239,800 MMK | |
---|---|
Display | 6.51 inches IPS LCD (720 x 1600 pixels) |
Memory & Storage | 32GB ROM + 2GB RAM |
SIM Capability | Dual SIM(nano-SIM, dual stand-by) |
Chipset | Mediatek MT6765 Helio P35 (12nm) |
CPU | Octa-core (4x2.35 GHz Cortex-A53 & 4x1.8 GHz Cortex-A53) |
Battery | Li-Po 5000 mAh, non-removable |
Dimensions | 164 x 75.2 x 8.3 mm (6.46 x 2.96 x 0.33 in) |
Camera | 8MP (rear), 5MP(front) |
Network | 2G bands :GSM 850 / 900 / 1800 / 1900 - SIM 1 & SIM 2 |
3G bands : HSDPA 850 / 900 / 2100 | |
4G bands : 1, 3, 5, 8, 38, 40, 41 | |
Connectivity | microUSB 2.0, USB On-The-Go |
Wi-Fi 802.11 a/b/g/n/ac, dual-band, hotspot | |
Bluetooth 5.0, A2DP, LE | |
Bonus | 1GB + 50min (on-net) per month x 6months |
vivo Y01


အမေးအဖြေ
၁။ vivo Y01 ပရိုမိုးရှင်းဆိုတာဘာလဲ။
vivo Y01 smart phone ကို သတ်မှတ်ထားသော ပရိုမိုးရှင်းကာလတွင် ၀ယ်ယူပြီး MPT sim card နှင့်တွဲဖက်အသုံးပြုပါက လစဥ်လတိုင်း 1GB ဒေတာ နှင့် 50 မိနစ် ကို ၆ လတိုင်တိုင်ရရှိနိုင်မည်ဖြစ်ပါသည်။
၂။ vivo Y01 လက်ဆောင်ကို မည်သို့ရယူရမည်နည်း။
ပထမဦးစွာ vivo Y01 ဖုန်းကို MPT sim card နှင့်တွဲဖက်အသုံးပြုရန်လိုအပ်ပါသည်။ ထို့နောက် ကြိုက်နှစ်သက်ရာနည်းလမ်းဖြင့် ဖုန်းငွေ ၃၀၀၀ ကျပ်ဖြည့်သွင်းပြီး လက်ဆောင်ကိုရယူနိုင်ပါသည်။ ထိုဖုန်းငွေ ၃၀၀၀ ကျပ်သည် မိမိလက်ငွေစာရင်းထဲတွင် ကြိုက်နှစ်သက်ရာသုံးရန် ကျန်ရှိနေမည်ဖြစ်ပါသည်။
၃။ ဖုန်းငွေဖြည့်ပြီး မည်သည့်အချိန်တွင် လက်ဆောင် ပက်ကေ့ချ်ကို ရမည်နိုင်မည်နည်း။
vivo Y01 ဖုန်းနှင့် MPT sim card ကို နေ့ ၁ တွင် အတူတကွသုံးပြီး ဖုန်းငွေ ၃၀၀၀ ထောင် ကို ထိုနေ့တွင် ဖြည့်ပါက လက်ဆောင် ပက်ကေ့ချ်ကို နေ့ ၂ တွင် ရရှိပါမည်။
vivo Y01 ဖုန်းနှင့် MPT sim card ကို နေ့ ၁ တွင် အတူတကွသုံးပြီး ဖုန်းငွေ ၃၀၀၀ ထောင် ကို နေ့ ၂ တွင် ဖြည့်ပါက လက်ဆောင် ပက်ကေ့ချ်ကို နေ့ ၂ တွင် ရရှိပါမည်။
