VAS > BALANCE
“ယူထား+” ၀န်ဆောင်မှု
၁။ ယူထား+ ၀န်ဆောင်မှု ဆိုတာဘာလဲ?
MPT သုံးစွဲသူများအနေဖြင့် လက်ကျန်ငွေနည်းနေသည့်အချိန်တိုင်းတွင် MPT ၏ “ယူထား+” ဝန်ဆောင်မှုမှ ချေးငွေရယူ၍ အသုံးပြုနိုင်သည်။ “ယူထား+” ဝန်ဆောင်မှုကို အရေးပေါ်အခြေအနေများနှင့် ဖုန်းဘေလ်ဖြည့်ရန် လွယ်ကူခြင်းမရှိသောအခြေအနေများတွင် *800# ကိုခေါ်၍ ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။
၂။ ယူထား+ ဝန်ဆောင်မှုကို ဘယ်လိုရယူမလဲ?
ယူထား+ ဝန်ဆောင်မှုကိုရယူရန်
• USSD code အသုံးပြုပြီး ငွေချေးခြင်း အတွက် *800# ကိုခေါ်ဆိုပါ။
• SMS အသုံးပြုပြီး ငွေချေးခြင်းအတွက် “8000” သို့ 800 ဟုရိုက်၍ SMS ပေးပို့နိုင်ပါသည်။
• MPT4U application မှတဆင့်လည်းရယူနိုင်ပါသည်။
၃။ ယူထား+ ဝန်ဆောင်မှုအသုံးပြုဖို့ ဘာတွေလိုအပ်ပါသလဲ?
MPT သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန်အတွက် ချေးငွေရယူသုံးစွဲနိုင်သော ယူထား+ဝန်ဆောင်မှုကိုရယူရန် *800# ကိုခေါ်ဆိုနိုင်ပါသည်။ အောက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီသူများသည် ယူထား+ဝန်ဆောင်မှုမှ ချေးငွေဝန်ဆောင်မှုကို ရယူနိုင်ပါသည်။
(၁) ဤဝန်ဆောင်မှုသည် Prepaid သုံးစွဲသူများအတွက်သာဖြစ်ပါသည်။
(၂) MPT ဆင်းကတ်အသုံးပြုသည့်ရက်မှာ ရက်(၃၀)အထက်ရှိရပါမည်။
(၃) ရက်(၉၀)အတွင်း ဖုန်းဘေလ် တစ်ခါဖြည့်ထားရပါမည်။
(၄) ရက်(၉၀)အတွင်း ဖုန်းဘေလ် အနည်းဆုံး(၃၀၀၀)ကျပ်ဖြည့်သွင်းထားရပါမည်။
(၅) ယခင်ယူထားသော ချေးငွေကို ပြန်လည်မပေးချေရသေးသော်လည်း ရရှိနိုင်သောပမာဏအထိ ထပ်မံချေးယူနိုင်ပါသည်။
(၆) သင်ချေးယူနိုင်သောပမာဏကို MPT ဖုန်းဘေလ်ဖြည့်သွင်းသောပမာဏနှင့်ဖြည့်သွင်းသည့်အကြိမ်ပေါ်မူတည်၍ ကန့်သတ်တွက်ချက်ပါမည်။
၄။ ယူထား+ ဝန်ဆောင်မှုမှ ချေးငွေဘယ်လောက်ထိချေးယူနိုင်ပါသလဲ?
သတ်မှတ်ထားသောသင်၏ချေးငွေပေါ်မူတည်၍ အောက်ပါပမာဏများကို ချေးယူနိုင်ပါမည်။
ချေးငွေပမာဏ | ဝန်ဆောင်ခ | နောက်ထပ်ငွေဖြည့်မှုမှ ပြန်လည်ရယူခြင်း |
---|---|---|
၈၀၀ ကျပ် | ၆၀ ကျပ် | ၈၆၀ ကျပ် |
၁၅၀၀ ကျပ် | ၁၅၀ ကျပ် | ၁၆၅၀ ကျပ် |
၂၅၀၀ ကျပ် | ၂၅၀ ကျပ် | ၂၇၅၀ ကျပ် |
၄၅၀၀ ကျပ် | ၄၅၀ ကျပ် | ၄၉၅၀ ကျပ် |
သင်၏ဖုန်းလက်ကျန်ငွေပေါ် မူတည်၍ ချေးငွေပမာဏနှင့်၀န်ဆောင်ခကို နောက်တစ်ကြိမ်ငွေဖြည့်သွင်းရာတွင် အပြည့်အ၀(သို့)တစ်စိတ်တစ်ပိုင်းကောက်ခံပါမည်။
၅။ ယူထား+ ဝန်ဆောင်မှုမှချေးယူထားသောငွေဖြင့် MPT၏မည်သည့်ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါသလဲ?
