Frequently asked questions of Health Insurance
၁။ ကျန်းမာရေးအာမခံဆိုတာဘာလဲ။
ကျန်းမာရေးအာမခံဆိုတာ ဆေးရုံတက်ရောက်ကုသမှုစရိတ်အား အတိုင်းအတာတစ်ရပ် အထိသက်သာ စေနိုင်သော အာမခံဖြစ်ပါတယ်။
၂။ ကျန်းမာရေးအာမခံကဘယ်လိုမျိုးတွေခံစားခွင့်ရှိတာလဲ။
ကျန်းမာရေးအာမခံက မတော်တဆထိခိုက်မှုကြောင့် (သို့မဟုတ်) ရောဂါကြောင့် ဆေးရုံ တက်ရရင် ဝယ်ယူထားသည့် အကာအကွယ်ပမာဏအတိုင်း ဆေးရုံတက်ရက်ဖြင့် တွက်ချက်၍ အကျိုးခံစားခွင့်ထုတ်ပေးပါတယ်။
၃။ ကျန်းမာရေးအာမခံကိုဘယ်သူတွေဝယ်လို့ရလဲ။
အသက် (၆) နှစ်အရွယ်ကစပြီး အသက် (၇၅) နှစ်မကျော်သေးသူများ ဝယ်ယူနိုင်ပါတယ်။ အသက် (၁၈) နှစ် အောက်ရှိသူများအတွက် အုပ်ထိန်းသူမှ ပေါ်လစီပိုင်ရှင် အဖြစ်ဝယ်ယူပေးနိုင်ပါ တယ်။
၄။ မိမိ၏ မိသားစုဝင်တွေအတွက် ဝယ်ပေးလို့ရလား။
ရပါတယ်၊ မိသားစုဝင်အနေဖြင့် အသက် (၆) နှစ် မှ (၇၅) အတွင်းရှိရမှာဖြစ်ပြီး အသက် (၁၈) နှစ် အောက်ရှိသူများအတွက် အုပ်ထိန်းသူမှ ပေါ်လစီပိုင်ရှင် အဖြစ်ဝယ်ယူပေးနိုင်ပါတယ်။
၅။ မိမိ၏ မိခင်/ဖခင် သွေးတိုး(သို့)အခြား ရောဂါဖြစ်နေလို့ ကျန်းမာရေးအာမခံ ဝယ်ချင်လို့ ရလား။
ကျန်းမာရေးအာမခံက ရောဂါမရှိသေးသောသူများသာ ရောဂါဖြစ်၍ ဆေးရုံတက်သည့် အခြေအနေအတွက် ဝယ်ယူနိုင်ပါတယ်။
၆။ မိမိတွင် ယခင်ကရောဂါ ဖြစ်ခဲ့ဖူးသော မှတ်တမ်းရှိသောကြောင့် ဝယ်လို့ရမရသိလို့ရမလား။
ZIWAKA တွင်အဆိုပြုသည့်အခါ မွတ်ဟကြေငြာချက်ပုံစံတွင် မိမိ၏ အခြေအနေကို မှန်မှန်ကန်ကန် ဖြည့်စွက်ပေးပါ၊ ဝယ်လို့ ရမရ ပြန်လည် အကြောင်းပြန်ပေးပါ့မယ်။
၇။ ကျန်းမာရေးအာမခံကာလကိုဘယ်လိုသတ်မှတ်လဲ။
ကျန်းမာရေးအာမခံကာလမှာ ၁နှစ်ဖြစ်ပြီး ၆လ တကြိမ် ငွေသွင်းသည့် ပေါ်လစီရှင်များ အတွက် ၆လပြည့် ပြီး (၁၅) ရက်အတွင်း ဒုတိယ အရစ် မသွင်းလျင် ပေါ်လစီပျက်ပါတယ်။
၈။ ကျန်းမာရေးအာမခံဝယ်ပြီးမထားချင်တော့ရင် ငွေပြန်အမ်းပါသလား။
