MPT VAS Services Info

MPT VAS Services Info

About MPT’s Vaule Added Services & Information of Subscibe/Unsubscribe
စဉ်၀န်ဆောင်မှုအမည် အကြောင်းအရာ၀န်ဆောင်ခ ၀န်ဆောင်မှုရယူရန်၀န်ဆောင်မှုပယ်ဖျက်ရန်
Let’s PlayLet’s PlayWeb Browser ကိုအခြေခံထားသော HTML 5 ဂိမ်းဝန်ဆောင်မှုတစ်ရက်လျှင် ၂၀၀ ကျပ်ON to 8765GAME STOP to 8765
Quest to MillionWeb Browser ကိုအခြေခံထားသော အမေးအဖြေဂိမ်းဝန်ဆောင်မှုတစ်ရက်လျှင် ၉၉ ကျပ်ON to 8576OFF to 8576
App BoxApplication ကိုအခြေခံထားသော ဂိမ်းဝန်ဆောင်မှုတစ်ရက်လျှင် ၂၅၀ ကျပ်ON to 8980APP STOP to 8980
VuclipWeb Browser ကိုအခြေခံထားသော ဗီဒီယိုဝန်ဆောင်မှုတစ်ရက်လျှင် ၉၉ ကျပ်ON to 8383OFF to 8383
Myanmar SportsWeb Browser ကိုအခြေခံထားသော အားကစားဝန်ဆောင်မှုတစ်ရက်လျှင် ၁၅၀ ကျပ်ON to 8633OFF to 8633
m-LearningWeb Browser ကိုအခြေခံထားသော အင်္ဂလိပ်သင်ခန်းစာ ဝန်ဆောင်မှုတစ်ရက်လျှင် ၁၅၈ ကျပ်ON to 8282OFF to 8282
Smart KidsWeb Browser ကိုအခြေခံထားသော ကလေးများအတွက် ပညာရေးဝန်ဆောင်မှုတစ်ရက်လျှင် ၁၅၀ ကျပ်ON to 8733OFF to 8733
ComboxWeb Browser ကိုအခြေခံထားသော သီချင်း၊ ဂိမ်း အစရှိသည့် ဝန်ဆောင်မှုတစ်ရက်လျှင် ၉၉ ကျပ်ON to 8981OFF to 8981
ApptouchApplication ကိုအခြေခံထားသော ဂိမ်းဝန်ဆောင်မှုတစ်ရက်လျှင် ၉၉ ကျပ်ON to 8550OFF to 8550
၁၀Guess itWeb Browser နှင့် Application ကိုအခြေခံထားသော အမေးအဖြေဂိမ်းဝန်ဆောင်မှုတစ်ရက်လျှင် ၁၅၀ ကျပ်ON to 8533OFF to 8533
၁၁Ballone StarApplication ကိုအခြေခံထားသော ဘောလုံးစတားဝန်ဆောင်မှုတစ်ရက်လျှင် ၁၀၅ ကျပ်ON to 8118DD OFF to 8118
၁၂Nay LaApplication ကိုအခြေခံထားသော ဗေဒင်ဝန်ဆောင်မှုတစ်ရက်လျှင် ၁၅၈ ကျပ်ON to 8998DD OFF to 8998
၁၃Thuta MyayWeb Browser နှင့် Application ကိုအခြေခံထားသော စိုက်ပျိုးရေးဝန်ဆောင်မှုတစ်ရက်လျှင် ၁၀၅ ကျပ်TTM to 8834STOPTTM to 8834
၁၄GameloftApplication ကိုအခြေခံထားသော ဂိမ်းဝန်ဆောင်မှုတစ်ရက်လျှင် ၂၀၀ ကျပ်ON to 8793STOP GAME to 8793
၁၅Big9Web Browser နှင့် Application ကိုအခြေခံထားသော ဗီဒီယိုဝန်ဆောင်မှုတစ်ရက်လျှင် ၉၉ ကျပ်ON to 8989OFF to 8989
၁၆Health Tips & QuizWeb Browser ကိုအခြေခံထားသော ကျန်းမာရေးဂိမ်းဝန်ဆောင်မှုတစ်ရက်လျှင် ၁၄၉ ကျပ်ON to 8123OFF to 8123
၁၇MyMTVWeb Browser ကိုအခြေခံထားသော သီချင်းဗီဒီယိုဝန်ဆောင်မှုတစ်ရက်လျှင် ၉၉ ကျပ်MTV to 8411UNMTV to 8411
၁၈Digital InformationSMS ကိုအခြေခံထားသော ဒီဂျစ်တယ်သတင်းများဝန်ဆောင်မှုတစ်ရက်လျှင် ၅၃ ကျပ်DG to 8212DG OFF to 8212
19Shwe StreamWeb Browser ကိုအခြေခံထားသော ဗီဒီယိုဝန်ဆောင်မှုတစ်ရက်လျှင် ၉၉ ကျပ်ON to 8202OFF to 8202
၂၀MaharApplication ကိုအခြေခံထားသော ဗီဒီယိုဝန်ဆောင်မှုတစ်ရက်လျှင် ၉၉ ကျပ်via applicationMAHAROFF to 8686
၂၁MPT Ring Tuneခေါ်သူနားဆင်တေးသံစဉ်တစ်လလျှင် ၁၀၅၀ ကျပ်
တစ်ရက်လျှင် ၄၇ ကျပ်
REGD (or) REGM to 7979UNR to 7979

Gifting Service (ပို႔ဘီ)

“ပို့ဘီ” ဝန်ဆောင်မှုဆိုတာဘာပါလဲ။

“ပို့ဘီ” သည် MPT သုံးစွဲသူအချင်းချင်း MPT ဝန်ဆောင်မှု(Package)များကို လက်ဆောင်ပေးနိုင်သည့် အခမဲ့ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။

