Poh B mm

VAS > BALANCE

Poh B

1. “ပို့ဘီ” ဝန်ဆောင်မှုဆိုတာဘာပါလဲ။

“ပို့ဘီ” သည် MPT သုံးစွဲသူအချင်းချင်း MPT ဝန်ဆောင်မှု(Package)များကို လက်ဆောင်ပေးနိုင်သည့် အခမဲ့ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ MPT သုံးစွဲသူများသည် “ပို့ဘီ” ဝန်ဆောင်မှုကိုသုံးပြီး Data Carry Plus  Pack၊ ပြောပီးရင်းပြော Voice Pack၊ ထောဘီ တို့ကို အခြားMPTဖုန်းများသို့ လက်ဆောင်ပေးပို့နိုင်မည်ဖြစ်ပါသည်။

သုံးစွဲသူများသည် ပုံမှန်အတိုင်း USSD Code များကို ရိုက်နှိပ်ကာ မိမိနှစ်သက်ရာ Package ကိုရွေးပြီး “လက်ဆောင်ပေးမည်” နေရာကိုရွေးချယ်ကာ မိမိပေးပို့လိုသည့် ဖုန်းနံပါတ်ကိုဖြည့်သွင်းလိုက်ရုံဖြင့်လွယ်ကူစွာ လက်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။

MPT 4U App ကို အသုံးပြုပြီးလည်း MPT ဝန်ဆောင်မှု (Package)များကို လက်ဆောင်ပေးပို့နိုင်မည်ဖြစ်ပါ သည်။

လက်ဆောင်ပေးပို့နိုင်မည့်အကြိမ်အရေအတွက် နှင့် လက်ဆောင်လက်ခံနိုင်မည့် အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိပါ။

လက်ခံရရှိသူသည် မိမိလက်ခံရရှိသော Package ကို ယင်းPackage ၏ လက်ရှိစည်းမျဉ်းစည်းကမ်းများအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

MPT ဝန်ဆောင်မှု (Package)USSDအခြား
 Data Carry Plus Pack*777# 

MPT4U

A Kyite Pyaw+ Voice Pack*600#
ထောဘီ*500#

2. "ပို့ဘီ"ဝန်ဆောင်မှုကိုသုံးတဲ့အခါဝန်ဆောင်ခပေးရန်လိုပါသလား။

ဝန်ဆောင်ခပေးရန်မလိုပါ။

သင်သည် “ပေးပို့သူ” ဖြစ်ပါက သင်ပေးပို့မည့်Package၏ ဈေးနှုန်းအတိုင်း ကျသင့်ငွေကိုသာ သင်၏ လက်ကျန်ငွေအတွင်းမှ ဖြတ်တောက်သွားပါမည်။ ပေးပို့မှုအောင်မြင်ကြောင်း SMS ပေးပို့အသိပေးပါမည်။

သင်သည် “လက်ခံရရှိသူ” ဖြစ်ပါက သင့်အားပေးပို့လိုက်သော Package ကိုအလိုအလျောက်လက်ခံ ရရှိပါမည်။ လက်ခံရရှိကြောင်း SMS ပေးပို့အသိပေးပါမည်။ သင်၏ package ကို *224# သို့ ခေါ်ဆိုစစ်ဆေးနိုင်ပါသည်။

3. ကျွန်တော့်မှာ လက်ကျန် Data Carry Plus Pack ရှိနေပါတယ်။ သူငယ်ချင်းဆီကနေ Data Carry Plus Pack အသစ်တစ်ခုကို လက်ခံရရှိပါတယ်။ ဒါဆိုဘယ်လိုဖြစ်မှာပါလဲ?

လက်ကျန်နှင့် အသစ်ရရှိသော ဒေတာပမာဏများပေါင်းသွားမည်ဖြစ်ပြီး Data Cary Plus Package၏ လက်ရှိစည်းမျဉ်းစည်းကမ်းများအတိုင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

A Kyite Pyaw+ Voice Pack နှင့် Htaw B  တို့သည်လည်း လက်ခံရရှိသူတွင် ရှိနေသည့် အမျိုးအစားတူ Package များနှင့် ပေါင်းသွားမည်ဖြစ်ပါသည်။

User Eligibility MM

အသုံးပြုနိုင်မှု

MPT မိုဘို်င်းဖုန်းအသုံးပြုသူအားလုံး မိတ်ဆွေဆီမှ ဖုန်းအချင်းချင်း ငွေဖြည့်ပေးပြီး ဝေမျှသုံးတဲ့ ဝန်ဆောင်မှုမှတဆင့် ငွေဖြည်ခြင်းအတွက်လက်ခံရယူနိုင်ပါသလား။

