Blacklist and Stop feature faqs mm

Blacklist and Stop feature

1. ထပ်ဆောင်းဝန်ဆောင်မှုကိုပယ်ဖျက်ခြင်း ဆိုတာဘာလဲ?

1414 အောက်ပါအချက်များကို ပေးပို့ပြီး အောက်ဖော်ပြပါလုပ်ဆောင်မှုများကိုပြုလုပ်နိုင်သည်။

  • “ Stop” ” ဟု စာတို ပေးပို့ခြင်းဖြင့် ထပ်ဆောင်း ဝန်ဆောင်မှုများကို စစ်ဆေး၊ ပယ်ဖျက်နိုင်ပါသည်။
  • “ Blacklist / BL” ဟု စာတိုပေးပို့ခြင်းဖြင့် ထပ်ဆောင်းဝန်ဆောင်မှုအားလုံးကို Blacklist ပြုလုပ်နိုင်ပါသည်။

2. ထပ်ဆောင်းဝန်ဆောင်မှုအားလုံးကို တစ်ချိန်ထဲတွင် ပယ်ဖျက်လို့ရနိုင်ပါသလား?

ထပ်ဆောင်းဝန်ဆောင်မှုအားလုံးကို တစ်ချိန်ထဲတွင် ပယ်ဖျက်လို့ရနိုင်ပါသည်။

1> 1414 သို့ “ Stop” ဟုစာတို ပေးပို့ပါ။

2> ထို့နောက် သင်ရယူထားသော  ထပ်ဆောင်းဝန်ဆောင်မှုများကို ဖော်ပြထားသည့်စာရင်း မှ သင် ပယ်ဖျက်လိုသော ဝန်ဆောင်မှုအား ရွေးချယ်ပယ်ဖျက်နိုင်ပါသည်။

3. ထပ်ဆောင်းဝန်ဆောင်မှုများကို Blacklist ပြုလုပ်လို့ရပါသလား?

ဟုတ်ကဲ့။ သင် အနေဖြင့်ထပ်ဆောင်းဝန်ဆောင်မှုများအားလုံးကို blacklist ပြုလုပ်နိုင်ပါသည်။

1414 သို့ “ BL” ဟု ပေးပို့ပြီးတာနဲ့ သင်လက်ရှိ ရယူထားသော ဝန်ဆောင်မှုများနှင့် MPT ring tune မှလွဲ၍ တခြား ထပ်ဆောင်းဝန်ဆောင်မှုအသစ်များ အားလုံးကို ရယူအသုံးပြုနိုင်တော့မည်မဟုတ်ပါ။

4. ထပ်ဆောင်းဝန်ဆောင်မှုများကို SMS မှတဆင့် Blacklist ပြုလုပ်ပါက လက်ရှိရယူထားသော ဝန်ဆောင်မှုများ အားလုံးပါ ပယ်ဖျက်သွားမည်လား?

Blacklist ပြုလုပ်ပါက လက်ရှိရယူထားသော ဝန်ဆောင်မှုများအားလုံး မပယ်ဖျက်သွားနိုင်ပါ။ လက်ရှိရယူထား သော ဝန်ဆောင်မှုများကို ပယ်ဖျက်လိုပါက unsubscribe လုပ်ရန်လိုအပ်ပါသည်။

5. ဖုန်းနံပါတ်က Blacklist ထဲရှိနေပါက တခြားဝန်ဆောင်မှုများကို ဘယ်လိုရယူနိုင်မလဲ?

၁၀၆ သို့ခေါ်ဆို မေးမြန်း၍ အခြား ဝန်ဆောင်မှု အသစ်ကို ရယူနိုင်ပါသည်။

6.ထပ်ဆောင်းဝန်ဆောင်မှုများကို Blacklist ပြုလုပ်ပါက လက်ရှိရယူထားသော ဝန်ဆောင်မှုများအားလုံးကို ဆက်လက်အသုံးပြုရနိုင်မည်လား။?