အောက်ဖော်ပြပါ MPT ဝန်ဆောင်မှု(Package)များကို လက်ဆောင်ပေးပို့နိုင်ပါသည်။

  • Data Carry Plus Pack
  •  A Kyite Pyaw+ Voice Pack
  • Htaw B

“ပို့ဘီ” ဝန်ဆောင်မှုကို ဘယ်လိုအသုံးပြုရမှာပါလဲ။

သုံးစွဲသူများသည် ပုံမှန်အတိုင်း USSD Code များကို ရိုက်နှိပ်ကာ မိမိနှစ်သက်ရာ Package ကိုရွေးပြီး “လက်ဆောင်ပေးမည်” နေရာကိုရွေးချယ်ကာ မိမိပေးပို့လိုသည့် ဖုန်းနံပါတ်ကိုဖြည့်သွင်းလိုက်ရုံဖြင့်လွယ်ကူစွာ လက်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်

MPT 4U app ကို အသုံးပြုပြီးလည်း လက်ဆောင်ပေးပို့နိုင်ပါသည်။

  •  Data Carry Plus Pack လက်ဆောင်ပေးရန်, *777#ကိုခေါ်ဆိုပြီး ပက်ကေ့ချ်ရွေးပါ။ ညွှန်ကြားအချက်အတိုင်းဆောင်ရွက်ပါ။
  • A Kyite Pyaw+ Voice Pack  Voice Pack လက်ဆောင်ပေးရန်, *600#ကိုခေါ်ဆိုပြီး ပက်ကေ့ချ်ရွေးပါ။ ညွှန်ကြားအချက်အတိုင်းဆောင်ရွက်ပါ။
  • ထောဘီ ဖုန်းဘေလ် လက်ဆောင်ပေးရန်, *500#ကိုခေါ်ဆိုပြီး ဖုန်းဘေလ်ရွေးပါ။ ညွှန်ကြားအချက်အတိုင်းဆောင်ရွက်ပါ။

MPT Gifting Service “ပို့ဘီ” ဝန်ဆောင်မှု

1. “ပို့ဘီ” ဝန်ဆောင်မှုဆိုတာဘာပါလဲ။

  • “ပို့ဘီ” သည် MPT သုံးစွဲသူအချင်းချင်း MPT ဝန်ဆောင်မှု(Package)များကို လက်ဆောင်ပေးနိုင်သည့် အခမဲ့ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ MPT သုံးစွဲသူများသည် “ပို့ဘီ” ဝန်ဆောင်မှုကိုသုံးပြီး Data Carry Plus  Pack၊ ပြောပီးရင်းပြော Voice Pack၊ ထောဘီ တို့ိကို အခြားMPTဖုန်းများသို့ လက်ဆောင်ပေးပို့ နိုင်မည်ဖြစ်ပါသည်။
  • သုံးစွဲသူများသည် ပုံမှန်အတိုင်း USSD Code များကို ရိုက်နှိပ်ကာ မိမိနှစ်သက်ရာ Package ကိုရွေးပြီး “လက်ဆောင်ပေးမည်” နေရာကိုရွေးချယ်ကာ မိမိပေးပို့လိုသည့် ဖုန်းနံပါတ်ကိုဖြည့်သွင်းလိုက်ရုံဖြင့်လွယ်ကူစွာ လက်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။
  • MPT 4U App ကို အသုံးပြုပြီးလည်း MPT ဝန်ဆောင်မှု (Package)များကို လက်ဆောင်ပေးပို့နိုင်မည်ဖြစ်ပါ သည်။
  • လက်ဆောင်ပေးပို့နိုင်မည့်အကြိမ်အရေအတွက် နှင့် လက်ဆောင်လက်ခံနိုင်မည့် အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိပါ။

လက်ခံရရှိသူသည် မိမိလက်ခံရရှိသော Package ကို ယင်းPackage၏ လက်ရှိစည်းမျဉ်းစည်းကမ်းများအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

MPT ဝန်ဆောင်မှု (Package)USSDအခြား
 Data Carry Plus Pack*777# 

MPT4U

A Kyite Pyaw+ Voice Pack*600#
ထောဘီ*500#

2. “ပို့ဘီ” ဝန်ဆောင်မှုကို သုံးတဲ့အခါဝန်ဆောင်ခ ပေးစရာလိုပါသလား။

  • ဝန်ဆောင်ခပေးရန်မလိုပါ။
  •  သင်သည် “ပေးပို့သူ” ဖြစ်ပါက သင်ပေးပို့မည့်Package၏ ဈေးနှုန်းအတိုင်း ကျသင့်ငွေကိုသာ သင်၏ လက်ကျန်ငွေအတွင်းမှ ဖြတ်တောက်သွားပါမည်။ ပေးပို့မှုအောင်မြင်ကြောင်း SMS ပေးပို့အသိပေးပါမည်။
  • သင်သည် “လက်ခံရရှိသူ” ဖြစ်ပါက သင့်အားပေးပို့လိုက်သော Package ကိုအလိုအလျောက်လက်ခံ ရရှိပါမည်။ လက်ခံရရှိကြောင်း SMS ပေးပို့အသိပေးပါမည်။ သင်၏ package ကို *224# သို့ ခေါ်ဆိုစစ်ဆေးနိုင်ပါသည်။

3. ကျွန်တော့်မှာ လက်ကျန်Data Carry Plus Pack ရှိနေပါတယ်။ သူငယ်ချင်းဆီကနေ Data Carry Plus Pack အသစ်တစ်ခုကိုလည်းလက်ခံရရှိပါတယ်။ ဒါဆိုဘယ်လိုဖြစ်မှာပါလဲ။

  • လက်ကျန်နှင့် အသစ်ရရှိသော ဒေတာပမာဏများပေါင်းသွားမည်ဖြစ်ပြီး Data Cary Plus Package၏ လက်ရှိစည်းမျဉ်းစည်းကမ်းများအတိုင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
  • A Kyite Pyaw+ Voice Pack နှင့် Htaw B  တို့သည်လည်း လက်ခံရရှိသူတွင် ရှိနေသည့် အမျိုးအစားတူ Package များနှင့် ပေါင်းသွားမည်ဖြစ်ပါသည်။

MPT Name Tune

MPT Ring Tune ဆိုတာဘာလဲ?