ကြိုတင်ငွေဖြည့်စနစ်အသုံးဆွေသဟာအသုံးပြုသူများနှင့် ပုံမှန်သုံး GSM/WCDMA အသုံးပြုသူများအနေဖြင့် ဖုန်းအချင်းချင်း ငွေဖြည့်ပေးပြီး ဝေမျှသုံးတဲ့ ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါတယ်။ (အထွက်ခေါ်ဆိုမှုပိတ်ခံထားသောဖုန်း၊ အဝင်လက်ခံမှုနှင့် အထွက်ခေါ်ဆိုမှုအတွက်ပိတ်ခံထားသော ဖုန်းများလည်း ဖုန်းအချင်းချင်း ငွေဖြည့်ပေးပြီး ဝေမျှသုံးတဲ့ ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါတယ်။)

CDMA အသုံးပြုသူဖြစ်ပါက ဖုန်းအချင်းချင်း ငွေဖြည့်ပေးပြီး ဝေမျှသုံးတဲ့ ဝန်ဆောင်မှုမှတဆင့် ငွေဖြည်ခြင်းအတွက်လက်ခံရယူနိုင်ပါသလား။

ယခုလောလောဆယ်မှာတော့ CDMA ကို အသုံးပြုသူများအနေဖြင့် ဖုန်းအချင်းချင်း ငွေဖြည့်ပေးပြီး ဝေမျှသုံးတဲ့ ဝန်ဆောင်မှုကို အသုံးပြုနိုင်ခြင်းမရှိသေးပါ။အနာဂတ်မှာ MPTဖုန်းသုံးစွဲသူတိုင်း ဖုန်းအချင်းချင်း ငွေဖြည့်ပေးပြီး ဝေမျှသုံးတဲ့ ဝန်ဆောင်မှုမှတဆင့် ငွေဖြည်ခြင်းအတွက်လက်ခံရယူနိုင်ရန် MPT မှ ကြိုးစားဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

MPT မိုဘိုင်းဖုနး်အသုံးပြုသူအားလုံး မိုဘိုင်းဖုန်းအချင်းချင်း ငွေဖြည့်ပေးပြီး ဝေမျှသုံးတဲ့ ဝန်ဆောင်မှုဖြင့် မိတ်ဆွေများထံသို့ ငွေလွှဲပေးနိုင်ပါသလား။

ကြိုတင်ငွေဖြည့်စနစ်အသုံးဆွေသဟာအသုံးပြုသူများနှင့် ပုံမှန်သုံး GSM/WCDMA အသုံးပြုသူများအနေဖြင့် ဖုန်းအချင်းချင်း ငွေဖြည့်ပေးပြီး ဝေမျှသုံးတဲ့ ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါတယ်။ ငွေဖြည့်ပေးမည့်သူဘက်မှာ မိမိတွင် ဝန်ဆောင်ခ ၅%အပါအဝင် ငွေဖြည့်ပေးမည့်ပမာဏအတွက် လုံလောက်သော လက်ကျန်ငွေရှိရမည်ဖြစ်ပါတယ်။

Postpaid အသုံးပြုသူများရော ဖုန်းအချင်းချင်း ငွေဖြည့်ပေးပြီး ဝေမျှသုံးတဲ့ ဝန်ဆောင်မှုမှတဆင့် ငွေဖြည်ခြင်းအတွက်လက်ခံရယူနိုင်ပါသလား။

ယခုလောလောဆယ်မှာတော့ Postpaid အသုံးပြုသူများအနေဖြင့် ဖုန်းအချင်းချင်း ငွေဖြည့်ပေးပြီး ဝေမျှသုံးတဲ့ ဝန်ဆောင်မှုကို အသုံးပြုနိုင်ခြင်းမရှိသေးပါ။ အသုံးပြုနိုင်ခြင်းမရှိသေးပါ။အနာဂတ်မှာ MPTဖုန်းသုံးစွဲသူတိုင်း ဖုန်းအချင်းချင်း ငွေဖြည့်ပေးပြီး ဝေမျှသုံးတဲ့ ဝန်ဆောင်မှုမှတဆင့် ငွေဖြည်ခြင်းအတွက်လက်ခံရယူနိုင်ရန် MPT မှ ကြိုးစားဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

Transactions and Amounts MM

ငွေဖြည့်ပုံနှင့် ငွေဖြည့်သည့်ပမာဏ

တစ်ကြိမ်ငွေဖြည့်ပါက အနည်းဆုံး/အများဆုံး ငွေဖြည့်နိုင်သည့် ပမာဏက ဘယ်လောက်ပါလဲ။

တစ်ကြိမ်လျှင် ငွေ ၃ဝဝကျပ်မှ စတင်ပြီး ၁ဝဝဝဝကျပ်အထိ ပမာဏကို မိုဘိုင်းဖုန်းအချင်းချင်း လွှဲပြောင်းဖြည့်သွင်းပေးနိုင်မည်ဖြစ်ပါသည်။ တစ်နေ့တာအတွက် လွှဲပြောင်းငွေဖြည့်သွင်းပေးနိုင်သည့် ငွေပမာဏကို ကန့်သတ်ထားခြင်းမရှိသော်လဲ တစ်နေ့တာအတွက် လွှဲပြောင်းငွေဖြည့်သွင်းပေးနိုင်သည့်အကြိမ်အရေအတွက်ကိုတော့ ၅ကြိမ်သာဖြစ်ရမည်ဟု သတ်မှတ်ထားပါတယ်။