ထပ်ဆောင်းဝန်ဆောင်မှုများကို  blacklist ပြုလုပ်ပါက လက်ရှိရယူထားသော ဝန်ဆောင်မှုများအားလုံးကို ဆက်လက်အသုံးပြုနိုင်ပါသည်။

M-Learning FAQ MM

M-Learning

၁။ M-Learning ဝန်ဆောင်မှုဆိုတာဘာလဲ။

  • ဤ M-Learning ဝန်ဆောင်မှုသည် ဘာသာစကားသင်ခန်းစာစီးရီးများမှတစ်ဆင့် အင်္ဂလိပ်စာလေ့လာသင်ယူနိုင်ရန် MPT သုံးစွဲသူများအား ဖိတ်ကြားထားသော ပညာရေးဆိုင်ရာ အင်္ဂလိပ်စာလေ့လာရေးပေါ်တယ်တစ်ခု ဖြစ်ပါသည်။ ဤဝန်ဆောင်မှု၌ (SMS မှတစ်ဆင့် တစ်နေ့လျှင် တစ်စောင်လက်ခံရရှိမည့်) ဘာသာစကားလေ့လာရေးဆိုင်ရာ အထွေထွေဗဟုသုတများအပြင် HTML5 ပေါ်တယ်သို့ ဝင်ရောက်လေ့လာနိုင်ခွင့်ပါ ပါဝင်ပါသည်။ ဤဝန်ဆောင်မှုတွင် သုံးစွဲသူများ လေ့လာနိုင်ရန်အတွက် ကဏ္ဍအမျိုးမျိုးနှင့် အဆင့်အမျိုးမျိုး (အခြေခံ၊ အလယ်အလတ်၊ အဆင့်မြင့်) တင်ဆက်သွားမည်ဖြစ်ပါသည်။

ဝန်ဆောင်မှုသုံးစွဲသည့်အခါ (အခွန်အားလုံးအပါအဝင်) တစ်ရက်လျှင် ၁၅၈ ကျပ် ကျသင့်ပါမည်။ ပထမအကြိမ် အခပေးစာရင်းသွင်းပြီးသည့်အခါ သုံးစွဲသူများသည် ဝန်ဆောင်မှုကို ရ ရက်တာ အခမဲ့သုံးစွဲခွင့် ရရှိမည်ဖြစ်ပါသည်။ အခမဲ့ကာလမကုန်ဆုံးမီ စာရင်းသွင်းထားသူများထံသို့ ဝန်ဆောင်မှုနှင့်သက်ဆိုင်သော အသိပေးချက်များ ပေးပို့သွားမည်ဖြစ်ပါသည်။

၃။ ဝန်ဆောင်မှုကို ဘယ်သူတွေ သုံးစွဲခွင့်ရှိသလဲ။

ဝန်ဆောင်မှုကို MPT သုံးစွဲသူအားလုံး အသုံးပြုနိုင်ပါသည်။ ဆင်းမ်ကတ်ပိုင်ရှင်၊ သို့မဟုတ် ဆင်းမ်ကတ်ပိုင်ရှင်ထံမှ ဆင်းမ်ကတ်အသုံးပြုခွင့်ရရှိထားသူကို ဖုန်းအမှန်တကယ်သုံးစွဲသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အခပေးသုံးစွဲသူအဖြစ် သတ်မှတ်ပါသည်။

၅။ M-Learning ဝန်ဆောင်မှုကို ဘယ်လိုပယ်ဖျက်နိုင်မလဲ။

ဝန်ဆောင်မှု ပယ်ဖျက်ရန် အောက်ပါအဆင့်များအတိုင်း လိုက်နာပါ။

I. 8282 သို့ STOP ဟု ပို့ပါ။

II. ဝန်ဆောင်မှုပယ်ဖျက်ပြီးနောက် သုံးစွဲသူသည် အတည်ပြု SMS လက်ခံရရှိမည်။

၇။ M-Learning အတွက်လင့်ခ်ကို ဘယ်မှာ ရှာလို့ရနိုင်မလဲ။

http://engclass.up.st/ ဟူသည့်လင့်ခ်မှ M-Learning ပေါ်တယ်သို့ ဝင်ရောက်နိုင်ပါသည်။ သုံးစွဲသူအနေနှင့် 8282 သို့ INFO ဟု ပေးပို့ပြီးလည်း ပေါ်တယ်၏လင့်ခ်ကို ပြန်လည်ရယူနိုင်ပါသည်။

