×

Voice Mail ဝန်ဆောင်မှု

Voice Mail ဝန်ဆောင်မှုကို မည်သို့ ရယူရမည်နည်း။

Voice Mail ဝန်ဆောင်မှုစတင်အသုံးပြုရန် 1331 သို့ VMS ဟုရိုက်ကာ SMS ပေးပို့ပါ။
Voice mail အား စတင်အသုံးပြုစဉ်တွင် 1550 သို့ ခေါ်ဆိုကာ သင်၏ နှုတ်ဆက်သံနှင့် လျှို့ဝှက်နံပါတ် Password (၄ လုံးမှ ၆လုံး) ကို သွင်းထားရမည် ဖြစ်ပါသည်။ ဝန်ဆောင်မှုမှာ အခမဲ့ဖြစ်ပါသည်။ လစဉ်ကြေးပေးရန်မလိုပါ။
( ၁) Voice Mail ပို့သူများ ကြားရမည့် သင့်ရဲ့ နှုတ်ခွန်းဆက်စကားကို အသံသွင်းပါ
(၂) Voice Mail ပို့အပြီးတွင် ကြားရမည့် သင့်ရဲ့ နှုတ်ဆက်စကားကို အသံသွင်းပါ
(၃) လျို့ဝှက်နံပါတ် ထည့်သွင်းပါ

လက်ခံရရှိထားသော အသံမက်ဆေ့ အား အခြားနံပါတ်တစ်ခုမှနေ၍ ခေါ်ဆို စစ်ဆေးနိုင်ပါသလား?

လက်ခံရရှိထားသော အသံမက်ဆေ့အား အခြားဖုန်းတစ်ခုမှနေ၍ 1550 သို့ ခေါ်ဆိုကာ စစ်ဆေးနိုင်ပါသည်။ 1550 သို့ ခေါ်ဆိုပြီး ညွှန်ကြားချက်အတိုင်းလုပ်ဆောင်ရမှာ ဖြစ်ပါသည်။

Voice Mail ဝန်ဆောင်မှု နှင့် Missed Call Alert ဝန်ဆောင်မှုတို့ကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ပါသလား။

ထိုဝန်ဆောင်မှုများကို တစ်ပြိုင်နက်တည်း အသုံးပြု၍ မရပါ။

Special Greeting Message ဆိုသည်မှာ အဘယ်နည်း။

Voice Mail ဝန်ဆောင်မှုတွင် Personal Greeting Message (ကိုယ်ပိုင် နှုတ်ခွန်းဆက်စကား) နှင့် Special Greeting Message                (အထူးနှုတ်ခွန်းဆက်စကား) ဟူ၍ (၂) မျိုးရှိပါသည်။ Special Greeting Message    (အထူးနှုတ်ခွန်းဆက်စကား) ကို အသံသွင်းထားပါက Personal Greeting Message (ကိုယ်ပိုင် နှုတ်ခွန်းဆက်စကား) ကို ကြားရမည်မဟုတ်ဘဲ အထူးနှုတ်ခွန်းဆက်စကားကိုသာ ကြားရမှာ    ဖြစ်ပါသည်။

Voice Mail ဝန်ဆောင်မှုအား ဘယ်လိုအသုံးပြုရပါသလဲ။

သုံးစွဲသူမှာ လတ်တလော ဆက်သွယ်၍ မရနိုင်လျှင်ဖြစ်စေ၊ ဖုန်းပိတ်ထားလျှင်ဖြစ်စေ၊ ခေါ်ဆိုသူအနေဖြင့် အသံမက်ဆေ့ ချန်ထားနိုင်သည့် ဝန်ဆောင်မှုဖြစ်ပါသည်။
အသံမက်ဆေ့ရရှိပါက အချက်ပေးမည်ဖြစ်ပြီး ၁၅၅၀ သို့ခေါ်ဆိုကာ မက်ဆေ့ကို နားထောင်ရန်၊ ဖျက်ရန် သို့မဟုတ် စီမံနိုင်ပါသည်။ အများဆုံး အသံမက်ဆေ့ အစောင် ၂၀ လက်ခံထားနိုင်ပါသည်။

အသံမက်ဆေ့နားထောင်ရန်နှင့် အသံမက်ဆေ့ထားခဲ့ရန်တို့အတွက် ပုံမှန်ခေါ်ဆိုမှုနှုန်းထားအတိုင်းကျသင့်မည်ဖြစ်သည်။

Voice Mail ဝန်ဆောင်မှုအား အသုံးမပြုလိုတော့ပါက မည်သို့ပြုလုပ်ရမည်နည်း။

“VMS OFF” ဟုရိုက်ကာ 1331 သို့ မက်ဆေ့ ပေးပို့ရမှာဖြစ်ပါသည်။

Voice Mail ဝန်ဆောင်မှု settings တွင် နှုတ်ခွန်းဆက်စကား၊ ဘာသာစကား၊ အသံအမှတ်အသား၊လျှို့ဝှက်နံပါတ်တို့ကို မည်သို့ ပြောင်းလဲရမည်နည်း။

Settings ထဲတွင် နှုတ်ခွန်းဆက်စကား၊ ဘာသာစကား၊ အသံအမှတ်အသား၊လျှို့ဝှက်နံပါတ် တို့ကို အောက်ပါအတိုင်း ပြောင်းလဲပြင်ဆင် နိုင်ပါသည်။
(၁) ၁၅၅၀ ကို ဖုန်းခေါ်ပါ
(၂) ကိုယ်ပိုင်အသံမက်ဆေ့ချ်များ သိမ်းဆည်းရာစာတိုက်ကိုရောက်ရှိရန် ၁ ကို နှိပ်ပါ။
(၃) Settings ကို နှိပ်ပါ
(၄) နှုတ်ခွန်းဆက်စကား (Greeting) အတွက် ၁ ကို နှိပ်ပါ၊ လျို့ဝှက်နံပါတ် (Password) အတွက် ၂ ကို နှိပ်ပါ၊ ဘာသာစကား (Language) အတွက် ၃ ကို နှိပ်ပါ၊ အသံအမှတ်အသား (Voice Signature) အတွက် ၄ ကို နှိပ်ပါ။
အသံမက်ဆေ့ချ်များလက်ခံရရှိထားပါက မက်ဆေ့ချ်အားလုံးကို နားထောင်ပြီးမှ setting menu ကို ရွေးချယ်နိုင်ပါသည်။

ခေါ်ဆိုသူမှ မိမိချန်ထားရှိခဲ့သော Voice Mail မက်ဆေ့ချ်ကို ကဏ္ဍများခွဲနိုင်ပါသလား။

ခေါ်ဆိုသူများမှ မိမိ ချန်ထားရှိခဲ့သော အသံမက်ဆေ့ချ်၏ အရေးကြီးမှုပေါ်မူတည်ပြီး သတ်မှတ်ထားနိုင်ပါသည်။ အသံမက်ဆေ့ချ်သွင်းပြီးပါက * ကိုနှိပ်ပါ။ ပြီးလ ျှင် ပုံမှန်အသံမက်ဆေ့ချ်အတွက် နံပါတ် ၁ ၊ အရေးကြီးအသံမက်ဆေ့ချ်အတွက် နံပါတ် ၂၊ လျို့ဝှက်အသံမက်ဆေ့ချ်အတွက် ၃ ကို နှိပ်ပါ။ အသံမက်ဆေ့ချ်၏ ကဏ္ဍ     ခွဲခြားမှုနှင့်ပတ်သတ်ပြီး SMS လက်ခံရရှိပါမည်။