ပေါ်မည်နည်း။

အသုံးပြုသူအနေဖြင့် ခေါ်ဆိုသူထံမှအောက်ပါ။ MCA message အားလက်ခံရရှိရမည်ဖြစ်ပါသည်။
“You have a missed call from 09XXXXXXXX at xx:xxdd-mm-yyyy.”

MCA ၀န်ဆောင်မှုအတွက် ဘယ်သူတွေက အကျုံးဝင်မှာလဲ။

MPT GSM/WCDMA ဆင်းကတ်အသစ်စတင် အသုံးပြုသူတွေ ဟာ MCA ၀န်ဆောင်မှုကို အလိုလျှောက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သို့ပါသော်လည်း Voice Mail ၀န်ဆောင်မှု နှင့်Call Forwarding ၀န်ဆောင်မှုလည်းအသုံးပြုများမှာ MCA ၀န်ဆောင်မှုကို အလိုအလျောက်ရရှိမည်မဟုတ်ပါ။

MCA SMS အားမြန်မာဘာသာဖြင့်လက်ခံရရှိနိုင်ပါသလား။

လတ်တလောမှာတော့ ဤဝန်ဆောင်မှုအားEnglish ဘာသာဖြင့်သာလျှင် SMS လက်ခံနိုင်ပါသည်။ သို့သော်လည်းMPT မှ မြန်မာဘာသာဖြင့်ပေးပို့/လက်ခံရရှိရန် ဆောင်ရွက်နေလျှက်ရှိရာ မကြာသေးတော့ခင် အချိန်များတွင် ပေးပို့/လက်ခံရရှိတော့မည့်ဖြစ်ပါသည်။

Missed call များကို စစ်ဆေးရန် ဖုန်းခေါ်ဆိုဖို့ လိုပါသလား။

Missed call များလက်ခံရရှိထားပါက system မှ နေ၍ အလိုအလျှောက် SMS ပေးပို့မှာဖြစ်ပါသည်။

Voice Mail ဝန်ဆောင်မှု နှင့် Missed Call Alert ဝန်ဆောင်မှုတို့ကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ပါသလား။

ထိုဝန်ဆောင်မှုများကို တစ်ပြိုင်နက်တည်း အသုံးပြု၍ မရပါ။

MCA ၀န်ဆောင်မှုအတွက်ဝန်ဆောင်ခပေးရန်လိုအပ်ပါသလား။

MPT သုံးစွဲသူများအတွက်MCA ၀န်ဆောင်မှုသည် အခမဲ့ဝန်ဆောင်မှု ဖြစ်သောကြောင့် မည်သည့်ဝန်ဆောင်ခမှပေးရန်မလိုအပ်ပါ။

Missed Call Alert ဝန်ဆောင်မှုကို မည်သို့ ရယူရမည်နည်း။

Missed Call Alert ဝန်ဆောင်မှုစတင်အသုံးပြုရန် “MCA” ဟုရိုက်ကာ 1331 သို့ SMS ပေးပို့ပါ။ ဝန်ဆောင်မှုမှာ အခမဲ့ဖြစ်ပါသည်။ လစဉ်ကြေးပေးရန်မလိုပါ။

Missed Call Alert ဝန်ဆောင်မှုအား ဘယ်လိုအသုံးပြုရပါသလဲ။

သုံးစွဲသူမှာ လတ်တလော ဆက်သွယ်၍ မရနိုင်လျှင်ဖြစ်စေ၊ ဖုန်းပိတ်ထားသည့် အချိန်အတွင်း ဆက်သွယ်ထား
သည့် ဖုန်းနံပါတ်များကို စာတိုစနစ်ဖြင့် ပြန်လည် အသိပေးသည့် ဝန်ဆောင်မှုဖြစ်ပါသည်။ လက်ခံရရှိသည့်စာတိုအတွက် ဝန်ဆောင်ခပေးရန်မလိုပါ။