၉။ M-Learning ပေါ်တယ်က နှေးနေပါတယ်။ ဘာလုပ်ရမလဲ။/ ပေါ်တယ်အတွင်း ဝင်ရောက်ချိန်မှာ တို့ထိတာ၊ ကလစ်နှိပ်တာတွေ လုပ်ပါတယ်။ ဘာမှဖြစ်မလာပါဘူး။ ဘာကြောင့်ပါလဲ။

  • a) ပထမဆုံးအနေနှင့် စာမျက်နှာကို ပြန်တင်ပါ။ သို့မဟုတ် ဘရောက်ဇာကို ပိတ်လိုက်ပြီး နောက်တစ်ကြိမ် ပြန်ဖွင့်ပါ။
  • b) သင့်ဖုန်း၏ အင်တာနက်ချိတ်ဆက်မှု၊ သို့မဟုတ် WIFI အလုပ်လုပ်ရဲ့လား ပြန်လည်စစ်ဆေးပါ။
  • c) ဖုန်းအင်တာနက် အသုံးပြုနေပါက အင်တာနက်သုံးစွဲ၍ရနိုင်ကြောင်း သေချာပါစေ။ (လိုအပ်ပါက ဝန်ဆောင်မှုပံ့ပိုးသူထံ ဆက်သွယ်စစ်ဆေးပါ။)
  • d) ဘရောက်ဇာကို “ကိုယ်ပိုင်ဝင်းဒိုး” သို့မဟုတ် “လျှို့ဝှက်အနေအထား” နှင့် သုံးစွဲနေတာမျိုး မဖြစ်ပါစေနှင့်။
  • e) သင့်ဖုန်း နှေးနေလျှင် မလိုအပ်ဘဲ ဖွင့်ထားမိသော ဝင်းဒိုးများ၊ စာမျက်နှာများကို ပိတ်ပါ။ ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေနိုင်သော အထူးပလတ်အင်များ၊ အင်တီဗိုင်းရပ်နှင့် ဖိုင်းယားဝေါဆော့ဝဲများကို ပိတ်ပါ။

၁၁။ M-Learning ဝန်ဆောင်မှုကို ဖုန်း/တက်ဘလက်တစ်လုံးအပြင် တခြားကနေရော ဝင်လို့ရမလား။

  • ရပါသည်။ M-Learning ပေါ်တယ်လင့်ခ်နှင့် သင့်၏အထောက်အထားအချက်အလက်များကို အသုံးပြုမည်ဆိုပါက အင်တာနက်ချိတ်ဆက်ထားသော မည်သည့်ကိရိယာမှာမဆို ပေါ်တယ်ကို အသုံးပြုနိုင်ပါသည်။

၂။ ဝန်ဆောင်မှုက ဘယ်လိုလည်ပတ်သလဲ၊ ဘယ်လိုအခပေးစာရင်းသွင်းရမှာလဲ။

(WiFi, 2G, 3G သို့မဟုတ် 4G) အင်တာနက်ချိတ်ဆက်မှုဖြင့် ပေါ်တယ်သို့ ဝင်ရောက်နိုင်ပါသည်။ အခပေးစာရင်းသွင်းမှုအဆင့်မှုများကို အောက်တွင် ရှင်းလင်းဖော်ပြထားသည်။

a) 8282 သို့ ON ဟု ပို့ပါ။

b) စာရင်းသွင်းမှု အောင်မြင်ပြီးသည့်နောက်တွင် သုံးစွဲသူသည် အောက်ဖော်ပြပါအတည်ပြု SMS ကို လက်ခံရရှိသည်။ ၎င်းတို့မှာ –

  • ကြိုဆိုမက်ဆေ့ချ်
  • ပေါ်တယ်သို့ ဝင်ရောက်ရမည့် အသေးစိတ်အချက်အလက်များ (သုံးစွဲသူအိုင်ဒီ/စကားဝှက် နှင့် ပေါ်တယ်လင့်ခ်)
  • အင်္ဂလိပ်သင်ခန်းစာ – တစ်နေ့တာလေ့လာရမည့်အကြောင်းအရာ