တစ်နေ့မှာ ငွေဘယ်နှစ်ကြိမ် ဖြည့်ပေးနိုင်ပါသလဲ။

စတင်ရေတွက်သည့်အချိန်ကတော့ နေ့တစ်နေ့၏ သန်းခေါင်ချိန်စတင်ချိန်မှ သန်းခေါင်ပြန်ရောက်ချိန်အထိဖြစ်ပါတယ်။

မိတ်ဆွေကို ငွေဖြည့်ပေးဖို့အတွက် အချိန်ဘယ်လောက်ကြာပါသလဲ။

ဖုန်းအချင်းချင်း ငွေဖြည့်ပေးပြီး ဝေမျှသုံးတဲ့ဝန်ဆောင်မှုကိုပြုလုပ်ပြီးသည်နှင့် သင့်မိတ်ဆွေက လွှဲပြောင်းပေးသော ငွေကို စက္ကန့်အနည်းငယ်အတွင်း လက်ခံရရှိမှာဖြစ်ပါတယ်။

ဖည့်ပေးးထားသော ငွေလက်ကျန်သက်တမ်းက ဘယ်လိုရှိပါသလဲ။

ငွေဖြည့်ခြင်းအတွက် လက်ကျန်သက်တမ်းကိုပါလွှဲပြောင်းမည်မဟုတ်ပါ။ အကယ်၍ ငွေလက်ခံရရှိသူသည် မိုဘိုင်းဖုန်းလက်ရှိအသုံးပြုနေသူဖြစ်ပြီး လက်ကျန်ငွေမှာ သက်တမ်းကုန်ဆုံးခြင်းမရှိခဲ့ပါလျှင်၊ ငွေလက်ခံရရှိသူ၏ လက်ကျန်ငွေသက်တမ်းမှာ မူလလက်ကျန်ငွေသက်တမ်းအတိုင်းဖြစ်ပါတယ်။ (အထွက်ခေါ်ဆိုမှုပိတ်ခံထားသောဖုန်း၊ အဝင်လက်ခံမှုနှင့် အထွက်ခေါ်ဆိုမှုအတွက်ပိတ်ခံထားရသော ဖုန်းများအတွက်ကိုတော့ အထူးဖော်ပြချက်ကဏ္ဍမှာ လေ့လာနိုင်ပါတယ်။)

မိုဘိုင်းဖုန်းအချင်းချင်း ငွေဖြည့်ပေးပြီး ဝေမျှသုံးတဲ့ ဝန်ဆောင်မှုပြုလုပ်ပြီးသွားသောအခါ အထောက်အထားရရှိမှာလား။

ရရှိမှာပါ။ ငွေလွှဲပြောင်းပေးသူရော ငွေလက်ခံရရှိသူပါ ငွေဖြည့်ပြီးကြောင်းနှင့် ငွေလက်ခံရရှိကြောင်း အထောက်အထားအနေဖြင့် စာတိုလက်ခံရရှိမှာဖြစ်ပါတယ်။

တစ်နေ့တာ ငွေအများဆုံးဖြည့်နိုင်သည့် ငွေပမာဏ သတ်မှတ်ထားပါသလား။

တစ်နေ့တာအတွက် လွှဲပြောင်းငွေဖြည့်သွင်းပေးနိုင်သည့် ငွေပမာဏကို ကန့်သတ်ထားခြင်းမရှိသော်လဲ တစ်နေ့တာအတွက် လွှဲပြောင်းငွေဖြည့်သွင်းပေးနိုင်သည့်အကြိမ်အရေအတွက်ကိုတော့ ၅ကြိမ်သာဖြစ်ရမည်ဟု သတ်မှတ်ထားပါတယ်။

မိုဘိုင်းဖုန်းအချင်းချင်း ငွေဖြည့်ပေးပြီး ဝေမျှသုံးတဲ့ ဝန်ဆောင်မှုအတွက် ငွေဘယ်လောက်ကုန်ကျမှာလဲ။

မိုဘိုင်းဖုန်းအချင်းချင်း ငွေဖြည့်ပေးပြီး ဝေမျှသုံးတဲ့ ဝန်ဆောင်မှုအတွက် ကုန်ကျစရိတ်မှာ ငွေလွှဲထားသော ငွေပမာဏ၏ ၅%ကျသင့်မှာဖြစ်ပါတယ်။ အဆိုပါ ကျသင့်ငွေ ၅%ကို ငွေဖြည့်ပေးသူ၏ လက်ကျန်ငွေထဲမှ ဖြတ်သွားမည်ဖြစ်ပြီး ငွေလက်ခံရရှိသူကတော့ မည်သည့်ဝန်ဆောင်ခမှ ပေးရန်မလိုပါ။