ယူထား+ ဝန်ဆောင်မှုမှရရှိလာသော ချေးငွေကို MPTဝန်ဆောင်မှုများအတွက်အသုံးပြုနိုင်ပါသည်။ (Value Added Service ဝန်ဆောင်မှုများမှလွဲ၍)
Value Added Service ဝန်ဆောင်မှုများ အသုံးပြုလိုပါက အောက်ပါအခြေအနေ (၂)ခုလိုအပ်ပါသည်။
၁။ SIM Card အသုံးပြုသည့်ရက်မှာ ရက်(၃၀)အထက်ရှိရပါမည်။
၂။ ရက်(၉၀)အတွင်း ဖုန်းဘေလ် အနည်းဆုံး(၃၀၀၀)ကျပ်ဖြည့်သွင်းထားရပါမည်။
၆။ ယူထား+ ဝန်ဆောင်မှုမှရရှိသော ချေးငွေအသုံးပြုနိုင်သောသက်တမ်းကဘယ်လောက်လဲ?
ယူထား+ ဝန်ဆောင်မှုမှ ရရှိသော ချေးငွေ၏သက်တမ်းသည် ရက်(၃၀)ဖြစ်သည်။ ယင်းကာလပြီးနောက် ချေးငွေအားသုံးစွဲနိုင်တော့မည်မဟုတ်ပါ။
၇။ ယူထား+ ဝန်ဆောင်မှု၏ ကြွေးကျန်ငွေကို မည်သည့်နည်းလမ်းဖြင့် စစ်ဆေးနိုင်ပါလဲ?
၁။ *800*7# ကိုခေါ်ဆိုနိုင်ပါ။
၂။ *800#ကိုခေါ်ဆိုပါ -> “တခြား”ကိုရွေးပြီးချေးယူထားသောပမာဏကိုစစ်ဆေးပါ။
၃။ 8000 သို့ Debt ဟု ပြန်လည်ပေးပို့၍ စစ်ဆေးပါ။
၄။ MPT4U Application မှတဆင့်လည်း စစ်ဆေးနိုင်ပါသည်။
၈။ ယူထား+ ဝန်ဆောင်မှုမှ မိမိချေးယူရရှိနိုင်သော ငွေပမာဏကို မည်သည့်နည်းလမ်းဖြင့် စစ်ဆေးနိုင်ပါသလဲ?
၁။ *800*0# ကိုခေါ်ဆိုနိုင်ပါ။
၂။ *800#ကိုခေါ်ဆိုပါ -> “တခြား”ကိုရွေးပြီး ရရှိနိုင်သောပမာဏကိုစစ်ဆေးပါ။
၉။ ယူထား+ ဝန်ဆောင်မှုမှ မိမိ၏ ချေးငွေစာရင်းကို မည်သည့်နည်းလမ်းဖြင့် ကြည့်နိုင်ပါသလဲ။
၁။ *800*5# ကိုခေါ်ဆိုနိုင်ပါ။
၂။ *800#ကိုခေါ်ဆိုပါ -> “တခြား”ကိုရွေးပြီး ချေးငွေစာရင်းကို ရွေးချယ်ပြီးစစ်နိုင်ပါသည်။
၁၀။ MPT ဘက်မှချေးငွေကန့်သန့်ချက်ကို ဘယ်လိုသတ်မှတ်ထားပါသလဲ ?
အမျိုးမျိုးသောလုပ်ဆောင်ချက်တွေနဲ့ သတ်မှတ်ထားပါတယ်။
• ဖုန်းဘေလ်ဖြည့်သွင်းသောအရေအတွက်
• ဖုန်းဘေလ်ဖြည့်သည့်ပမာဏ
• MPT (အင်တာနက်သုံးစွဲမှုနှင့်ဖုန်းခေါ်ဆိုမှု) အသုံးပြုမှုပမာဏ
• MPT ဆင်းကဒ်လက်ရှိအသုံးပြုသော ရက်အရေအတွက်
၁၁။ မိမိမှာ ၈၀၀ ကျပ်ပဲချေးယူနိုင်ပြီး တခြား MPT အသုံးပြုသူမှာ ၄၅၀၀ ကျပ် အထိ ဘာကြောင့် ရရှိနေပါသလဲ?
ချေးငွေစနစ်မှ ရရှိနိုင်မှုပမာဏကို အောက်ပါအချက်အလက်နှင့်အညီ ကန့်သတ် သတ်မှတ်ထားပါတယ်။
• ဖုန်းဘေလ်ဖြည့်သွင်းသောအရေအတွက်
• ဖုန်းဘေလ်ဖြည့်သည့်ပမာဏ
• MPT (အင်တာနက်သုံးစွဲမှုနှင့်ဖုန်းခေါ်ဆိုမှု) အသုံးပြုမှုပမာဏ
• MPT ဆင်းကဒ်လက်ရှိအသုံးပြုသောရက် အရေအတွက် တို့ပဲဖြစ်ပါတယ်။
ချေးငွေပမာဏအများဆုံး ရရှိနိုင်ရန် MPT ဆင်းကဒ်ကို အသုံးပြုပြီး အခုပဲဖုန်းဘေလ်တွေ ပိုပြီး ဖြည့်လိုက်ပါ။