၄။ လက်ခံရရှိသော SMS အတွက် ဘယ်လိုပေးချေရမလဲ။

  • 8282 မှ သုံးစွဲသူ လက်ခံရရှိသော SMS များအားလုံးမှာ အခမဲ့ဖြစ်သော်လည်း နေ့စဉ်ကြေးအနေနှင့် တစ်ရက်လျှင် ၁၅၈ ကျပ် ကောက်ခံသွားပါမည်။

၆။ User ID & စကားဝှက်ကို ဘယ်လို ရနိုင်မလဲ။

  • M-Learning ပေါ်တယ်သို့ ဝင်ရောက်ရမည့် ကိုယ်ပိုင်အထောက်အထားအချက်အလက်များကို ကနဦးအခပေးစာရင်းသွင်းပြီးသည်နှင့် သုံးစွဲသူထံ ပေးပို့သွားပါမည်။ သုံးစွဲသူအနေနှင့် မည်သည့်အချိန်တွင်မဆို 8282 သို့ PASSWORD ဟု ပေးပို့ပြီး ပေါ်တယ်၏လင့်ခ်ကို ပြန်လည်ရယူနိုင်ပါသည်။ သင်၏ဖုန်းနံပါတ်မှာ သင်၏ သုံးစွဲသူအထောက်အထားအချက်လက် (ID) ပင် ဖြစ်ပါသည်။

၈။ M-Learning ပေါ်တယ်ကို ဘာလို့ ဝင်မရတာလဲ။

  • သုံးစွဲသူအနေနှင့် ပေါ်တယ်သို့ ဝင်ရောက်နိုင်ရေးအတွက် HTML5 ကို ပံ့ပိုးသော ဘရောက်ဇာ လိုအပ်နေခြင်းဖြစ်နိုင်ပါသည်။ အခြားအကြောင်းအနေနှင့် အခကြေးပေးချေရာတွင် ပြဿနာဖြစ်ပေါ်နေခြင်းလည်း ဖြစ်နိုင်ပါသည်။ နေ့စဉ်ကြေး ပေးချေရန်အတွက် မိမိဖုန်းတွင် ငွေလက်ကျန် အလုံအလောက်ရှိရဲ့လား ပြန်လည်စစ်ဆေးပါ။ သင့်ဖုန်းငွေလက်ကျန်မှ နေ့စဉ်ကြေး ကောက်ခံပြီးသည်နှင့် ပေါ်တယ်ပေါ်သို့ အပြည့်အဝ ဝင်ရောက်နိုင်ပါလိမ့်မည်။

၁၀။ ပေါ်တယ်သို့ အလွယ်ဝင်ရောက်နိုင်အောင် M-Learning ပေါ်တယ်စာမျက်နှာကို ဖုန်းထဲက တစ်နေရာရာမှာ သိမ်းထားလို့ရမလား။

သင့်ဖုန်း/တက်ဘလက်၏ ပင်မစာမျက်နှာပေါ်တွင် ပေါ်တယ်၏ရှော့ကတ်ကို ဖန်တီးထားနိုင်ပါသည်။ ယင်းသို့လုပ်ဆောင်ရန် ဘရောက်ဇာ၏ ဆက်တင်အတွင်းဝင်ပြီး “Add to homescreen” ကို နှိပ်ပါ။ အင်တာနက်ကို ဖွင့်ထားဖို့ကိုတော့ မမေ့ပါနှင့်။ သို့မဟုတ်ပါက လင့်ခ် အလုပ်လုပ်မည်မဟုတ်ပေ။

၁၂။ ကျွန်တော် မက်ဆေ့ချ် ပို့ပါတယ်။ ဒါပေမယ့် အကြောင်းပြန်မက်ဆေ့ချ် ပြန်မရပါဘူး။

ယင်းသို့ အကြောင်းပြန်မက်ဆေ့ချ် ပြန်မရသည့်အခါ အောက်ဖော်ပြပါညွှန်းကြားချက်များကို လိုက်နာဆောင်ရွက်ပါ။

