Booking mm

Booking.com သည်အွန်လိုင်းခရီးသွားအေဂျင်စီတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင်အကြီးဆုံးနေရာအခန်းများကို ပံပိုးပေးသူဖြစ်သည်။

MPT Club ဆုလက်ဆောင်

MPT Club အဖွဲ့ဝင်များအတွက် : Booking.com တွင် မိမိ အသုံးပြုလိုက်သောအခန်းခ ကျပ်ငွေပမာဏ အပေါ်မူတည်ပြီး 2% MPT Point များပြန်လည်ရရှိမည်ဖြစ်သည်။ (ဥပမာ ၁,၀၀၀ကျပ် သုံးစွဲတိုင်း MPT Point (၂၀) ရရှိမည်ဖြစ်သည်)

ဆုလက်ဆောင်ကိုဘယ်လိုရယူမလဲ?

၁။ MPT အမှတ်တံဆိပ်ပါရှိသော Booking.com webpage:  www.booking.com/mptclub အားဝင်ရောက်ပါ။
၂။ သင်၏ booking.com အကောင့်အားစာရင်းပေးသွင်းပါ (သို့) ဝင်ရောက်ပါ။
၃။ သင် တည်းခိုရန် အခန်းများကို ရှာဖွေပြီး ရွေးချယ်ပါ။
၄။ သင်၏ အခန်းကြိုတင်စာရင်းပေးသွင်းမှုကို အတည်ပြုပြီး၊ သင်၏ MPT Club ဖုန်းနံပါတ်အားထည့်သွင်းပါ။
၅။ Booking ပြုလုပ်မှုအားလုံး အတည်ပြုပြီးလျှင် ပျော်ရွှင်စွာနေထိုင်နိုင်ပါပြီ။
၆။ သင်၏ MPT Point များကို သင် booking ပြုလုပ်နေထိုင်ပြီးသည့်နောက် ရက်ပ်ေါင်း (၆၄) ရက် (သို့) ထက်ပိုသောရက် အတွင်း ရရှိမည်ဖြစ်သည်။

စည်းမျဉ်းစည်းကမ်းများ

၁။ ယခုပရိုမိုးရှင်းအစီအစဥ်သည် MPT Club အဖွဲ့ဝင်များအတွက်သာ ဖြစ်သည်။
၂။ MPT အမှတ်တံဆိပ်ပါရှိသော Booking.com webpage:  www.booking.com/mptclub မှတဆင့်ပြုလုပ်သော အခန်း booking များသာလျှင် ယခုပရိုမိုးရှင်းအစီအစဥ်အတွက် အကျုံးဝင်သည်။
၃။ www.booking.com (သို့) Booking.com ၏ mobile app များ မှတဆင့်ပြုလုပ်သော အခန်း booking များသည် ယခုပရိုမိုးရှင်းအစီအစဥ်အတွက် အကျုံးမဝင်ပါ။
၄။ Booking ပြုလုပ်နေစဥ် (သို့) ပြုလုပ်အပြီး တွင် သင်၏ MPT Club ဖုန်းနံပါတ်အားထည့်သွင်းရန်လိုအပ်သည်။
၅။ သင်၏ MPT Point များကို သင် booking ပြုလုပ်နေထိုင်ပြီးသည့်နောက် ရက်ပေါင်း (၆၄) ရက် (သို့) ထိုရက်ထက်ပိုသော ရက်အတွင်း ရရှိမည်ဖြစ်သည်။
၆။ သင်၏ MPT Point များကို MPT မှထည့်သွင်းပေးမည်ဖြစ်သည်။
၇။ ယခင် နေထိုင်ခဲ့သော booking များ မှ ပြန်လည်၍ MPT Point များအား တောင်းခံ၍မရပါ။
၈။ သင်သည် အချက်အလက်များဖြည့်သွင်းရာတွင် MPT Club အချက်အလက် နှင့် booking ပြုလုပ်ရာတွင်ထည့်သွင်းသော အချက်အလက် အချို့အား MPT သို့ မျှဝေရာတွင် သဘောတူညီသည်။

Cookie

Cookie

MPT Club Diamond နှင့် Platinum အသုံးပြုသူတွေအနေနဲ့ Cookie ရဲ့ အထူးပရိုမိုးရှင်းအစီအစဉ်တစ်ခုဖြစ်တဲ့ Cookie Plan ကိုရရှိ နိုင်မယ့် အခွင့်အရေးရရှိမှာဖြစ်ပါတယ်။Cookie Plan ပရိုမိုးရှင်းအကြောင်း ပေးပို့တဲ့ SMS လက်ခံရရှိပါက တစ်လအတွင်း နိုင်ငံတကာရုပ်သံလိုင်းတွေကို တိုက်ရိုက်ကြည့်ရှုနိုင်မယ့်အပြင် အခမဲ့ရုပ်ရှင်ဇုန်ထဲက နိုင်ငံတကာရုပ်ရှင်ဇာတ်ကားတွေကိုပါ အခမဲ့ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ထို့ပြင် တွေအတွက် ထပ်ဆောင်း ရုပ်ရှင်ဇာတ်ကား အသစ်တစ်ကားကို အခမဲ့ ကြည့်ရှိနိုင်မှာဖြစ်ပါတယ်။

Cookie Rewards

Cookie Plan (1-month subscription) + 1 Free new movie.

