×

The Voice Myanmar ထိပ်တန်းပြိုင်ပွဲဝင်များ၏ အမှတ်တရဖြစ်စေမည့် စင်မြင့်ပေါ်က စိတ်လှုပ်ရှားဖွယ်ရာ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်မှုများကို ယခုရက်သတ္တပတ်အတွင်း ကြည့်ရှုနိုင်တော့မည်

31 May 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် မေလ ၃၁ ရက်) – လာမည့် တနင်္ဂနွေနေ့တွင် ကျင်းပမည့် နိုင်ငံတစ်ဝှမ်းတွင် လူကြိုက်အများဆုံး အဆိုပြိုင်ပွဲဖြစ်သော The Voice Myanmar ၏ ဗိုလ်လုပွဲစဉ်သည် အမာခံပရိတ်သတ်များ၏ တက်တက်ကြွကြွ ပါဝင်အားပေးမှုများနှင့်အတူ စတင်ရန် အသင့်ဖြစ်နေပြီဖြစ်ပါသည်။ ရက်သတ္တပတ်များစွာ ကြာမြင့်ခဲ့သည့် ထူးခြားပြောင်မြောက်သော သီဆိုယှဉ်ပြိုင်မှုများအပြီးတွင် နောက်ဆုံးအဆင့်သို့ တက်လှမ်း နိုင်သူ လေးဦးသာ ကျန်ရစ်သည်အထိ အဆင့်သို့ရောက်ရှိလာခဲ့ပြီး Mark Jason (Team Ni Ni), Hnin Eaindray Shin (Team Kyar Pauk), Ngwe Soe (Team Lynn Lynn) နှင့် Thaw Di (Team Yan Yan Chan) တို့က ယခုတစ်ပတ်တွင် ယှဉ်ပြိုင်ကြရမည်ဖြစ်ကာ အနိုင်ရရှိသူမှာ ဆုငွေ ကျပ်သိန်း၂၀၀ နှင့်အတူ Universal Music မှ တစ်ကိုယ်တော် တေးစီးရီး ထုတ်လုပ်ပေးမည့် အခွင့်အရေးကိုလည်း ရရှိမည် ဖြစ်သည်။

ဗိုလ်လုပွဲစဉ်နှင့်အတူ MPT က ၎င်း၏ လူကြိုက်များသော အစီအစဉ်ဖြစ်သည့် “Guess and Win” မှတစ်ဆင့် New iPad 9.7” (32GB) သုံးလုံးကို မဲဖောက်ပေးသွားမည် ဖြစ်သလို ပရိသတ်တစ်ဦးကိုလည်း iPhone X တစ်လုံး မဲဖောက်ချီးမြှင့်ပေးသွားမည့် ကံစမ်းမဲ အစီအစဉ်ပါ ပါဝင်မည်ဖြစ်ကြောင်း တစ်ပါတည်းထုတ်ပြန် ကြေညာခဲ့ပါသည်။

The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးသည် MPT နှင့် MRTV – 4 ရုပ်သံလိုင်းတို့မှ ထုတ်လွှင့်ခဲ့ပြီး အောင်မြင်မှုရရှိနိုင်ခဲ့ကာ MPT အနေဖြင့် ယခုတစ်ပတ် သီချင်းဆိုပြိုင်ပွဲတွင် ရွေးချယ်သွားတော့မည့် အနိုင်ရရှိသူကို ဂုဏ်ပြုကြေညာပေးရန်အတွက်လည်း စိတ်အားထက်သန်လျက်ရှိပါသည်။

“Guess and Win” အစီအစဉ်
ယခုတစ်ပတ်တွင် ပရိသတ်များက The Voice Myanmar ၏ အနိုင်ရရှိသူကို မှန်ကန်စွာ ခန့်မှန်းပြီး ဆုလက်ဆောင်များဖြစ်သည့် New iPad 9.7” (32GB) သုံးလုံးကို ရယူပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ Guess and Win ပြိုင်ပွဲကို MPT ၏ Facebook Page သို့ ဝင်ရောက်ပြီး မိမိတို့ခန့်မှန်းချက်များကို ၂၀၁၈ ခုနှစ် ဇွန်လ ၃ ရက်နေ့ ည ၆ နာရီအထိ နောက်ဆုံးထား၍ ဖြည့်သွင်းရုံဖြင့် အစီအစဉ်တွင် အလွယ်တကူ ပါဝင်နိုင်မည် ဖြစ်သည်။ The Voice Myanmar ပွဲကြီး၏ အနိုင်ရရှိသူကို မှန်ကန်စွာခန့်မှန်းနိုင်သည့် ပရိသတ်များအနက်မှ (၃) ဦးအား ကျပန်းစနစ်ဖြင့် ရွေးချယ်၍ New iPad 9.7” (32GB) ဆုလက်ဆောင်ကို ချီးမြှင့်သွားမည်ဖြစ်သည်။