a) ဖုန်း၏မက်ဆေ့ချ်ဝင်ဆံ့မှုပမာဏ ပြည့်သွားပြီးလား၊ မက်ဆေ့ချ်သစ် လက်ခံရန် မဲမိုရီ မရှိတော့ဘူးလားဆိုတာ စစ်ပါ။ နေရာလွတ်ရရှိစေရန် မက်ဆေ့ချ်တချို့ကို ဖျက်ပစ်ပါ။

b) မက်ဆေ့ချ်ကို ပို့ရမည့်နံပါတ်ဆီ ပို့မထားမိသည့်အခါ SMS အသစ်တစ်စောင်ရေးပြီး ဝန်ဆောင်မှုထံမှ မက်ဆေ့ချ်လာသည့်နံပါတ်ဆီ ပြန်ပို့ပါ။

c) လောလောဆယ် မိမိအနီးဝန်းကျင်၌ လိုင်းကျပ်နေခြင်းလည်း ဖြစ်နိုင်ပါသည်။ ခေတ္တစောင့်ပေးပါ။ ၁၅ မိနစ်အတွင်း မက်ဆေ့ချ် ဝင်မလာပါက SMS အသစ်တစ်စောင် ထပ်ပို့ပါ။

Let’s Play FAQ MM

Let’s Play

၁။ “ကစားကြစို့”ဆိုတာဘာလဲ။

  • “ကစားကြစို့”ဆိုသည်မှာIOSနှင့်Androidနှစ်ခုစလုံးတွင်ကစားနိုင်သောအရည်အသွေးမြင့်အွန်လိုင်းဂိမ်းများကိုရယူပြီးဆော့ကစားနိုင်သောအွန်လိုင်းဂိမ်း Portal တစ်ခုဖြစ်သည်။ဂိမ်းဖျော်ဖြေမှုပေါင်းများစွာအနက် အက်ရှင်၊အားကစား၊ပြိုင်ပွဲတို့နှင့်အတူအခြားအခြားသောဂိမ်းအမျိုးအစားများစွာတို့အားရယူပြီးကစားလိုက်ပါ။

၃။ “ကစားကြစို့”၀န်ဆောင်မှုမှဂိမ်းများကစားရန်ဘာတွေလိုအပ်လဲ။

  • “ကစားကြစို့”၀န်ဆောင်မှုအား3Gနှင့်အထက်အင်တာနက်လိုင်းချိတ်ဆက်နိုင်သောမည်သည့်စမတ်ဖုန်းနှင့်မဆိုရယူနိုင်ပြီးUp to dateဖြစ်သောWeb Browserတစ်ခုရှိရန်လိုအပ်ပါသည်။

၅။ ၀န်ဆောင်ခကရော ဘယ်လောက်ကျသင့်မှာလဲ။

  • “ကစားကြစို့”ဝန်ဆောင်မှုအားစာရင်းပေးသွင်းပြီးပထမဆုံးရရက်တွင်အခမဲ့ကစားနိုင်ပါသည်။အခမဲ့ကာလ တစ်ပတ်ကျော်လွန်ပါကတစ်ရက်လျှင်၂၀၀ကျပ်နှုန်းဖြင့်ကောက်ခံသွားမည်ဖြစ်ပါသည်(အခွန်အားလုံးပါပြီး)။အခမဲ့ကာလ၏ဝန်ဆောင်မှုရရက်ကို ဖုန်းနံပတ်တစ်ခုလျှင်တစ်ခါသာရရှိနိုင်မည်ဖြစ်ပါသည်။

၇။ “ကစားကြစို့”၀န်ဆောင်မှုကိုဘယ်လိုစာရင်းပေးသွင်းရမလဲ။

Let’s Play Service (HTML 5 Games Service or Online Games Service)

 Service Name  SMS Shortcode Text
(subscribe)
 Text
(unsubscribe)
 Price  Sending SMS Frequency
 Let’s Play  8765  GAME | game  STOP GAME | STOPGAME | stop game | stopgame  First 7 days free of charge, after daily:200 Ks  1SMS/week
 1  OFF GAME | OFFGAME | off game | offgame
 ONE | one  UNSUB GAME | UNSUBGAME | unsub game | unsubgame
 OK | ok  UN GAME | UNGAME | un game | ungame