မိမိထံ ဖုန်းခေါ်ဆိုလာသူတွေကို မိမိနာမည်ပါဝင်သော နှုတ်ခွန်းဆက်စကားသံဖြင့် ဖုန်းမကိုင်မီအချိန်လေးအတွင်းမှာ
နားဆင်နေစေနိုင်မည့် MPT Ring Tune ဝန်ဆောင်မှုဖြစ်ပါသည်။

ဘယ်လို ရယူနိုင်မလဲ။

နေ့စဉ်ပေးစနစ်ရယူရန်
7979 သို့ “ REG D” ဟု SMS ပေးပို့နိုင်ပါသည်။

လစဉ်ပေးစနစ်
7979 သို့ “ REG M” ဟု SMS ပေးပို့နိုင်ပါသည်။

ဝန်ဆောင်မှုပယ်ဖျက်ရန်
7979 သို့ “ UNR” ဟု SMS ပေးပို့နိုင်ပါသည်။

ဝန်ဆောင်မှုနှုန်းထားများ

နေ့စဉ်ဝန်ဆောင်မှု : တစ်ရက် ၄၇ ကျပ်
လစဉ်ဝန်ဆောင်မှု : ရက် ၃၀ အတွက် ၁၀၅၀ ကျပ်
Name Tune တစ်ပုဒ် : ရက် ၃၀ အတွက် ၃၁၅ကျပ်

*အထက်ပါဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသည်။*

နာမည်ကို လိုတရ http://lotayamm.com/service/crbt/MPTRingTune သို့ဝင်ရောက်၍ နားဆင်ရွေးချယ် ဝယ်ယူနိုင်ပါသည်။

စည်းကမ်းသတ်မှတ်ချက်များ

Conference Call

Conference Call ဆိုတာဘာလဲ။

Conference Call ဆိုတာ ဖုန်းခေါ်ဆိုမှုတစ်ကြိမ်အတွင်း (initiator အပါအဝင်) ဖုန်းနံပါတ် ခြောက်ခုအထိ တပြိုင်တည်းဖုန်ခေါ်ပြီး ပြောဆိုဆွေးနွေးနိုင်အောင် အထောက်အပံ့ပေးထားတဲ့ ၀န်ဆောင်မှုတစ်ခုပါ။

အမ်ပီတီရဲ့ Conference Call ၀န်ဆောင်မှုကို အသုံးပြုပြီး ဖုန်းခေါ်ဆိုမှု တစ်ကြိမ်အတွင်းမှာ ဖုန်းနံပါတ် အများကြီးကိုခေါ်ပြီး ပြောဆိုဆွေးနွေးနိုင်ပါပြီ။

Conference Call ဝန်ဆောင်မှုကို ဘယ်လိုရယူနိုင်ပါသလဲ။

ဝန်ဆောင်မှုလျှောက်ထားရန် 

1331 သို့ “ CC” ဟု
SMS ပေးပို့နိုင်ပါသည်။

ဒါမှမဟုတ် USSD Menu ကနေလည်း ၀န်ဆောင်မှုကို အောက်ပါအတိုင်း ရယူနိုင်ပါတယ်။
*106# >> 6. VAS >> 2. Call Services >> 6. Conf-Call >> 1. Subscribe

ဝန်ဆောင်မှု ဖျက်ပစ်ရန်

1331 သို့ “ CC OFF” ဟု
SMS ပေးပို့နိုင်ပါသည်။

ဒါမှမဟုတ် USSD Menu ကနေ ၀န်ဆောင်မှုကို အောက်ပါအတိုင်း ပယ်ဖျက်နိုင်ပါတယ်။
*106# >> 6. VAS >> 2. Call Services >> 6. Conf-Call >> 2. Unsubscribe

Conference Call ဝန်ဆောင်မှုကို ဘယ်လိုအသုံးပြုရပါသလဲ။

ပထမဦးဆုံး ဖုန်းနံပါတ်တစ်ခုကို အရင်ခေါ်ရမှာပါ။ ပြီးရင် Add Call ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး တခြားဖုန်းနံပါတ်တွေ (၅ခု အထိ) ထပ်ခေါ်ရမှာပါ။
ပြီးရင် Merge Call ကိုနှိပ်ပြီး ခေါ်ထားတဲ့ ဖုန်းနံပါတ်အားလုံးနဲ့ တပြိုင်တည်း ဖုန်းပြောနိုင်ပါတယ်။

“Conference Call နဲ့ဆို အချစ်ရဆုံး သူငယ်ချင်းတွေနဲ့ တပြိုင်နက်ဖုန်းပြောလို့ရပြီပေါ့။”

Other Value Added Services

MPT Ring Tune

MPT Ring Tune ဆိုတာဘာလဲ?

သုံးစွဲသူများအနေဖြင့် မိမိထံ ဖုန်းခေါ်နေသူများကို မိမိဖုန်းမကိုင်ခင်အချိန်အတွင်း
ကြားစေလိုသည့် သီချင်းသံများကို နားဆင်စေနိုင်မည့် ၀န်ဆောင်မှုဖြစ်ပါသည်။

ဝန်ဆောင်မှုနှုန်းထားနှင့် ရယူနိုင်မည့် နည်းလမ်းက ဘယ်လိုလဲ?

ဝန်ဆောင်မှုရယူရန်

SMS ပေးပို့ရန်

သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်း) 7979 သို့ “UL ဟုပေးပို့ပါ”

လစဉ်ပေး ဝန်ဆောင်မှုအတွက် 7979 သို့ REG M

အပတ်စဉ်ပေးဝန်ဆောင်မှုအတွက်7979သို့ REG W

နေ့စဉ်ပေး ဝန်ဆောင်မှုအတွက် 7979 သို့ REG D

7979 သို့ (အခမဲ့) ခေါ်ဆိုခြင်း

*7979# သို့ ရိုက်နှိပ်၍လည်း ဝန်ဆောင်မှုအား ရရှိနိုင်ပါသည်။

Ringtune ကို လက်ရှိအသုံးပြုထားသူထံသို့ ဖုန်းခေါ်နေစဥ် နားဆင်ခဲ့သော Ringtune ကို ရယူလိုပါက *  ကို နှိပ်ပါ။