Missed Call Alert ဝန်ဆောင်မှုအား အသုံးမပြုလိုတော့ပါက မည်သို့ပြုလုပ်ရမည်နည်း။

“MCA OFF” ဟုရိုက်ကာ 1331 သို့ မက်ဆေ့ ပေးပို့ရမှာဖြစ်ပါသည်။

Call Forwarding Service MM

Call Forward ဝန်ဆောင်မှု

Call Forward ဝန်ဆောင်မှုကို မည်သို့ ရယူရမည်နည်း။

Call Forward ဝန်ဆောင်မှုစတင်အသုံးပြုရန် “CF” ဟုရိုက်ကာ 1331 သို့ SMS ပေးပို့ပါ။ ဝန်ဆောင်မှုအားလျှောက်ထားရယူရန်မှာ အခမဲ့ဖြစ်ပါသည်။ လစဉ်ကြေးပေးရန်မလိုပါ။

လက်ခံရရှိသော အဝင်ခေါ်ဆိုမှုများအား အခြားနံပါတ်တစ်ခုသို့ လွှဲပြောင်းပေးနိုင်ပါသလား။

လက်ခံရရှိသော အဝင်ခေါ်ဆိုမှုများအား MPT ဖုန်းနံပါတ်များသို့သာ လွှဲပြောင်းပေးနိုင်ပါသည်။

Call Forward ဝန်ဆောင်မှုအား အသုံးမပြုလိုတော့ပါက မည်သို့ပြုလုပ်ရမည်နည်း။

“CF OFF” ဟုရိုက်ကာ 1331 သို့ မက်ဆေ့ ပေးပို့ရမှာဖြစ်ပါသည်။

Call Forward ဝန်ဆောင်မှုအား ဘယ်လိုအသုံးပြုရပါသလဲ။

Call Forward ဝန်ဆောင်မှုမှာ လက်ခံရရှိသော အဝင်ခေါ်ဆိုမှုများအား အခြားနံပါတ်တစ်ခုသို့ လွှဲပြောင်း
ပေးနိုင်သည့် ဝန်ဆောင်မှုဖြစ်ပါသည်။ လက်ခံရရှိသောအဝင်ခေါ်ဆိုုမှုကို လွှဲပြောင်းပေးလိုပါက အောက်ပါ
အတိုင်း ပြုလုပ်နိုင်ပါသည်။
၁)
*21*လွှဲပြောင်းပေးလိုသောဖုန်းနံပါတ်# ကိုခေါ်ဆိုရပါမည် (ဥပမာ – *21*09xxxxxxx#)
၂)
မိမိ၏ဖုန်းရှိ Settings သို့ သွားရောက်ပြီး always forward, forward when busy, forward when unanswered, forward when unreachable အစရှိသည်တို့ကို ရွေးချယ်ပေးပြီး လွှဲပြောင်းပေးလိုသော
ဖုန်းနံပါတ်ကို ထည့်ထားရပါမည်။ ပုံမှန်အားဖြင့် Settings များကို Calls တွင် တွေ့ရှိနိုင်ပါသည်။

လွှဲပြောင်းပေးသောအဝင်ခေါ်ဆိုမှုများအတွက် မည်မ ျှပေးဆောင်ရပါသလဲ။

Call Forwarding ဝန်ဆောင်မှုကိုရယူခြင်းမှာအခမဲ့ဖြစ်ပါသည်။
Call Forwarding ဝန်ဆောင်မှုကို အသုံးပြုရာတွင် အဆိုပါဝန်ဆောင်မှုကို လျှောက်ထားအသုံးပြုသူမှ ခေါ်ဆိုခနှုန်းထားအတိုင်း ကျသင့်မည် ဖြစ်ပါသည်။
အသုံးပြုပုံမှာ-
A (ခေါ်ဆိုသူ) -> B (လွှဲပြောင်းသူ) ->; C (လက်ခံရရှိသူ)
ယခု ဝန်ဆောင်မှုအားအသုံးပြုရာတွင် လွှဲပြောင်းသူမှာ ဆွေသဟာအသုံးပြုပါက တစ်မိနစ်လျှင် ၂၃ ကျပ်နှုန်းဖြင့်ကျသင့်မည်ဖြစ်ပြီ၊ ရိုးရိုးနှုန်းထားအသုံးပြုပါက တစ်မိနစ်လ ျှင် ၅၀ ကျပ် (အသုံးပြုသူနည်းသည့်အချိန် ည ၁၁ နာရီိနောက်ပိုင်းအတွက် ၂၅ ကျပ်) တို့အသီးသီးကျသင့်ပါမည်။