ကျန်းမာရေးအာမခံဝယ်ပြီး မထားချင်လျင်တော့ ငွေပြန်မအမ်းပါ။
၉။ကျန်းမာရေးအာမခံကာလတလျှောက်လုံးလျော်ကြေးမတောင်းလျင် နောက်နှစ်ဝယ်လျင် လျှော့ပေးလား။
ကျန်းမာရေးအာမခံ ကာလတလျှောက်လုံး လျော်ကြေးမတောင်းလျင် နောင်နှစ်ဝယ်လျင် လျော့ပေးလို့ မရပါ။
၁၀။ ကျန်းမာရေးအာမခံ ဝယ်ရင်ဘယ်လောက်ကုန်ကျနိုင်မလဲ။
ကျန်းမာရေးအာမခံပရီမီယံမှာ အာမခံထားသူအသက်ပေါ်မတည်ပါသည်။ ဥပမာ အသက် ၃၀မကျော်သေး တဲ့လူတစ်ယောက်ဆိုရင် ၁နှစ်စာ တစ်လုံးထဲသွင်းမည်ဆိုလျင် ၁၁,၀၀၀/- ကျပ် ကျသင့်ပြီး၊ ၆လစာ ဆိုရင် ၅,၆၀၀/- ကျပ် ကျသင့်ပါမည်။
၁၁။ကျန်းမာရေးအာမခံ ဘယ်လိုဝယ်ရမလဲ ငွေသားနဲ့ ပေးရမှာလား။
ကျန်းမာရေးအာမခံပရီမီယံကို MPT money ဒါမဟုတ် MPT ဖုန်းဘေဖြင့် ဝယ်လို့ရပါ တယ်။
၁၂။ ကျန်းမာရေးအာမခံကို ဝယ်မလို့ MPT money account တွင် ငွေသားမကျန်ရင် ဘယ်လို လုပ်ရမလဲ။
ကျန်းမာရေးအာမခံကို ဝယ်မလို့ MPT money account တွင် ငွေသားမကျန်ရင် ဖုန်းဘေဖြည့်ပြီး ဝယ်ယူလို့ရနိုင်ပါတယ်။
၁၃။ကျန်းမာရေးအာမခံကိုအရစ်ကျဝယ်လို့ရပါသလား။
ကျန်းမာရေးအာမခံပရီမီယံကို ၁နှစ် ဒါမဟုတ် ၆လစာဖြင့်ပေးချေလို့ရပါတယ်။
၁၄။ ကျန်းမာရေးအာမခံကို ဝယ်သည့်အခါ ဆေးစစ်ရမှလား။
ကျန်းမာရေးအာမခံကို ဝယ်ယူသည့်အခါ ဆေးမစစ်ရပါဘူး။ အဆိုလွှာနှင့်အတူ မွက်ဟ ကြေငြာလွှာအား မှန်ကန်စွာ ဖြည့်စွက်ပေးရမှာဖြစ်ပါတယ်။ လိုအပ်လျင်တော့ ဆေးစာများနှင့် ဆေးစစ်ချက်များ မိတ္တူပို့ပေးရမည် ဖြစ်ပါသည်။
၁၅။ ကျန်းမာရေးအာမခံက ပြည်တွင်းတွင်မက ပြည်ပ ဆေးရုံတွေဆေးခန်းတွေကော အကျုံး ဝင်လား။
ကျန်းမာရေးအာမခံက ပြည်တွင်းတွင်မက ပြည်ပ ဆေးရုံ၊ဆေးခန်းတွေကော အကျုံးဝင် ပါတယ်။
၁၆။ ကျန်းမာရေးအာမခံအကာအကွယ်က ဘယ်အချိန်စမှာလဲ။
ကျန်းမာရေးအာမခံအကာအကွယ်က ပရီမီယံငွေလွှဲပြီးသည့် အချိန်တွင် စတင်ပါမည်။ Covid19 ဖြစ်ပြီး ဆေးရုံတက်ခြင်းနှင့် ပတ်သက်၍ အာမခံစသည့်နေ့မှစပြီး (၂၁) ရက်နောက်ပိုင်း မှသာ အကြုံးဝင်ပါမည်။