၉။ ၀န်ဆောင်ခငွေဘယ်လိုကောက်ခံမှာလဲ။

  • ဝန်ဆောင်မှုရယူပြီးနောက်ပထမဆုံးရရက်သည်အခမဲ့ဝန်ဆောင်မှုဖြစ်သည်။အခမဲ့ကာလပြီးဆုံးပါကတစ်ရက်လျှင်၂၀၀ကျပ်နှုန်းဖြင့်ကောက်ခံသွားမည်ဖြစ်ပါသည်။Prepaid Sim Card အသုံးပြုသူများအားဖုန်းငွေထဲမှတိုက်ရိုက်ကောက်ခံသွားမည်ဖြစ်ပြီး ၊ Post-paid အသုံးပြုသူများအားလစဉ်ဖုန်းငွေပေးချေမှုထဲမှအသီးသီးကောက်ခံသွားမည်ဖြစ်ပါသည်။

၁၁။ ကျွန်တော်/ကျွန်မတို့အကောင့်ထဲကဖုန်းနံပတ်ကိုပြန်ပြောင်းလို့ရနိုင်မလား။

  • အခုအချိန်မှာတော့လုပ်လို့မရနိုင်သေးပါ။

၂။ “ကစားကြစို့”၀န်ဆောင်မှှုဖြင့်ဂိမ်းများကိုဘယ်လိုကစားရမလဲ။

  • “ကစားကြစို့”၏အကန့်အသတ်မရှိသောဂိမ်းများကိုကစားလိုပါက“8765”သို့“GAME”ဟုစာတိုပေးပို့ကာ စာရင်းပေးသွင်းရမည်ဖြစ်ပြီးဂိမ်းကစားမည်ဆိုပါကအင်တာနက်လိုင်းဖွင့်ထားရမည်ဖြစ်ပါသည်။အသင်းဝင် ဖြစ်သွားပါကhttp://letsplay.com.mm/ကိုမိမိဖုန်းbrowserတွင်ရိုက်ထည့်ရပါမည်။ဂိမ်းPortalတွင်ဖုန်း နံပတ်ရိုက်ထည့်ပေးရမည်ဖြစ်ပါသည်။ဖုန်းနံပတ်ရိုက်ထည့်လိုက်ပါကသင့်ဖုန်းထဲတွင်PINနံပါတ်Messageအားလက်ခံရရှိမည် ဖြစ်သည်။Portalတွင်PINနံပတ်အားရိုက်ထည့်လိုက်သည်နှင့်တပြိုင်နက် “ကစားကြစို့” Portal ပေါ်ရှိဂိမ်းများကိုကစားနိုင်ပြီဖြစ်ပါသည်။

၄။ ဂိမ်းအရေအတွက်ဘယ်လောက်ထိ ကစားလို့ရမလဲ။

  • “ကစားကြစို့”၀န်ဆောင်မှုတွင်အွန်လိုင်းဂိမ်းပေါင်း၂၀၀ကျော်ပါ၀င်ပြီးမိမိကြိုက်သလောက်အကန့်အသန့်မရှိကစားနိုင်ပါသည်။

၆။ ဘာလို့သတိပေးစာSMSပို့ရတာလဲ။

  • အခမဲ့ကာလမပြီးဆုံးမီနှစ်ရက်အလိုတွင်သုံးစွဲသူတို့ထံသတိပေးစာ စာတိုပေးပို့လေ့ရှိပါသည်။ ရည်ရွယ်ချက်မှာအစမ်းကာလ၏အခမဲ့ဝန်ဆောင်မှုပြီးဆုံးတော့မည်ကိုအသိပေးရန်နှင့်နောက်ရက်များတွင်အခကြေးငွေကောက်ခံသွားမည်ဖြစ်ကြောင်းအသိပေးရန်ဖြစ်ပါသည်။

၈။ ကစားကြစို့” ဝန်ဆောင်မှုရယူထားသည်ကိုဘယ်လိုဖျက်သိမ်းရမလဲ။

Let’s Play Service (HTML 5 Games Service or Online Games Service)