Cookie promo code ဆုလက်ဆောင်ကိုဘယ်လိုရယူမလဲ။

Promo code အား MPT မှ ပရိုမိုးရှင်းကာလအတွင်း SMS ဖြင့်ပေးပို့ပါမည်။

Promo code အား Cookie app တွင်ဘယ်လိုထည့်သွင်းမလဲ။

Download For Cookie

စည်းမျဉ်းစည်းကမ်းများ

  • ယခုအစီအစဉ်သည် SMS ရရှိသော MPT Club Diamond နှင့် Platinum အသုံးပြုသူများအတွက်သာဖြစ်သည်။
  • ပရိုမိုးရှင်းကာလမှာ ၂၀၂၀၊ စက်တင်ဘာလ (၄) ရက် မှ စက်တင်ဘာလ (၃၀) ရက်နေ့ အထိဖြစ်သည်။
  • Diamond နှင့် Platinum level အတွက် Cookie Plan (1 month subscription) နှင့် ရုပ်ရှင်ဇာတ်ကား အသစ်တစ်ကားကို အခမဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဤပိုမိုးရှင်းအား MPT Club Diamond နှင့် Platinum အဖွဲ့ဝင်တစ်ဦးလျှင်တစ်ကြိမ်သာခံစားခွင့်ရှိပါသည်။
  • Promo code အား MPT မှ ပရိုမိုးရှင်းကာလအတွင်း SMS ဖြင့်ပေးပို့ပါမည်။ ရုပ်ရှင်ဇာတ်ကား အသစ်တစ်ကား အတွက် နောက်ထပ် SMS Promo code ကို စက်တင်ဘာလ (၃၀) ရက်နေ့နောက်ပိုင်းတွင် ရရှိမည်ဖြစ်သည်။
  • SMS Promo code အား Cookie application တွင် ရိုက်ထည့်ခြင်းဖြင့် Cookie ဆုလက်ဆောင်အားခံစားနိုင်ပါမည်။ SMS Promo code ရရှိပြီးနောက် ရက် (၃၀) အတွင်းအသုံးပြုနိုင်ပါသည်။
  • Cookie ၏ application တွင် SMS Promo code ထည့်သွင်းပြီးပါက 1-month subscription အားစတင်ပါမည်။
  • Cookie App အတွင်း ရုပ်ရှင်နှင့် ရုပ်သံလိုင်းများ ရှာဖွေခြင်း၊ ဒေါင်းလုတ်ပြုလုပ်ခြင်းနဲ့ တိုက်ရိုက်ကြည့်ရှုခြင်းများအတွက် အင်တာနက်အသုံးပြုခ ကျသင့်မည် ဖြစ်ပါသည်။
  • Cookie promo code အသုံးပြုသူ 100,000 အထိသာအရေအတွက်ကန့်သတ်ထားပါသည်။

Cookie ဆိုသည်မှာ –

Cookie သည် ယနေ့ခေတ်၏ ရုပ်မြင်သံကြား App တစ်ခုဖြစ်ပြီး တိုက်ရိုက်တီဗီရုပ်သံလိုင်းပေါင်း  ၆၀ ကျော်၊ လစဉ်ကြေးပေးသွင်းရုံဖြင့် အကန့်အသတ်မရှိကြည့်ရှုနိုင်သည့် ရုပ်ရှင် Album နှင့်အတူ နောက်ဆုံးထွက်ရုပ်ရှင်ပေါင်းများစွာတို့ကို တစ်ကားချင်းစီ ငှားရမ်းကြည့်ရှုနိုင်ပြီး နေရာမရွေး၊ အချိန်မရွေးကြည့်ရှုနိုင်မည့် ရုပ်ရှင် App တစ်ခုဖြစ်သည်။ Cookie ၏ Live TV Plan များတွင် ပြည်တွင်းရုပ်သံလိုင်းများနှင့် ကမ္ဘာတစ်ဝန်းနာမည်ကြီး နိုင်ငံတကာရုပ်သံလိုင်းများသာမက ထုတ်လွှင့်ပြီးသား အစီအစဉ်များကို ပြန်လည်ကြည့်ရှုနိုင်မည့် Catch-up Service ပါဝင်သည့်အတွက် အသုံးပြုသူများအား ပိုမိုအဆင်ပြေစေပါသည်။ ရှေ့ဆက်ပြီး Cookie မှ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို သုံးစွဲသူတွေထံ အရောက်ပို့ဆောင်ပေးသွားဦးမှာ ဖြစ်ပါသည်။

Cookie အကြောင်း အသေးစိတ်သိရှိလိုပါက Official Website ဖြစ်သည့် https://www.cookie-tv.com/ (သို့) Facebook page- https://web.facebook.com/CookieMyanmar/ တွင် သွားရောက်လေ့လာနိုင်ပါသည်။