၁၇။ကျန်းမာရေးအာမခံအကာအကွယ် ဝယ်ယူပြီးရင် ဘာအထောက် အထား ရမှာလဲ။
ကျန်းမာရေးအာမခံအကာအကွယ် ဝယ်ယူပြီးရင် GGI Nippon Life မှ ပေါ်လစီစာချုပ် (E-policy) ကို Viber (သို့) Email ဖြင့်ပေးပို့ပေးပါမည်။
၁၈။ ကလေးမွေးဖို့ဆေးရုံတက်ရင်ကော ခံစားခွင့်ရှိလား။
ကလေးမွေးဖို့ဆေးရုံတက်ရင်တော့ ခံစားခွင့်မရှိပါ
၁၉။ နေမကောင်းဖြစ်လို့ ဆေးခန်းဘဲသွားပြရင်ကော ။
နေမကောင်းဖြစ်လို့ ဆေးခန်းဘဲသွားပြ ရင်တော့ အပို အကာအကွယ် ဝယ်ယူထားရင်တော့ ရပါတယ်
၂၀။ ဆေးရုံတက်ရင် ဘယ်လိုခံစားခွင့်ရှိတာလဲ ဘယ်လောက်ထိ အများဆုံးရမှာလဲ။
ဆေးရုံတက်ရင် အများဆုံးရက် (၆၀) အထိ တစ်ဆက်ထဲ သို့မဟုတ် အကြိမ်အကန့်အသတ် မရှိ တက်ရောက်ခြင်းအတွက် ရပါသည်။ သို့သော် ဆေးရုံတက်ရက် (၄) ရက်အောက်တက်ပြီး ကုသ မှုအတွက် ခံစားခွင့်မရှိဘဲ (၄) ရက်မှစပြီး (၄) ရက်စာပမာဏဖြင့် ရက် (၆၀) ထိခံစားခွင့်ရှိပါသည်။
၂၁။ လျော်ကြေးဘယ်လို တောင်းရမလဲ ဆေးရုံနေတုန်းလား၊ ဆေးရုံဆင်းမှလား။
လျော်ကြေးကို ဆေးရုံနေတုန်းအကြောင်းကြားထားပြီး ဆေးရုံဆင်းသည့်အချိန်တွင် ရက်တွက်ဖြင့် တောင်းခံ လို့ရပါသည်
၂၂။ လျော်ကြေးတောင်းရင် ဘယ်လောက်ကြာမှရမှာလဲ။
စာရွက်စာတမ်းပြည့်စုံစွာဖြင့် လျော်ကြေးတောင်းရင် ၃ရက်မှ ၇ရက်အတွင်း ဆောင်ရွက် ပေးပါမယ်။
၂၃။ လျော်ကြေးကဘယ်လိုထုတ်ရမှာလဲ ကိုယ်စားကောထုတ်လို့ရလား။
လျော်ကြေးကို ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်လို့ရပါတယ်။
၂၄။ ZIWAKA ကနေအဆိုလွှာတင်ပြီးရင် ဘယ်လောက်ကြာရင် အာမခံကြေးသွင်းဖို့ ဘယ် လောက်ထိ စောင့်ရမလဲ။
ZIWAKA ကနေအဆိုလွှာတင်ပြီးရင် ဘယ်လောက်ကြာရင် အာမခံကြေးသွင်းဖို့ ၁၀ မိနစ်ခန့်သာ ကြာပါမယ်။
၂၅။ ZIWAKA ကနေဝယ်ရင် ဘာအထောက်အထားတွေ တွဲပို့ပေးရလဲ။