ကျွန်ုပ်တစ်နေ့လျှင် ငွေလွှဲပေးမှုဘယ်နှစ်ကြိမ်လက်ခံနိုင်ပါသလဲ။ (သို့) တစ်နေ့လျှင် ငွေပမာဏဘယ်လောက်ို လက်ခံနိုင်ပါသလဲ။

တစ်နေ့တာအတွင်း အများဆုံး လွှဲပြောင်းငွေဖြည့်သွင်းပေးနိုင်သည့်အကြိမ်အရေအတွက်မှာ ၅ကြိမ်ဖြစ်ပါတယ်။ တစ်ကြိမ်လျှင် ငွေ ၃ဝဝကျပ်မှ စတင်ပြီး ၁ဝဝဝဝကျပ်အထိ ပမာဏကိုလွှဲပြောင်းငွေဖြည့်သွင်းပေးနိုင်တာကြောင့် တစ်နေ့တာအတွင်း အများဆုံးလွှဲပြောင်းငွေဖြည့်သွင်းပေးနိုင်သည့်ပမာဏ/လက်ခံရရှိနိုင်သည့်ပမာဏမှာ ၅ဝဝဝဝကျပ် ဖြစ်ပါတယ်။

အပိုဆောင်းဆုရရှိထားသော လက်ကျန်ငွေကို သူငယ်ချင်းထံသို့ လွှဲပေးနိုင်ပါသလား။

မရနိုင်ပါ။ မိုဘိုင်းဖုန်းအချင်းချင်း ငွေဖြည်ပေးပြီး ဝေမျှသုံးတဲ့ ဝန်ဆောင်မှုအတွက် မူရင်း လက်ကျန်ငွေထဲမှသာ လွှဲပြောင်းပေးနိုင်မည်ဖြစ်ပါတယ်။

Special Treatment MM

အထူးဝန်ဆောင်မှု

အထွက်ခေါ်ဆိုမှုကိုပိတ်ထားသော ဖုန်းသို့ ငွေဖြည့်ပေးပါက မည်သို့ဖြစ်မည်နည်း။ (က- အထွက်ခေါ်ဆိုမှုကိုပိတ်ခံထားရသောဖုန်းတွင် လက်ကျန်ငွေသက်တမ်းကုန်ဆုံးနေပါလျှင်၊ SMS သို့ အဝင်ခေါ်ဆိုမှုသာလက်ခံနိုင်ပါတယ်)

က – အထွက်ခေါ်ဆိုမှုကိုပိတ်ခံထားရသောဖုန်းတွင် ဖုန်းအချင်းချင်း ငွေဖြည့်ပေးပြီး ဝေမျှသုံးတဲ့ ဝန်ဆောင်မှုမှတဆင့် ငွေဖြည်ခြင်းအတွက်လက်ခံရယူနိုင်ပါတယ်။ ငွေဖြည့်ခြင်းလက်ခံရရှိပြီးသောအခါ အထွက်ခေါ်ဆိုမှုပြုလုပ်နိုင်ပြီး လက်ကျန်ငွေသက်တမ်းမှာ ၁၅ရက်ဖြစ်ပါတယ်။ ၄င်းအနေဖြင့် ငွေလက်ကျန်သက်တမ်း ၁၅ရက်အတွင်းမှာ ငွေထပ်မံဖြည့်သွင်းခြင်းမပြုလုပ်ပါက ၁၅ရက်သက်တမ်းကျော်လွန်သွားသောအခါ မူလအတိုင်း အထွက်ခေါ်ဆိုမှုကို ပိတ်ခံရမည်ဖြစ်ပါတယ်။

အဝင်လက်ခံမှုနှင့် အထွက်ခေါ်ဆိုမှုအတွက်ပိတ်ခံထားသော ဖုန်းသို့ ငွေဖြည့်ပေးပါက မည်သို့ဖြစ်မည်နည်း။ (ခ- အဝင်လက်ခံမှုနှင့် အထွက်ခေါ်ဆိုမှုအတွက်ပိတ်ခံထားသော ဖုန်းမတွင် ရက်ပေါင်း ၃ဝထက်ပို၍ လက်ကျန်ငွေသက်တမ်းမှာ ကုန်ဆုံးနေပါလျှင် )