ဝန်ဆောင်မှုနှုန်းထားများ

သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်း) တရက်လျှင်၁၀၀ ကျပ်

နေ့စဉ်ပေး ဝန်ဆောင်မှု -တစ်ရက်စာအတွက် ၄၇ ကျပ်

အပတ်စဉ်ပေး ဝန်ဆောင်မှု – ၇ ရက်စာအတွက် ၃၀၀ ကျပ်

လစဉ်ပေး ဝန်ဆောင်မှု – ရက် ၃၀စာအတွက် ၁၀၅၀ ကျပ်

အထက်ပါနှုန်းထားများမှာ အခွန်ပါဝင်ပြီးစျေးနှုန်းများဖြစ်ပါသည်။

ဝန်ဆောင်မှု ပယ်ဖျက်ရန်

7979 သို့ UNR ဟု SMS ပေးပို့ပါ။ (သို့မဟုတ်)

7979 သို့ (အခမဲ့) ခေါ်ဆို၍လည်း ဝန်ဆောင်မှုအား ပယ်ဖျက်နိုင်ပါသည်။

အမေးများသောမေးခွန်းများ

၁။ Ring Tune ဝန်ဆောင်မှု ဆိုတာ ဘာလဲ။

  • Ring Tune ဝန်ဆောင်မှုဆိုသည်မှာ လူကြီးမင်း၏ ပုံမှန် ဖုန်းမြည်သံအစား လူကြီးမင်း ရွေးချယ်လိုက်သော သီချင်းကို တေးသွား အဖြစ်သို့ အစားထိုးလိုက်သော ဝန်ဆောင်မှု ဖြစ်ပါသည်။လူကြီးမင်းထံသို့ ဖုန်းခေါ်ဆိုသောအခါ လူကြီးမင်းဖုန်းမှ ရွေးချယ်ထားသော တေးသီချင်းများကို ဖုန်း Ring Tuneအဖြစ် ကြားရပါမည် ။ လူကြီးမင်း ကြိုက်နှစ်သက်​သော တေးသွားများအား ​ လတ်တလော ရေပန်းအစားဆုံး တေးသီချင်းများစွာ ထဲမှ ရွေးချယ်နိုင်ပါသည်။

၂။ Ring Tune service ကို ဘယ်လို ရယူနိုင်ပါလဲ?

  •            အောက်တွင် ဖော်ပြထားသော အချက်များအတိုင်း လုပ်ဆောင်ပြီး Ring Tune service ကို ရယူနိုင်ပါသည်။
    • MPT သို့ 7979 ဟု ဖုန်းခေါ်ဆိုပြီး လမ်းညွှန်ချက်များအတိုင်းလုပ်ဆောင်၍ Ring Tune service ကို ရယူနိုင်ပါသည်။
    • SMS ပေးပို့၍ရယူရန် – လစဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG M ၊ အပတ်စဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG W ၊ နေ့စဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG D ဟု SMS ပေးပို့၍ ရယူနိုင်ပါသည် (သို့မဟုတ်) နေ့စဉ်ပေး ဝန်ဆောင်မှု နဲ့ သီချင်း ဝန်ဆောင်မှုအတွက် 7979 သို့ REG S ဟု ပေးပို့နိုင်ပါတယ်။
    • လူကြီးမင်း ဝယ်ယူလိုသော သီချင်းကုဒ် နံပါတ်အား buy <tuneID> ဟု SMS ပေးပို့၍ ရယူနိုင်ပါသည်။ Example: buy 0001110010
    • *7979# သို့ ဖုန်းခေါ်ဆို၍ ကြိုက်နှစ်သက်သော တေးသီချင်း များအားလည်း ရွေးချယ်နိုင်ပါသည်။

၃။ Ring Tune ဝန်ဆောင်မှု အတွက် မည်သို့ ကျသင့်မည့် နည်း။

  • သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်း) ကို တရက်လျှင် ၁၀၀ကျပ် (အခွန်ပါပြီးသား) ကျသင့်ပါမည်။
  • လစဥ်ပေး ဝန်ဆောင်မှု အတွက် တစ်လ (ရက် ၃၀)စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၁၀၅၀ ကျပ် ကျသင့်ပါမည်။
  • အပတ်စဥ်ပေး ဝန်ဆောင်မှု အတွက် တစ်ပတ် (၇ ရက်)စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၃၀၀ ကျပ် ကျသင့်ပါမည်။
  • နေ့စဥ်ပေး ဝန်ဆောင်မှု အတွက် တစ်ရက်စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၄၇ ကျပ် ကျသင့်ပါမည်။
  • သီချင်း တစ်ပုဒ်လျှင် ရက်(၃၀)စာ အတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၃၁၅ ကျပ် ကျသင့်ပါမည်။
  • နေ့စဥ်ပေး ဝန်ဆောင်မှု အတွက် တစ်ရက်လျှင် ၄၇ ကျပ် ကျသင့်ပြီး သီချင်း တစ်ပုဒ်လျှင် ၁၃ ကျပ် ကျသင့်ပါမည်။

၄။ Ring Tune ဝန်ဆောင်မှုအား သတ်တမ်း တိုးရန် မည်သို့ လုပ်ဆောင်ရမည်နည်း။

  • ဤဝန်ဆောင်မှုသည် အလိုအလျှောက် သက်တမ်း တိုးပေးသော ဝန်ဆောင်မှု ဖြစ်ပါသည်။ လူကြီးမင်း၏ ဝန်ဆောင်မှု ရက် သက်တမ်းအား အခြေခံ ၍ Ring Tune ဝန်ဆောင်မှု သက်တမ်းနှင့် သီချင်း ဝန်ဆောင်မှု သက်တမ်း ပြည့်လျှင် လူကြီးမင်း၏ ဖုန်းလက်ကျန်ငွေမှ ဝန်ဆောင်မှု အတွက် ကျသင့်ငွေအား နှုတ်ယူပါမည်။