 Service Name  SMS Shortcode Text
(subscribe)
 Text
(unsubscribe)
 Price  Sending SMS Frequency
 Let’s Play  8765  GAME | game  STOP GAME | STOPGAME | stop game | stopgame  First 7 days free of charge, after daily:200 Ks  1SMS/week
 1  OFF GAME | OFFGAME | off game | offgame
 ONE | one  UNSUB GAME | UNSUBGAME | unsub game | unsubgame
 OK | ok  UN GAME | UNGAME | un game | ungame

၁၀။ “ကစားကြစို့”၀န်ဆောင်မှှုမှဂိမ်းများကို ကျွန်တော်/ကျွန်မကစားလို့ရနိုင်မလား။

  • ပထမဦးစွာ “ကစားကြစို့”၀န်ဆောင်မှုအားစာရင်းပေးသွင်းရပါမည်။အခမဲ့အစမ်းကာလတွင် http://letsplay.com.mm/ဟုbrowserတွင်ရိုက်ထည့်ပြီး“ကစားကြစို့”Portalပေါ်ရှိအကန့်အသတ်မရှိသောဂိမ်းများကိုရရက်တိတိကစားနိုင်ပါသည်။အခမဲ့ကာလမဟုတ်ခဲ့ပါကမိမိတို့၏ဖုန်းငွေထဲမှနေ့စဉ်ကြေး၂၀၀ ကျပ်အားပေးဆောင်ပြီး“ကစားကြစို့” Game Portal ရှိဂိမ်းများကိုအကန့်အသတ်မရှိစိတ်ကြိုက်ကစားနိုင်ပါသည်။

Value Added Services MM

Value Added Services

Voice Mail, Missed Call Alert, Call Forward, Call Waiting ၀န်ဆောင်မှုများမှာ အခမဲ့ဖြစ်ပါသလား။

Voice Mail, Missed Call Alert, Call Forward, Call Waiting ၀န်ဆောင်မှုများကို MPT ရဲ့ GSM နှင့် WCDMA သုံးစွဲသူများအားလုံး အခမဲ့ရယူအသုံးပြုနိုင်ပါသည်။

ဘယ်ကုမ္ပဏီတွေက ၀န်ဆောင်မှုပေးတာလဲ။

MPT မိုဘိုင်းဖုန်းအသုံးပြုသူတွေဟာ အောက်ဖော်ပြပါ ကုမ္ပဏီများမှတစ်ဆင့် ၀န်ဆောင်မှု ရယူ နိုင်ပါတယ်။

Provider SMS Short Code
eTrade Myanmar Co.,Ltd  8205
Golden TMH Telecom Co., Ltd  8302
King Royal Technologies Co., Ltd 8503
Blue Ocean Operating Management Co/. Ltd 8602
Contents Hub Services Co., Ltd 8411

သက်ဆိုင်သော ထပ်ဆောင်းဝန်ဆောင်မှုများကို MPTနှင့်ချိတ်ဆက်ပြီး ၀န်ဆောင်မှုပေးသော ကုမ္ပဏီများမှ တာဝန်ယူမည်ဖြစ်ပါသည်။

ယခုမိတ်ဆက်သော ထပ်ဆောင်းဝန်ဆောင်မှုအမျိုးအစားများကို ရယူရန် အရေအတွက် ကန့်သတ်ချက်များ ရှိပါသလား။

မရှိပါ။ သင်ကြိုက်နှစ်သက်သလောက် ထပ်ဆောင်းဝန်ဆောင်မှုအမျိုးမျိုးကို ရယူနိုင်ပါတယ်။

ယခုမိတ်ဆက်သော ထပ်ဆောင်းဝန်ဆောင်မှုအမျိုးအစားများက ကြိုတင်ငွေဖြည့်မှုအသုံးပြုသော Prepaid အသုံးပြူသူများအတွက်သာ ဟုတ်ပါသလား။

ယခုမိတ်ဆက်သော ထပ်ဆောင်းဝန်ဆောင်မှုကို Prepaid နှင့် Postpaid သုံးစွဲသူ နှစ်ရပ်လုံး အသုံးပြုနိုင်ပါတယ်။