ခ – အဝင်လက်ခံမှုနှင့် အထွက်ခေါ်ဆိုမှုအတွက်ပိတ်ခံထားသော ဖုန်းသို့ ဖုန်းအချင်းချင်း ငွေဖြည့်ပေးပြီး ဝေမျှသုံးတဲ့ ဝန်ဆောင်မှုမှတဆင့် ငွေဖြည်ခြင်းအတွက်လက်ခံရယူနိုင်ပါတယ်။ ငွေဖြည့်ခြင်းလက်ခံရရှိပြီးသောအခါ အဝင်လက်ခံမှုနှင့် အထွက်ခေါ်ဆိုမှုပြုလုပ်နိုင်ပြီး လက်ကျန်ငွေသက်တမ်းမှာ ၁၅ရက်ဖြစ်ပါတယ်။ ၄င်းအနေဖြင့် ငွေလက်ကျန်သက်တမ်း ၁၅ရက်အတွင်းမှာ ငွေထပ်မံဖြည့်သွင်းခြင်းမပြုလုပ်ပါက ၁၅ရက်သက်တမ်းကျော်လွန်သွားသောအခါ မူလအတိုင်း အဝင်လက်ခံမှုနှင့် အထွက်ခေါ်ဆိုမှုအတွက်ပိတ်ခံထားသော ဖုန်း ပိတ်ခံရမည်ဖြစ်ပါတယ်။

Balance Transfer mm

Balance Transfer

၁။ Balance Transfer ဝန်ဆောင်မှုကိုဘယ်လိုအသုံးပြုရမှာပါလဲ?

ငွေလွှဲပြောင်းပေးရန်အတွက်*223*လွှဲမည့်ငွေပမာဏ*ငွေလက်ခံရယူမည့်သူ၏မိုဘိုင်းနံပါတ်#ကိုရိုက်နှိပ် ခေါ်ဆိုပါ။ ဥပမာ။ *223*1000*09456456456#[send]

ပေးပို့သူအနေဖြင့် လွှဲပြောင်းငွေ ပမာဏ၏ ၅% ကို ၀န်ဆောင်ခ အဖြစ် ပေးဆောင်ရမှာ ဖြစ်ပါတယ်။

 

၃။ အပိုဆောင်းဆုရရှိထားသော လက်ကျန်ငွေ (Bonus) ကိုအခြား MPT ဖုန်းနံပါတ်တစ်ခုထံသို့ လွှဲပေးနိုင်ပါသလား?

မရနိုင်ပါ။ Balance Transfer ဝန်ဆောင်မှုအတွက် မူရင်းလက်ကျန်ငွေထဲမှသာ လွှဲပြောင်းပေးနိုင်မည်ဖြစ်သည်။

၅။ ဘယ်သူတွေက Balance Transfer ဝန်ဆောင်မှုမှ တဆင့် အခြားသူများထံမှ လွှဲပြောင်းငွေ ရရှိနိုင်မှာပါလဲ?

MPT GSM/WCDMA မိုဘိုင်းဖုန်းများ၏ Prepaid စနစ်အသုံးပြုသူများအားလုံး(1-way block and 2-way block ဖြစ်နေသော သုံးစွဲသူများအပါအဝင်)သည် Balance Transfer ဝန်ဆောင်မှုမှတစ်ဆင့် အခြားသူများထံမှ လွှဲပြောင်းငွေလက်ခံရရှိနိုင်ပါသည်။

၇။ 1-way block ဖြစ်နေသောဖုန်းသို့ငွေလွှဲပြောင်းပေးပါက မည်သို့ဖြစ်မည်နည်း?

1-way blockဖြစ်နေသော ဖုန်းသည် Balance Transfer ဝန်ဆောင်မှုမှတဆင့် ငွေလွှဲပြောင်းပေးခြင်း ကိုလက်ခံရယူနိုင်ပါသည်။ ငွေဖြည့်ခြင်းလက်ခံရရှိပြီးသောအခါ အထွက်ခေါ်ဆိုမှုပြုလုပ်နိုင်ပြီး လက်ကျန်ငွေ သက်တမ်းမှာ ရက်၉၀ဖြစ်သည်။ ၎င်းအနေဖြင့် လက်ကျန်ငွေသက်တမ်း ရက်၉၀အတွင်းမှာ ငွေထပ်မံဖြည့်သွင်းခြင်းမပြုလုပ်ပါက ရက်၉၀ကျော်လွန်သွားသောအခါ မူလအတိုင်း အထွက်ခေါ်ဆိုမှုပြန်လည် ပိတ်ခံရမည်ဖြစ်သည်။

၂။ တစ်ကြိမ်ငွေလွှဲပြောင်းပေးပါက အနည်းဆုံး/အများဆုံးလွှဲပြောင်းနိုင်သည့် ငွေပမာဏဘယ်လောက်ပါလဲ?