၅။ Ring Tune ဝန်ဆောင်မှုအား မည်သို့ ပယ်ဖျက်ရမည်နည်း။

  • 7979 သို့ အခမဲ့ ခေါ်ဆို၍ အကူအညီပေးရန်သို့ သွားရောက်ပြီး ဝန်ဆောင်မှုအား ပယ်ဖျက်ရန်ကို နှိပ်ပါ။ (သို့မဟုတ်)
  • 7979 သို့ UNR ဟု SMS ပေးပို့ပါ။ (သို့မဟုတ်)
  • MPT4U APP ပေါ်မှ CRBT ပယ်ဖျက်ရန် ကို ရွေးချယ်ပါ။ (သို့မဟုတ်)
  • *7979# သို့ဖုန်းခေါ်ဆို၍ ဝန်ဆောင်မှုဖျက်သိမ်းမည်အား ရွေးချယ်ပြီး ပယ်ဖျက်နိုင်ပါသည်။ (သို့မဟုတ်)
  • 106 customer care IVR သို့ ဖုန်းခေါ်ဆိုပြီး ဝန်ဆောင်မှုအား ပယ်ဖျက်နိုင်ပါသည်။

၆။ လူတစ်ယောက်ချင်းစီ အတွက် တေးသွား သတ်မှတ်လို့ ရနိုင်ပါသလား။

  • ဟုတ်ကဲ့ အောက်ပါ ဖော်ပြထားသော အချက်များကို လုပ်ဆောင်၍ လူတစ်ယောက်ချင်းစီ အတွက် သီးသန့်      Ring Tune သတ်မှတ်ထားလို့ ရနိုင်ပါသည်။
    • 7979 သို့ (အခမဲ့) ဖုန်းခေါ်ဆိုပြီ: လမ်းညွန်ချက်များအတိုင်း လုပ်ဆောင်နိုင်ပါသည်။

Q1. * Copy ဝန်ဆောင်မှုဆိုတာဘာလဲ။

CRBT ဝန်ဆောင်မှုကို လက်ရှိအသုံးပြုထားသူထံသို့ CRBT ဝန်ဆောင်မှု အသုံးမပြုထားသူမှ ဖုန်းခေါ်ဆိုသောအခါ * ကို နှိပ်ခြင်းဖြင့် CRBT Ring Tune ဝန်ဆောင်မှုကို အလွယ်တကူရယူနိုင်သည့် လုပ်ဆောင်ချက်ဖြစ်သည်။

Q2. CRBT ဝန်ဆောင်မှုကို *Copy ဖြင့် ဘယ်လိုရယူနိုင်ပါသလဲ။

  • ဖုန်းခေါ်ဆိုသူမှ CRBT ဝန်ဆောင်မှုကို ရယူထားသူထံသို့ ဖုန်းခေါ်ဆိုသောအခါ ၃ စက္ကန့်မှ ၄ စက္ကန့်ကြားတွင် တေးသွားကိုရယူရန် * ကိုနှိပ်ပါ၊ ဟု စတင်ကြားရမှာ ဖြစ်ပြီး ထို့နောက်တွင် CRBT တေးသွားကို စတင်ကြားရမည်ဖြစ်သည်။
  • ခေါ်ဆိုသူသည် CRBT ရယူထားသူထံသို့ ဖုန်းခေါ်ဆိုနေစဉ်အတွင်း * ကို နှိပ်၍ ထိုတေးသွားကိုရယူနိုင်သည်။
  • တေးသွားကိုကြားနေရသည့် အချိန်အတွင်းတွင်သာ * ကိုနှိပ်၍ တေးသွားကို ရယူနိုင်သည်။
  • CRBT ရယူထားသူ/ခေါ်ဆိုသူထံသို့ ဖုန်းဝင်သွားသောအခါ * ကိုနှိပ်သော်လည်း မည်သည့်လုပ်ဆောင်ချက်မှ လုပ်ဆောင်မည် မဟုတ်ပါ။

Q3. CRBT ဝန်ဆောင်မှုအား ရယူထားခြင်းမရှိသူများအတွက် ဝန်ဆောင်ခ ဘယ်လောက်ကျသင့်ပါသလဲ။

  • ဝန်ဆောင်ခအတွက် တစ်ရက်လျှင် ၄၇ ကျပ်ကျသင့်မည်ဖြစ်ပြီး တေးသွားအတွက် တစ်ရက်လျှင် ၁၃ ကျပ်ကျသင့်မည်ဖြစ်မည်။

Q4. CRBT ဝန်ဆောင်မှုရယူထားသူများအတွက် တေးသွားတစ်ပုဒ် ဒေါင်းလော့ လုပ်ခြင်းအတွက် ဘယ်လောက်ကျသင့်ပါသလဲ။

အသုံးပြုသူရယူထားသည့် အစီအစဉ်ပေါ်မူတည်ပါသည်၊

  • အကယ်၍ အသုံးပြုသူသည် လစဉ်/အပတ်စဉ်/ နေ့စဉ် အစီအစဉ်ကို (တေးသီချင်း တစ်လစာဖြင့်) ရယူထားပါက တစ်လလျှင် ၃၁၅ ကျပ် ကျသင့်မည်ဖြစ်သည်။
  • အကယ်၍ အသုံးပြုသူသည် နေ့စဉ်အစီအစဉ်ကို (တေးသီချင်း တစ်နေ့စာဖြင့်) ရယူထားပါက တစ်နေ့လျှင် ၁၃ ကျပ် ကျသင့်မည်ဖြစ်သည်။

Q5. CRBT ဝန်ဆောင်မှုရယူထားသူထံသို့ ဖုန်းခေါ်ဆိုနေစဉ်အတွင်း * Copy ကို မကြားလိုလျှင် ဘယ်လိုလုပ်သင့်ပါသလဲ။

  • Customer Care သို့ ဆက်သွယ်၍ Blacklisting အတွက် တောင်းဆိုနိုင်ပါသည်။ ၄၈ နာရီအတွင်း လုပ်ဆောင်ပေးပါသည်။

Q6. ကျွနုပ်ထံသို့ ဖုန်းခေါ်သူများ ဖုန်းခေါ်ဆိုနေစဉ်အတွင်း * Copy ကို မကြားစေလိုလျှင် ဘယ်လိုလုပ်သင့်ပါသလဲ။

  • Customer Care သို့ ဆက်သွယ်၍ Blacklisting အတွက် တောင်းဆိုနိုင်ပါသည်။ ၄၈ နာရီအတွင်း လုပ်ဆောင်ပေးပါသည်။