၄။ လက်ဆောင် ပက်ကေ့ချ်ကို မည်သည့်အချိန်ထိပေးမည်နည်း။
စတင်အသုံးပြုသောလမှစ၍ ၆ လတိုင်တိုင်ရရှိမည်ဖြစ်ပါသည်။
ဥပမာ အသုံးပြုသူသည် ဧပြီလ ၂၀၂၁ မှစတင်ပြီး လက်ဆောင်ပက်ကေ့ချ်ကို အသုံးပြုပါက စက်တင်ဘာလ ၂၀၂၁ အထိ ရရှိမည်ဖြစ်ပါသည်။ ကြားကာလများဖြစ်သော မေလ (သို့) ဂျွန်လ များတွင် ဖုန်းငွေ ၃၀၀၀ မဖြည့်သွင်း၍ လက်ဆောင် ပက်ကေ့ချ်ကို မရရှိသော်လည်း မူလအတိုင်း စက်တင်ဘာလအထိသာ ရရှိပါမည်။
၅။ MPT sim card ကို မူလ အစီအစဥ်(ဒေတာအသုံးပြုမှုကို ကြာချိန်ဖြင့်ဖြတ်သော) သို့ပြောင်းလဲ အသုံးပြုလိုက်ပါက မည်သို့ဖြစ်မည်နည်း။
လက်ဆောင် ပက်ကေ့ချ်ကို ဆွေသဟာ (သို့) ရှယ်ပြော (သို့) ရွှေစကား အစီအစဥ်ကို ရယူထားသူများသာ အသုံးပြုနိုင်ပါသည်။
အသုံးပြုသူသည် မူလ အစီအစဥ်ကို အသုံးပြုပြီးကာမှ ဆွေသဟာ (သို့) ရှယ်ပြော (သို့) ရွှေစကား အစီအစဥ်ကို ပြန်လည်ပြောင်းလဲ အသုံးပြုလိုက်လျှင် လက်ကျန် လက်ဆောင်ပက်ကေ့ချ်များကို ပြန်လည် အသုံးပြုနိုင်မည် ဖြစ်ပါသည်။
၆။ လက်ဆောင် ပက်ကေ့ချ်၏ သက်တမ်း မည်မျှရှိသလဲ။
လက်ဆောင် ပက်ကေ့ချ်ကို စတင်ရရှိသောနေ့မှ ရက် ၃၀ အထိအသုံးပြုနိုင်ပါသည်။
၇။ မိမိ အသုံးပြုသော အခါ မည်သည့်ဒေတာကို အရင်ဖြတ်မည်နည်း။
အခမဲ့ လက်ဆောင် ပက်ကေ့ချ်ကို အရင်ဖြတ်ပြီး ၀ယ်ယူထားသော အရာများကို နောက်မှဖြတ်ပါမည်။
၈။ vivo Y01 ဖုန်း ၏စျေးနှုန်း မည်မျှလဲ။
vivo Y01 ဖုန်း ၏စျေးနှုန်းမှာ ၂၃၉,၈၀၀ ကျပ်ဖြစ်ပါသည်။
၉။ vivo Y01 ဖုန်း ကို မည်သည့်နေရာများတွင် ၀ယ်ယူနိုင်မည်နည်း။
vivo Y01 ဖုန်း ကို vivo ဖုန်းဆိုင်များ၊ MPT ဖုန်းဆိုင်များ နှင့် အခြားဖုန်းအရောင်းဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပါသည်။
၁၀။ vivo Y01 ဖုန်းအတွက် မည်သည့်နေရာများတွင် ပြုပြင်နိုင်သနည်း။
vivo Y01 ဖုန်းကို အောက်ပါ ပြုပြင်ရေးစင်တာများတွင် ပြုပြင်နိုင်ပါသည်။
https://www.vivo.com/mm/support/service-center
၁၁။ vivo Y01 ဖုန်းကို မည်သည့်အချိန်တွင် ၀ယ်ယူရရှိနိုင်ပါသနည်း။
vivo Y01 ဖုန်းကို မေလ ၂၆ ရက် ၂၀၂၂ မှ စတင်ပြီး ၀ယ်ယူရရှိနိုင်ပါသည်။