MPT ၏ The Voice Myanmar ပြိုင်ပွဲ သီးသန့်တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်
MPT အနေဖြင့် The Voice Myanmar အမာခံပရိသတ်များအတွက် မေတ္တာလက်ဆောင် အထူးအစီအစဉ် တစ်ခုကိုလည်း ဇွန်လ ၃ ရက်နေ့တွင် သယ်ဆောင်ပေးလာမည် ဖြစ်ပါသည်။ အဆိုပါအစီအစဉ်မှာ MRTV-4 ရုပ်သံတွင် ပြိုင်ပွဲတိုက်ရိုက်ထုတ်လွှင့်ပြသမှု မစတင်မီ MPT ၏ တရားဝင် Facebook စာမျက်နှာ facebook.com/mptofficialpage မှတစ်ဆင့် ပြိုင်ပွဲဝင်များ၏ ရင်ခုန်စိတ်လှုပ်ရှားမှုများ၊ ပြိုင်ပွဲပြင်ဆင် နေမှုများနှင့် The Voice Myanmar ပရိသတ်များ၏ အားပေးမှုများကို တိုက်ရိုက်မေးမြန်းထုတ်လွှင့် ပေးသွားမည် ဖြစ်ပါသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို ယခုလာမည့် ဇွန်လ ၃ ရက် တနင်္ဂနွေနေ့ည ၉ နာရီမတိုင်မီ တွင် ကြည့်ရှုနိုင်မည် ဖြစ်ပြီး ပရိသတ်များ ပါဝင်ကြည့်ရှုကြရန် MPT မှ ဖိတ်ခေါ်ပါသည်။

MPT သုံးစွဲသူများအတွက် Lucky Draw အစီအစဉ်
ဗိုလ်လုပွဲစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် MPTမှ ၎င်း၏ သီးသန့် online portal ဖြစ်သော thevoice.mptvote.com တွင် မိမိကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်များကို မဲပေးထားသည့် ပရိသတ်များအနက်မှ ကံထူးရှင်တစ်ဦးကို ကျပန်းစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး ကံထူးရှင်မှာ iPhone X အပြင် အခြားသော ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ လက်ဆောင်များကိုလည်း ရရှိမည်ဖြစ်သည်။ မဲပေးသည့် ပရိသတ်များအနေဖြင့် Lucky Draw အစီအစဉ်တွင် ပါဝင်ရန် Portal မှ မဲပေး၍ ဖြစ်စေ၊ *9011# ကိုခေါ်ဆို၍ ဖြစ်စေ လွယ်ကူစွာ ပါဝင်နိုင်ပါသည်။

အရေအတွက်အမြောက်အများ မဲပေးနိုင်မည့်ပုံစံ
ဗိုလ်လုပွဲစဉ်အတွက် MPT သည် The Voice Myanmar၏ အမာခံပရိသတ်များအတွက် သက်သာပြီး အရေအတွက်များများပေးနိုင်မည့် စနစ်ကိုလည်း စတင်ခဲ့ပါသည်။ MPT online portal ဖြစ်သည့် thevoice.mptvote.com တွင် ဝင်ရောက်မဲပေးနိုင်မည့် ပုံစံအသစ်များကို အောက်တွင်ဖော်ပြထားပါသည်။

ယှဉ်ပြိုင်ပြီးပွဲစဉ်များ အစီအစဉ်များ

ဆီမီးဖိုင်နယ် နှင့်

ဗိုလ်လုပွဲ

1 Click၁ မဲ၁ မဲ
1 Click၃ မဲ၅ မဲ
1 Click၅ မဲ၁၀ မဲ
1 Click၂၀ မဲ
1 Click၅၀ မဲ

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “တကယ့်ကို ထူးခြားကောင်းမွန်တဲ့ ပထမဆုံးအကြိမ်မြောက် ပြိုင်ပွဲကြီးပါပဲ။ The Voice Myanmar ရဲ့နောက်ဆုံးအဆင့် ရက်သတ္တပတ်ကို ရောက်လာပြီဖြစ်လို့ ကျွန်တော်တို့အားလုံး အရမ်းကို စိတ်လှုပ်ရှားနေကြပါတယ်။ သီချင်းဆိုပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲစဉ်ကို အားပေးတဲ့ အထိမ်းအမှတ်အဖြစ် Guess and Win နဲ့ Lucky Draw အစီအစဉ်တွေကနေ ပရိသတ်တွေကို ဆုလက်ဆောင်တွေ ပေးသွားမှာဖြစ်ပါတယ်။ The Voice Myanmar ရဲ့ Winner ကို ခန့်မှန်းနိုင်တဲ့သူက အသစ်စက်စက် iPad 9.7”(32GB) ကို ရနိုင်မယ့် အခွင့်အရေးရမှာဖြစ်ပြီး MPT online portal ကို သုံးပြီး မဲပေးထားတဲ့သူတွေထဲကနေ ကံထူးရှင်တစ်ဦးကို ရွေးချယ်ပြီး iPhoneX နဲ့ အထူးလက်ဆောင်ကို ပေးအပ်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး Mr. Reizo Umeda က “အခုလို နောက်ဆုံးအဆင့်အထိ တက်ရောက်လာနိုင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင်တွေကို ဒီလိုခရီးရှည်ကြီးတစ်ခုကို မဆုတ်မနစ်တက်လှမ်းနိုင်ခဲ့ကြတဲ့အတွက် တကယ့်ကိုပဲ ဂုဏ်ယူတယ်လို့ ပြောပါရစေ။ ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီတိုင်း အကောင်းဆုံးဆိုတာတွေနဲ့ ကံကောင်းခြင်းတွေ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ကျွန်တော်တို့အနေနဲ့လည်း ရင်ခုန်စိတ်လှုပ်ရှားပြီး မမေ့နိုင်စရာ အမှတ်တရတွေ ပြည့်နှက်နေမယ့် ဒီပြိုင်ပွဲကြီးရဲ့ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ပွဲကို စောင့်မျှော်နေပါတယ်။” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

The Voice Myanmar အကြောင်းအရာများ (သို့) MPT ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ သိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့မဟုတ် MPT ၏ တရားဝင် Facebook စာမျက်နှာ facebook.com/mptofficialpage တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။