၁။ သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်ဆိုတာ ဘာလဲ။

  • သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်ဆိုသည်မှာ အသုံးပြုသူများသည် မိမိတို့ကြိုက်နှစ်သက်သော တေးသီချင်းများကို တစ်နေ့တာအတွင်း အကန့်အသတ်မရှိ ရယူနိုင်သော အစီအစဉ်ဖြစ်ပါသည်။
  • တေးသီချင်းအရေအတွက်ဘယ်လောက်များများ အပိုဝန်ဆောင်ခ ထပ်မံကောက်ခံမည်မဟုတ်ပါ။

၂။ သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်၏ ဝန်ဆောင်ခမှာ ဘယ်လောက်ကျသင့်ပါသလဲ။

အသုံးပြုသူများသည် သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်အတွက် ဝန်ဆောင်ခ ၁ ရက်လျှင် ၁၀၀ ကျပ်ကျသင့်မည်ဖြစ်သည်။

၃။ ဝန်ဆောင်မှုကို အလိုအလျောက်သက်တမ်းတိုးမည်လား။

အသုံးပြုသူမှ ဝန်ဆောင်မှုကို မပယ်ဖျက်ခင်အထိ နေ့စဉ် အလိုအလျောက် သက်တမ်းတိုးသွားမည်ဖြစ်ပါသည်။

၄။ သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်အား မည်သည့်နည်းလမ်းများဖြင့် ရယူနိုင်ပါသလဲ။

SMS (စာတို) – 7979 သို့ UL ဟုပေးပို့ပါ။(အသုံးပြုသူအသစ်များအတွက်)
USSD – *7979*1# သို့ ခေါ်ဆိုပါ။
IVR – 7979 သို့ ခေါ်ဆို၍ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။
Website – https://ringtune.mpt.com.mm/crbt-web-portal/ သို့ဝင်ရောက်လေ့လာပါ။
Customer Care – MPT customer care 106 သို့ ဖုန်းခေါ်ဆိုပါ။

၅။ ဝန်ဆောင်မှုအား မည်သည့်နည်းလမ်းများဖြင့် ပယ်ဖျက်နိုင်ပါသလဲ။

SMS (စာတို) – 7979 သို့ UNR ဟုပေးပို့ပါ။
USSD – *7979*6# သို့ ခေါ်ဆိုပါ။
IVR – 7979 သို့ ခေါ်ဆို၍ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။
Website – https://ringtune.mpt.com.mm/crbt-web-portal/သို့ဝင်ရောက်၍ ကျွန်ုပ်၏ အကောင့် အောက်တွင် စစ်ဆေးပါ။
Customer Care – MPT customer care 106 သို့ ဖုန်းခေါ်ဆိုပါ။

၆။ တေးသီချင်း download လုပ်ခြင်းအတွက် ဝန်ဆောင်ခ ကျသင့်မည်လား။

  • တေးသီချင်း download လုပ်ခြင်းအတွက် သီခြားကျသင့်မည်မဟုတ်ပါ။
  • အသုံးပြုသူသည် ဝန်ဆောင်ခအတွက် ၁ ရက်လျှင် ၁ ကြိမ်သာပေးဆောင်ရမည်ဖြစ်ပြီး တေးသီချင်းများကို အကန့်အသတ်မရှိ download ရယူနိုင်ပါသည်။

၇။ တေးသီချင်းအရေအတွက် မည်မျှ အခမဲ့ download လုပ်နိုင်ပါသလဲ။

အသုံးပြုသူများသည် တေးသီချင်းအရေအတွက် အကန့်အသတ်မရှိ အခမဲ့ download လုပ်နိုင်ပါသည်။

၈။ ကျွန်ုပ်၏ တေးသီချင်းစာရင်းထဲတွင် တစ်ကြိမ်လျှင်တေးသီချင်းအရေအတွက် မည်မျှ သိမ်းဆည်းထားနိုင်ပါသလဲ။

တစ်ကြိမ်လျှင် တေးသီချင်းအရေအတွက် အများဆုံး ၂၀ အထိ သိမ်းဆည်းထားနိုင်ပါသည်။

၉။ အကယ်၍ ကျွန်ုပ်၏တေးသီချင်းစာရင်းတွင် တေးသီချင်းအရေအတွက် အများဆုံးအထိ ရောက်ရှိသွားပါက မည်သို့ဖြစ်မည်နည်း။

  •  အကယ်၍ အသုံးပြုသူ၏ တေးသီချင်းစာရင်းတွင်အများဆုံးတေးသီချင်းအရေအတွက် ပြည့်သွားပါက တေးသီချင်းများကို ထပ်မံထည့်သွင်းနိုင်စေရန် လက်ရှိတေးသီချင်းကို ဖယ်ရှားရပါမည်။
  • လက်ရှိတေးသီချင်းများကို ပယ်ဖျက်နိုင်ရန် – https://ringtune.mpt.com.mm သို့ဝင်ရောက်နိုင်ပါသည် (သို့) 7979 သို့ ခေါ်ဆို၍ညွှန်ကြားချက်များအတိုင်းလုပ်ဆောင်ပါ။ (သို့) *7979# သို့ ခေါ်ဆိုပါ။

၁၀။ အကယ်၍ ringtune ဝန်ဆောင်မှုကို လက်ရှိရယူထားသူဖြစ်ပါက သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်ကို မည်သို့ရယူနိုင်မည်နည်း။

အကယ်၍ ringtune ဝန်ဆောင်မှုကို လက်ရှိရယူထားသူဖြစ်ပါက သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်ကိုအောက်ပါအတိုင်းနည်းလမ်းများအတိုင်းရယူနိုင်ပါသည်။
SMS (စာတို) – 7979 သို့ UP ဟုပေးပို့ပါ။
USSD – *7979*1# သို့ ခေါ်ဆိုပါ။
IVR – 7979 သို့ ခေါ်ဆို၍ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။
Website – https://ringtune.mpt.com.mm/crbt-web-portal/ သို့ဝင်ရောက်လေ့လာပါ။