တစ်ကြိမ်လျှင်ငွေ ၃၀၀ကျပ်မှ စတင်ပြီး ၁၀၀၀၀ကျပ်အထိ ပမာဏကို မိုဘိုင်းဖုန်းအချင်းချင်း လွှဲပြောင်းဖြည့်သွင်းပေးနိုင်မည်ဖြစ်ပါသည်။ တစ်နေ့တာ(နေ့စဉ် မနက် 00:00နာရီမှ ည23:59နာရီ) အတွင်း အများဆုံး ၅ကြိမ်အထိ လွှဲပြောင်းဖြည့်သွင်းပေးနိုင်ပါသည်။

၄။ ဘယ်သူတွေက Balance Transfer ဝန်ဆောင်မှုကိုသုံးပြီး မိတ်ဆွေများထံသို့ ငွေလွှဲပြောင်းပေးနိုင်မှာပါလဲ?

MPT GSM/WCDMA မိုဘိုင်းဖုန်းများ၏ Prepaid စနစ်အသုံးပြုသူများသည် Balance Transfer ကို အသုံးပြု၍ မိတ်ဆွေများထံသို့ ငွေလွှဲပြောင်းပေးနိုင်မည်ဖြစ်သည်။ ငွေလွှဲပြောင်းသူသည် MPT SIM Card စတင်အသုံးပြုချိန်မှ စ၍လက်ရှိအချိန်အထိ အနည်းဆုံး ဖုန်းဘီလ်၃၀၀၀ကျပ် အသုံးပြုပြီးဖြစ်ရမည်ဖြစ်သည်။ ငွေလွှဲပြောင်းသူတွင် လွှဲပြောင်းပေးမည့်ပမာဏအတွက် လုံလောက်သော လက်ကျန်ငွေရှိရမည်ဖြစ်သည်။

၆။ CDMA အသုံးပြုသူဖြစ်ပါက Balance Transfer ဝန်ဆောင်မှုကို အသုံးပြုနိုင်မှာပါလား?

လက်ရှိတွင် CDMAဖုန်းအသုံးပြုသူများသည် Balance Transfer ဝန်ဆောင်မှုကို အသုံးပြုနိုင်ခြင်းမရှိသေးပါ။

၈။ 2-way block ဖြစ်နေသောဖုန်းသို့ငွေလွှဲပြောင်းပေးပါက မည်သို့ဖြစ်မည်နည်း?

2-way blockဖြစ်နေသော ဖုန်းသည် Balance Transfer ဝန်ဆောင်မှုမှတဆင့် ငွေလွှဲပြောင်းပေးခြင်း ကိုလက်ခံရယူနိုင်ပါသည်။ ငွေဖြည့်ခြင်းလက်ခံရရှိပြီးသောအခါ ဖုန်းကိုပုံမှန်အတိုင်း ဆက်လက် အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ကျန်ငွေသက်တမ်းမှာ ရက်၉၀ဖြစ်သည်။ ၎င်းအနေဖြင့် လက်ကျန်ငွေသက်တမ်း ရက်၉၀အတွင်းမှာ ငွေထပ်မံဖြည့်သွင်းခြင်းမပြုလုပ်ပါက ရက်၉၀ကျော်လွန်သွားသော အခါ အထွက်ခေါ်ဆိုမှု အပိတ်ခံရမည်ဖြစ်သည်။

“Yu Htar+” service MM

VAS > BALANCE

“ယူထား+” ၀န်ဆောင်မှု

၁။ ယူထား+ ၀န်ဆောင်မှု ဆိုတာဘာလဲ?

MPT သုံးစွဲသူများအနေဖြင့် လက်ကျန်ငွေနည်းနေသည့်အချိန်တိုင်းတွင် MPT ၏ “ယူထား+”  ဝန်ဆောင်မှုမှ  ချေးငွေရယူ၍ အသုံးပြုနိုင်သည်။ “ယူထား+”  ဝန်ဆောင်မှုကို အရေးပေါ် အခြေအနေများနှင့် ဖုန်းဘေလ်ဖြည့်ရန်လွယ်ကူခြင်းမရှိသောအခြေအနေများတွင် *800# ကိုခေါ်၍ ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။

၂။ ယူထား+ ဝန်ဆောင်မှုကို ဘယ်လိုရယူမလဲ?

ယူထား+ ဝန်ဆောင်မှုကိုရယူရန်

  • USSD code အသုံးပြုပြီး ငွေချေးခြင်း အတွက် *800# ကိုခေါ်ဆိုပါ။
  • SMS အသုံးပြုပြီး ငွေချေးခြင်းအတွက် “8000” သို့ 800 ဟုရိုက်၍ SMS ပေးပို့နိုင်ပါသည်။
  • MPT4U application မှတဆင့်လည်းရယူနိုင်ပါသည်။

၃။ ယူထား+ ဝန်ဆောင်မှုအသုံးပြုဖို့ ဘာတွေလိုအပ်ပါသလဲ?