၀န်ဆောင်မှုရယူထားသော သတင်းအချက်အလက်များကို ဘယ်နှစ်ကြိမ်ရမှာလဲ။

ရယူထားသောဝန်ဆောင်မှုအမျိုးအစားပေါ်မူတည်ပြီး သတင်းအချက်အလက်ရရှိမှု အကြိမ်အရေအတွက်လဲ ကွဲပြားမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များသိရှိရန် ၀န်ဆောင်မှုပေးသော ကုမ္ပဏီများ၏ website ကိုလေ့လာပါ။
၀န်ဆောင်မှုများနှင့်ပတ်သက်ပြီးအသေးစိတ်အချက်အလက်များကို Call Cennter (106) သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ထပ်ဆောင်းဝန်ဆောင်မှုများအားလုံးကို MPT မိုဘိုင်းဖုန်းတိုင်း အသုံးပြုနိုင်ပါသလား။

ထပ်ဆောင်းဝန်ဆောင်မှုများအားလုံးကို အောက်ပါအတိုင်း အသုံးပြုနိုင်ပါသည်။

ဖုန်းအမျိုးအစား သုံးစွဲနိုင်သည့်ဝန်ဆောင်မှုများ
GSM Call Waiting, Call Forwarding, Voice Mail, Missed Call Alert, CRBT, SMS
WCDMA Call Waiting, Call Forwarding, Voice Mail, Missed Call Alert, CRBT, SMS
CDMA 800 Call Waiting, Fax, CRBT, SMS

ဘယ်လိုဝန်ဆောင်မှုတွေကို ဘယ်လိုနည်းနဲ့ရယူနိုင်ပါသလဲ။

ကျေးဇူးပြုပြီး ၀န်ဆောင်မှုပေးသော ကုမ္ပဏီများရဲ့ website တွေမှာ ထပ်ဆောင်းဝန်ဆောင်မှုနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ရယူပါ။
http://www.shwemyanmar.com.mm/

http://www.blueplanet.com.mm

http://www.contentshub.com

http://www.clickhere.com.mm/

http://zapp.com.mm/web/

ယခုမိတ်ဆက်သော ထပ်ဆောင်းဝန်ဆောင်မှုများရယူရန် ၀န်ဆောင်မှုပေးသော ကုမ္ပဏီတိုင်းမှ ရယူနိုင်ပါသလား (သို့) ကုမ္ပဏီတစ်ခုထဲဆီမှ ရယူရမလား။

ယခုမိတ်ဆက်သော ထပ်ဆောင်းဝန်ဆောင်မှုအမျိုးအစားများကို MPTနှင့်ချိတ်ဆက်ပြီး ၀န်ဆောင်မှုပေးသော ကုမ္ပဏီ တိုင်းမှ ရယူနိုင်ပါတယ်။

ရယူထားသော ၀န်ဆောင်မှုအလိုလျောက် ပြန်လည်လျှောက်ထားရယူနိုင်ပါသလား။ အကယ်၍များ ကျွန်ုပ်မှာ လက်ကျန်ငွေလုံလောက်မှုမရှိလျှင် ဘယ်လိုဖြစ်မလဲ။

ရယူနိုင်ပါတယ်။ သင်ရယူထားသော ၀န်ဆောင်မှုကို ၀န်ဆောင်မှုပေးသော ကုမ္ပဏီပေါ်မူတည်ပြီး အလိုလျောက်ပြန်လည်လျှောက်ထားရယူနိုင်ပါတယ်။ အသေးစိတ်အချက်လက်များကို ၀န်ဆောင်မှုပေးသော သက်ဆိုင်ရာ ကုမ္ပဏီများ၏ website တွင်လေ့လာကြည့်ရှုပါ။

Infotainment MM

VAS > INFO

သတင်းအချက်အလက်ဆိုင်ရာ ဝန်ဆောင်မှု

M188 မှနေ၍ မည့်သည့်ဝန်ဆောင်မှုများကို ရယူနိုင်ပါသနည်း။

http://m188.com.mm သို့ သွားရောက်ကြည့်ရှုကာ ရရှိနိုင်သည့် ဝန်ဆောင်မှုများ နှင့် မည်သို့ ရယူနိုင်ကြောင်း၊ အသုံးမပြုလိုပါက မည်သို့ ပယ်ဖျက်နိုင်ကြောင်းတို့ ကို သိရှိနိုင်ပါသည်။