Customer Care – MPT customer care 106 သို့ ဖုန်းခေါ်ဆိုပါ။

၁၁။ အကယ်၍ ရယူထားသော ပုံမှန် ringtune အစီအစဉ်မှ သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်သို့ မြှင့်တင်ပြောင်းလဲလိုက်လျှင် တေးသီချင်းစာရင်းထဲရှိ တေးသီချင်းများမည်သို့ဖြစ်မည်နည်း။

တေးသီချင်းစာရင်းထဲရှိတေးသီချင်းများကို ပယ်ဖျက်မည်မဟုတ်ပဲ အသစ် download လုပ်မည့် တေးသီချင်းများနှင့်အတူ ဆက်လက်ရှိနေမည်ဖြစ်သည်။

MPT Ring Tune အသုံးပြုထားတာကြောင့်
ကျွန်တော်ဖုန်းကိုခေါ်လိုက်တိုင်း
ကျွန်တော်ကြိုက်တဲ့ သီချင်းတွေကို ကျွန်တော့်သူငယ်ချင်းတွေနဲ့
မိသားစုဝင်တွေက နားထောင်လို့ရတယ်လေ။

အခြားဝန်ဆောင်မှုများ

Call Forwarding

Call Forwarding ဆိုတာဘာလဲ?

သုံးစွဲသူများအနေဖြင့် အခြေအနေအကြောင်းကြောင်းကြောင့် လက်ခံနိုင်ခြင်းမရှိသည့် အဝင်ခေါ်ဆိုမှုများကို
အခြား မိမိလက်ခံနိုင်မည့် ဖုန်းနံပါတ်ထဲသို့ အလိုအလျောက် လွှဲပေးသည့် ၀န်ဆောင်မှု ဖြစ်ပါသည်။

ဘယ်လိုရယူနိုင်မလဲ?

ဝန်ဆောင်မှု လျှောက်ထားရန်

1331 သို့ “ CF” ဟု
SMS ပေးပို့နိုင်ပါသည်။

ဝန်ဆောင်မှု ဖျက်ပစ်ရန်

1331 သို့ “ CF OFF” ဟု
SMS ပေးပို့နိုင်ပါသည်။

ဘယ်လိုအလုပ်လုပ်လဲ?

သုံးစွဲသူအနေနဲ့ လတ်တလော လက်ခံနိုင်ခြင်း မရှိသည့် အဝင်ခေါ်ဆိုမှုများအား

သုံးစွဲသူ လွှဲပေးစေလိုသည့် အခြား ဖုန်းနံပါတ်တစ်ခုသို့ လွှဲပေးခြင်း

ကျွန်တော် မအားတဲ့အချိန်တွေမှာ ကျွန်တော့်ဆီလာသမျှ ဖုန်းတိုင်းကို အခြားနံပါတ်တစ်ခုကို
လွှဲပေးနိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ကျွန်တော့်မိတ်ဆွေ ပြောပြလို့ Call Forwarding ကို
အသုံးပြုဖြစ်ခဲ့တယ်။ အခုတော့ ကျွန်တော့်ဆီ လာသမျှဖုန်းတိုင်းကို ကျွန်တော်ဖြေကြားနိုင်ပြီလေ။

အခြားဝန်ဆောင်မှုများ

Call Waiting

Call Waiting Service ဆိုတာဘာလဲ?

သုံးစွဲသူများအနေဖြင့် ဖုန်းပြောနေစဉ် အချိန်အတွင်းတွင် အခြား အရေးကြီးဖုန်းများ ထပ်မံဝင်ရောက်လာပါက မိမိလက်ရှိပြောနေသည့် ဖုန်းကို စိုင်းငံ့နိုင်ပြီး ခေါ်ဆိုမှုအသစ်များကို ထပ်မံ လက်ခံနိုင်မည့် ၀န်ဆောင်မှုဖြစ်ပါသည်။

ဘယ်လိုရယူနိုင်မလဲ?

ဝန်ဆောင်မှု လျှောက်ထားရန်

1331 သို့ “ CW” ဟု
SMS ပေးပို့နိုင်ပါသည်။

ဝန်ဆောင်မှု ဖျက်ပစ်ရန်

1331 သို့ “ CW OFF” ဟု
SMS ပေးပို့နိုင်ပါသည်။

ဘယ်လိုအလုပ်လုပ်လဲ?

ဖုန်းပြောနေစဉ် နောက်ထပ် ခေါ်ဆိုသူရှိပါက အသိပေးအချက်ပြသံကို ကြားရမှာဖြစ်ပါတယ်။

ထိုအချိန်တွင် လက်ရှိ ဖုန်းပြောနေသူနှင့် ခေတ္တစိုင်းငံ့ပြီး နောက်ခေါ်သူနှင့် ပြောင်းပြောခြင်း၊ ဖုန်းခေါ်မှုနှစ်ခုထဲမှ တစ်ခုကို ရပ်နားနိုင်ပါတယ်။

ပထမပြောနေသူ ဖုန်းခေါ်ဆိုမှုကို ကိုင်ထားသ၍ ပြန်လည် ပြောင်းလဲ ပြောဆိုနိုင်မှာဖြစ်ပါတယ်။ တစ်ချိန်ထဲတွင် ဖုန်းခေါ်သူ တစ်ယောက်သာ စောင့်စရာလိုပါမယ်။

ကျွန်တော်တစ်ယောက်ယောက်နဲ့ စကားပြောနေချိန်မှာတောင် အရေးကြီးတဲ့ ဖုန်းတွေဝင်လာခဲ့ရင်လည်း Call Waiting Service ကို အသုံးပြုထားတာကြောင့် ဖုန်း ချစရာမလိုဘဲ နောက်တစ်ဖုန်း ကို လက်ခံထားနိုင်တယ်။

အခြားဝန်ဆောင်မှုများ

Missed Call Alert

Missed Call Alert ဆိုတာဘာလဲ?

သုံးစွဲသူများအနေဖြင့် မိမိတို့ မအား၍ဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့်ဖြစ်စေ၊ ဖုန်းလက်မခံနိုင်သည့် အချိန်တွင် လက်ခံရရှိထားသော အဝင်ခေါ်ဆိုမှုများ (Missed calls) ကို SMS မက်ဆေ့ချ်ဖြင့် ပြသပေးသည့် ၀န်ဆောင်မှုဖြစ်ပါသည်။

ဘယ်လိုရယူနိုင်မလဲ?