MPT သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန်အတွက် ချေးငွေရယူသုံးစွဲနိုင်သော  ယူထား+ ဝန်ဆောင်မှုကိုရယူရန် *800# ကိုခေါ်ဆိုနိုင်ပါသည်။ အောက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီသူများသည် ယူထား+ဝန်ဆောင်မှုမှ ချေးငွေဝန်ဆောင်မှုကို ရယူနိုင်ပါသည်။

(၁) ဤဝန်ဆောင်မှုသည် Prepaid သုံးစွဲသူများအတွက်သာဖြစ်ပါသည်။

(၂) MPT ဆင်းကတ်အသုံးပြုသည့်ရက်မှာ ရက်(၃၀)အထက်ရှိရပါမည်။

(၃) ရက်(၉၀)အတွင်း ဖုန်းဘေလ် တစ်ခါဖြည့်ထားရပါမည်။

(၄)  ရက်(၉၀)အတွင်း ဖုန်းဘေလ်    အနည်းဆုံး(၃၀၀၀)ကျပ်ဖြည့်သွင်းထားရပါမည်။

(၅) ယခင်ယူထားသော ချေးငွေကို ပြန်လည်မပေးချေရသေးသော်လည်း ရရှိနိုင်သောပမာဏအထိ ထပ်မံချေးယူနိုင်ပါသည်။

(၆) သင်ချေးယူနိုင်သောပမာဏကို MPT ဖုန်းဘေလ်ဖြည့်သွင်းသောပမာဏနှင့်ဖြည့်သွင်းသည့်အကြိမ်ပေါ်မူတည်၍ ကန့်သတ်တွက်ချက်ပါမည်။

၄။ ယူထား+ ဝန်ဆောင်မှုမှ ချေးငွေဘယ်လောက်ထိချေးယူနိုင်ပါသလဲ?

သတ်မှတ်ထားသောသင်၏ချေးငွေပေါ်မူတည်၍ အောက်ပါပမာဏများကို ချေးယူနိုင်ပါမည်။

ချေးငွေပမာဏဝန်ဆောင်ခနောက်ထပ်ငွေဖြည့်မှုမှ
ပြန်လည်ရယူခြင်း
၈၀၀ ကျပ်၆၀ ကျပ်၈၆၀ ကျပ်
၁၀၀၀ ကျပ်၁၀၀ ကျပ်၁၁၀၀ ကျပ်
၁၅၀၀ ကျပ်၁၅၀ ကျပ်၁၆၅၀ ကျပ်
၂၅၀၀ ကျပ်၂၅၀ ကျပ်၂၇၅၀ ကျပ်
၄၅၀၀ ကျပ်၄၅၀ ကျပ်၄၉၅၀ ကျပ်

သင်၏ဖုန်းလက်ကျန်ငွေပေါ် မူတည်၍ ချေးငွေပမာဏနှင့်၀န်ဆောင်ခကို နောက်တစ်ကြိမ်ငွေဖြည့်သွင်းရာတွင် အပြည့်အ၀(သို့)တစ်စိတ်တစ်ပိုင်းကောက်ခံပါမည်။

ချေးငွေအနည်းဆုံးပမာဏ  ၈၀၀ကျပ်ကိုတစ်လအတွင်း (၁)ကြိမ်သာချေးယူနိုင်ပြီး ၊ ယင်းလအတွင်း နောက်ထပ်ချေးငွေများများရယူရန်အတွက် ပိုမိုများပြားသောချေးငွေပမာဏသို့ပြောင်းလဲရယူနိုင်မည်ဖြစ်ပါသည်။

၅။ ယူထား+ ဝန်ဆောင်မှုအား ဘယ်ဝန်ဆောင်မှုကို အသုံးပြုပါသလဲ?

ယူထား+  ဝန်ဆောင်မှုမှရရှိလာသော ချေးငွေကို MPTဝန်ဆောင်မှုများအတွက် အသုံးပြုနိုင်ပါသည်။ (Value Added Service ဝန်ဆောင်မှုများမှလွဲ၍)

Value Added Service ဝန်ဆောင်မှုများ အသုံးပြုလိုပါက အောက်ပါအခြေအနေ (၂)ခုလိုအပ်ပါသည်။

၁။ SIM Card အသုံးပြုသည့်ရက်မှာ ရက်(၃၀)အထက်ရှိရပါမည်။

၂။ ရက်(၉၀)အတွင်း ဖုန်းဘေလ် အနည်းဆုံး(၃၀၀၀)ကျပ်ဖြည့်သွင်းထားရပါမည်။

၆။ ယူထား+ ဝန်ဆောင်မှုမှရရှိသော ချေးငွေအသုံးပြုနိုင်သောသက်တမ်းကဘယ်လောက်လဲ?

