×

Welcome Bonus

၁။ MPT SIM Card တစ်ခုရဲ့ဈေးနှုန်းကဘယ်လောက်လဲ။

MPT SIM Card တစ်ခုလျှင် ၁၅၀၀ကျပ်နဲ့ဝယ်ယူနိုင်ပါသည်။

၂။ MPT SIM Card စတင်သုံးစွဲပါက ဘယ်လိုလက်ဆောင်တွေရရှိနိုင်မှာပါလဲ။

• MPT SIM Card အသစ် စတင်သုံးစွဲပါက SIM Card အဖွင့်လက်ဆောင် ၁၀၀ကျပ် ရရှိပါမည်။
• ထို့အပြင် SIM Card စတင်အသုံးပြုပြီး(၇)ရက်အတွင်း ပထမဆုံးတစ်ကြိမ် ၁၀၀၀ ကျပ်နှင့်အထက် ဖုန်းငွေဖြည့်ပါက အပိုလက်ဆောင် 1GB ကို(တစ်ကြိမ်) ထပ်မံ ရရှိမည်ဖြစ်ပါသည်။

၃။ SIM Card အဖွင့်လက်ဆောင်နဲ့ဖုန်းငွေဖြည့်အပိုလက်ဆောင် 1GB ကို ဘယ်သူ တွေ ရရှိ နိုင်မှာလဲ။

• ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှစ၍ MPT SIM Card အသစ် စတင်သုံးစွဲသော GSM/WCDMA (Prepaidစနစ်) အသုံးပြုသူများသည် SIM Card အသစ်စတင် အသုံးပြု သည်နှင့်တစ်ပြိုင်နက် အဖွင့်လက်ဆောင် ၁၀၀ကျပ်ကိုရရှိနိုင်ပါသည်။
• SIM Card အသစ်စတင်အသုံးပြုပြီးနောက် (၇)ရက်အတွင်း ပထမဆုံးတစ်ကြိမ် ၁၀၀၀ ကျပ်နှင့်အထက် ဖုန်းငွေဖြည့်ပါကလည်း အပိုလက်ဆောင် 1GBကို(တစ်ကြိမ်) ရရှိမည် ဖြစ်သည်။

၄။ SIM Card အဖွင့်လက်ဆောင်နဲ့ဖုန်းငွေဖြည့်အပိုလက်ဆောင် 1GB ကို ဘယ်လို အသုံးပြု နိုင်ပါသလဲ။

• MPT SIM Card အဖွင့်လက်ဆောင်ကို MPTအချင်းချင်းဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ Pay-As-You-Go စနစ်ဖြင့်အင်တာနက်အသုံးပြုခြင်း တို့အတွက် ရက်၃၀အတွင်းအသုံးပြုနိင်ပါသည်။
• ငွေဖြည့်အပိုလက်ဆောင် 1GB ကို အင်တာနက် အသုံးပြုခြင်းအတွက် ရက်၉၀အတွင်း အသုံး ပြုနိင်ပါသည်။

၅။ တစ်ကြိမ်ရရှိနိုင်မယ့် ငွေဖြည့်အပိုလက်ဆောင်က ဘယ်လောက်ပါလဲ။

၂၀၁၈ခုနှစ်၊ အောက်တိုဘာလ(၅)ရက်မှစ၍ MPT GSM/WCDMA SIM Card အသစ် စတင် အသုံးပြုသူများသည် SIM Card စတင်အသုံးပြုပြီးနောက် (၇)ရက်အတွင်း ပထမဆုံးတစ်ကြိမ် ၁၀၀၀ကျပ်နှင့်အထက် ဖုန်းငွေဖြည့်ပါက အပိုလက်ဆောင် 1GBကို (တစ်ကြိမ်) ရရှိမည် ဖြစ်ပါသည်။

၆။ MPT SIM Card အသစ်ဝယ်ပြီးနောက် အဖွင့်လက်ဆောင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ပထမဆုံး ငွေဖြည့်တဲ့ အခါမှာ တော့ အပိုလက်ဆောင် 1GB ကိုမရရှိပါဘူး။ ဘာဖြစ်လို့ပါလဲ။

အပိုလက်ဆောင် 1GB သည် SIM Card စတင်အသုံးပြုပြီးနောက် (၇)ရက် အတွင်း ပထမဆုံးတစ်ကြိမ် ၁၀၀၀ ကျပ်နှင့်အထက် ဖုန်းငွေဖြည့် မှသာ ရရှိမည် ဖြစ်ပါသည်။

၇။ MPT SIM Card အသစ်ဝယ်ပြီးနောက် အဖွင့်လက်ဆောင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ စတင်အသုံးပြုပြီးနောက် (၇) ရက်အတွင်း ပထမဆုံးတစ်ကြိမ် ဖုန်းငွေဖြည့်တဲ့အခါမှာတော့ အပိုလက်ဆောင် 1GB ကိုမရရှိပါဘူး။ ဘာဖြစ်လို့ပါလဲ။

• MPT SIM Card အသစ်စတင်အသုံးပြုသူများသည် SIM Card ကို Activate ပြုလုပ် ပြီးမှသာ ဖုန်းငွေဖြည့်ခြင်းဖြင့် အပိုလက်ဆောင် 1GB ကိုရရှိနိုင်မည်ဖြစ်ပါသည်။
• SIM Card ကို Activate ပြုလုပ်ရန် – *124# ကို ရိုက်နှိပ်ခေါ်ဆိုခြင်း(သို့မဟုတ်) ဖုန်းတစ်ကြိမ်ခေါ်ဆိုခြင်း။