ဝန်ဆောင်မှုလျှောက်ထားရန် 

1331 သို့ “ MCA” ဟု
SMS ပေးပို့နိုင်ပါသည်။

ဝန်ဆောင်မှု ဖျက်ပစ်ရန်

1331 သို့ “ MCA OFF” ဟု
SMS ပေးပို့နိုင်ပါသည်။

ဘယ်လိုအလုပ်လုပ်လဲ?

ဖုန်းပိတ်ထားတဲ့အချိန်တွေမှာ လက်ခံရရှိထားသော Missed Call များကို SMS ဖြင့် သတိပေးပါတယ်။ Missed Call Alert SMS တွေဟာ အခမဲ့ဖြစ်ပါတယ်။

အစည်းအဝေးမှာပဲ ဖြစ်ဖြစ် ခရီးသွားနေရင်ပဲဖြစ်ဖြစ် ကျွန်တော့် ဖုန်းကို ပိတ်ထားလေ့ရှိပါတယ် ။
ဒါပေမယ့် ကျွန်တော့်အတွက် အရေးကြီးတဲ့ ဖုန်းတွေကို မလွတ်သွားချင်ဘူးလေ ။
Missed Call Alert ကြောင့် ဖုန်းပိတ်ထားချိန်မှာ ကျွန်တော့်ဆီဝင်လာသမျှ ဖုန်းတိုင်းကို ကျွန်တော်သိခွင့်ရခဲ့တယ် ။

အခြားဝန်ဆောင်မှုများ

USSD Menu

USSD Menu ဆိုတာဘာလဲ?

ငွေလက်ကျန်စစ်တဲ့အခါဖြစ်စေ၊ ငွေဖြည့်တဲ့အခါဖြစ်စေ၊ အင်တာနက် package တွေဝယ်တဲ့အခါဖြစ်စေ၊ ထပ်ဆောင်းဝန်ဆောင်မှုတွေ ရယူချင်တဲ့အခါ ဖြစ်စေ၊ MPT ကိုဆက်သွယ်ချင်တဲ့အခါဖြစ်စေ များပြားလှတဲ့ code နံပါတ်တွေကို မှတ်စရာမလိုတော့ဘဲ USSD Menu ဝန်ဆောင်မှုကို အချိန်မရွေး နေရာမရွေး လွယ်ကူစွာ ရယူအသုံးပြုလို့ရပါပြီ။

ဘယ်လိုရယူနိုင်မလဲ?

အသုံးပြုသူအနေဖြင့် USSD Menu ဝန်ဆောင်မှုကို အောက်ပါ USSD Code ကို ခေါ်ဆိုခြင်းဖြင့် သုံးစွဲနိုင်ပါတယ်။

*106#[send]

ဘယ်လိုအလုပ်လုပ်လဲ?

vas-icon2

အသုံးပြုသူအနေဖြင့် USSD Menu ကိုအသုံးပြုပြီး MPT ရဲ့ USSD ဝန်ဆောင်မှု နံပါတ်တွေကို အဆင်သင့်ရှာဖွေ သုံးစွဲနိုင်ပါတယ်။

ကျွန်တော် ငွေလက်ကျန်စစ်တဲ့အခါဖြစ်စေ ငွေဖြည့်တဲ့အခါဖြစ်စေ အင်တာနက် package တွေဝယ်တဲ့အခါဖြစ်စေ ထပ်ဆောင်ဝန်ဆောင်မှုတွေရယူချင်တဲ့အခါ ဖြစ်စေ MPT ကိုဆက်သွယ်ချင်တဲ့အခါဖြစ်စေ များပြားလှတဲ့ code နံပါတ်တွေကို မှတ်စရာမလိုတော့ဘဲ USSD Menu ရှိတဲ့အတွက် အချိန်မရွေး နေရာမရွေး လွယ်ကူစွာ ရယူအသုံးပြုလို့ရပါပြီ။

အခြားဝန်ဆောင်မှုများ

Voice Mail Services

Voice Mail Service ဆိုတာဘာလဲ?

မိမိခေါ်ဆိုသူ၏ ဖုန်းမှာ ယာယီခေါ်ဆိုမရ၍ဖြစ်စေ၊ ဖုန်းပိတ်ထား၍ဖြစ်စေ မိမိ ပြောပြလိုသည်များကို အသံမက်ဆေ့ချ်အဖြစ် ချန်ထားခဲ့နိုင်သည့် ၀န်ဆောင်မှုဖြစ်သည်။

ဘယ်လိုရယူနိုင်မလဲ?

၀န်ဆောင်မှုလျှောက်ထားရန်

1331 သို့ “ VMS” ဟု
SMS ပေးပို့နိုင်ပါသည်။

ဝန်ဆောင်မှုကို ဖျက်ပစ်ရန်

1331 သို့ “ VMS OFF” ဟု
SMS ပေးပို့နိုင်ပါသည်။

ဘယ်လိုအလုပ်လုပ်လဲ?

သုံးစွဲသူမှာ လတ်တလော ဆက်သွယ်၍ မရနိုင်လျှင်ဖြစ်စေ ဖုံးပိတ်ထားလျှင်ဖြစ်စေ

ခေါ်ဆိုသူအနေဖြင့် အသံ Message ချန်ထားနိုင်သည့် ဝန်ဆောင်မှု

ကျွန်တော်နေ့ရက်တိုင်းမှာ အလုပ်တွေကြောင့် ဖုံးတိုင်းကို ပြန်လည်ဖြေကြားခွင့်မရခဲ့ဘူး။
ကျွန်တော် ဖုံးမကိုင်နိုင်တဲ့အချိန်တွေမှာ Voice Mail ဝန်ဆောင်မှုကို အသုံးပြုထားတဲ့အတွက်ကြောင့်
သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေရဲ့ စကားသံကို ပြန်လည်ကြားရခြင်းက
သူတို့နဲ့နီးစပ်နေတယ်လို့ ကျွန်တော်ခံစားရတယ်။

အခြားဝန်ဆောင်မှုများ