ယူထား+ ဝန်ဆောင်မှုမှ ရရှိသော ချေးငွေ၏သက်တမ်းသည် ရက်(၃၀)ဖြစ်သည်။ ယင်းကာလပြီးနောက် ချေးငွေအားသုံးစွဲနိုင်တော့မည်မဟုတ်ပါ။

၇။ ယူထား+ ဝန်ဆောင်မှု၏ ကြွေးကျန်ငွေကို မည်သည့်နည်းလမ်းဖြင့် စစ်ဆေးနိုင်ပါလဲ?

၁။ *800*7# ကိုခေါ်ဆိုနိုင်ပါ။

၂။ *800#ကိုခေါ်ဆိုပါ -> “တခြား”ကိုရွေးပြီးချေးယူထားသောပမာဏကိုစစ်ဆေးပါ။

၃။ 8000 သို့ Debt ဟု ပြန်လည်ပေးပို့၍ စစ်ဆေးပါ။

၄။ MPT4U Application မှတဆင့်လည်း စစ်ဆေးနိုင်ပါသည်။

၈။ ယူထား+ ဝန်ဆောင်မှုမှ မိမိချေးယူရရှိနိုင်သော ငွေပမာဏကို မည်သည့်နည်းလမ်းဖြင့် စစ်ဆေးနိုင်ပါသလဲ?

၁။ *800*0# ကိုခေါ်ဆိုနိုင်ပါ။

၂။ *800#ကိုခေါ်ဆိုပါ -> “တခြား”ကိုရွေးပြီး ရရှိနိုင်သောပမာဏကိုစစ်ဆေးပါ။

၉။ ယူထား+ ဝန်ဆောင်မှုမှ မိမိ၏ ချေးငွေစာရင်းကို မည်သည့်နည်းလမ်းဖြင့် ကြည့်နိုင်ပါသလဲ။

၁။ *800*5# ကိုခေါ်ဆိုနိုင်ပါ။

၂။ *800#ကိုခေါ်ဆိုပါ -> “တခြား”ကိုရွေးပြီး ချေးငွေစာရင်းကို ရွေးချယ်ပြီးစစ်နိုင်ပါသည်။

၁၀။ MPT ဘက်မှချေးငွေကန့်သန့်ချက်ကို ဘယ်လိုသတ်မှတ်ထားပါသလဲ ?

အမျိုးမျိုးသောလုပ်ဆောင်ချက်တွေနဲ့ သတ်မှတ်ထားပါတယ်။

  • ဖုန်းဘေလ်ဖြည့်သွင်းသောအရေအတွက်
  • ဖုန်းဘေလ်ဖြည့်သည့်ပမာဏ
  • MPT (အင်တာနက်သုံးစွဲမှုနှင့်ဖုန်းခေါ်ဆိုမှု) အသုံးပြုမှုပမာဏ
  • MPT ဆင်းကဒ်လက်ရှိအသုံးပြုသော ရက်အရေအတွက်

၁၁။မိမိမှာ ၈၀၀ ကျပ်ပဲချေးယူနိုင်ပြီး တခြား MPT အသုံးပြုသူမှာ ၄၅၀၀ ကျပ် အထိ ဘာကြောင့် ရရှိနေပါသလဲ?

ချေးငွေစနစ်မှ ရရှိနိုင်မှုပမာဏကို အောက်ပါအချက်အလက်နှင့်အညီ ကန့်သတ် သတ်မှတ်ထားပါတယ်။

  • ဖုန်းဘေလ်ဖြည့်သွင်းသောအရေအတွက်
  • ဖုန်းဘေလ်ဖြည့်သည့်ပမာဏ
  • MPT (အင်တာနက်သုံးစွဲမှုနှင့်ဖုန်းခေါ်ဆိုမှု) အသုံးပြုမှုပမာဏ
  • MPT ဆင်းကဒ်လက်ရှိအသုံးပြုသောရက် အရေအတွက် တို့ပဲဖြစ်ပါတယ်။

ချေးငွေပမာဏအများဆုံး ရရှိနိုင်ရန် MPT ဆင်းကဒ်ကို အသုံးပြုပြီး အခုပဲဖုန်းဘေလ်တွေ ပိုပြီး ဖြည့်လိုက်ပါ။

၁၂။ ချေးငွေဝန်ဆောင်မှုမှ international roaming ဝန်ဆောင်မှုများဖြစ်သော နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် အင်တာနက်ဝန်ဆောင်မှုများအတွက် အသုံးပြုနိုင်ပါသလား။

ချေးငွေဝန်ဆောင်မှုမှ international roaming ဝန်ဆောင်မှုများ မရရှိနိုင်ပါ။

၁၃။ ချေးငွေဝန်ဆောင်မှုမှ နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် အင်တာနက်ဝန်ဆောင်မှုများအတွက် အသုံးပြုနိုင်ပါသလား။

ချေးငွေဝန်ဆောင်မှုကို အသုံးပြုပြီး (IDD pack) နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း ဝန်ဆောင်မှုများ မရရှိနိုင်ပါ။