ZIWAKA ကနေဝယ်ရင် မှတ်ပုံတင်နှင့် လတ်တလောရိုက်ထားတဲ့ပုံ (သို့မဟုတ်) selfie ပုံတွဲပို့ပေး ရပါမယ်။ ၁၈ နှစ်အောက်သူရှိများအတွက် ဝယ်ပေးခြင်းကိစ္စအတွက်တော့ ကလေး မှတ်ပုံတင်မရှိသေးလျင် မွေးစာရင်းနှင့် ဝယ်ပေးမည့်အုပ်ထိမ်းသူ၏ မှတ်ပုံတင် တွဲပို့ပေးရပါမယ်။
၂၆။ ဆေးရုံတက်ရင်းနဲ့ သေဆုံးသွားရင်ကော သေဆုံးမှု အကျိုးခံစားခွင့် ဘဲရတော့မှာလား၊ ဆေးရုံတက်ရက်အတွက်ကော ရနိုင်သေးလား။
ဆေးရုံတက်ရင်းနဲ့ သေဆုံးသွားရင်ကော သေဆုံးမှုအကျိုးခံစားခွင့် တင်မကဘဲ ဆေးရုံတက်ရက်အကျိုးခံစားခွင့်အတွက်ပါ ရနိုင်ပါတယ်။
၂၇။ အစိုးရဝန်ထမ်းတွေကောဝယ်လို့ရလား။
ဟုတ်ကဲ့၊ အစိုးရဝန်ထမ်းတွေကော ဝယ်လို့ရပါတယ်။
၂၈။ စစ်မှုထမ်းတွေကောဝယ်လို့ရလား။
စစ်မှုထမ်းတွေကောဝယ်လို့ရပါတယ်၊ ဒါပေမဲ့ စစ်(သို့) စစ်အသွင်ဆောင်သော တိုက်ပွဲများ နှင့်ဆက်နွယ် သောလျော်ကြေးများအတွက် တောင်းလို့မရပါ။
၂၉။ ဆေးရုံတက်ရင် ဘယ်နှစ်ရက်မှ စပြီးလျော်ကြေးတောင်းလို့ရလဲ။
ဆေးရုံတက်ရက် ၄ ရက်အောက် တက်ခြင်းများအတွက် ခံစားခွင့်မရှိဘဲ ၄ ရက်မှစပြီး ၄ရက်စာပမာဏဖြင့် ရက် (၆၀) ထိခံစားခွင့် ရှိပါသည်။
၃၀။ ZIWAKA ကနေဝယ်ဖို့အဆိုပြုထားတာ ကြာနေပြီဘာ message လဲမပြန်လာဘူး ဘယ်လိုလုပ်ရမလဲ။
ZIWAKA ကနေဝယ်ဖို့အဆိုပြုထားတာ ကြာနေပြီဘာ message လဲမပြန်လာဘူးဆိုရင် ဒီဖုန်းနံပါတ် (၀၉၄၀၀၀၈၃၀၀၃ နှင့် ၀၉၄၀၀၀၈၃၀၀၄) ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
၃၁။ ZIWAKA ကနေဝယ်ဖို့အဆိုပြုထားပြီး ငွေလဲသွင်းလိုက်ပြီ စောင့်နေတာကြာနေပြီ ဘာ message မှလဲ မပြန်လာဘူး ဘယ်လိုလုပ်ရမလဲ။
ZIWAKA ကနေဝယ်ဖို့အဆိုပြုထားပြီး ငွေလဲသွင်းလိုက်ပြီ စောင့်နေတာကြာနေပြီ ဘာ message မှလဲ မပြန်လာဘူးဆိုရင် ဒီဖုန်းနံပါတ် (၀၉၄၀၀၀၈၃၀၀၃ နှင့် ၀၉၄၀၀၀၈၃၀၀၄) ကိုဆက်သွယ်မေးမြန်း နိုင်ပါတယ်။
၃၂။ Declaration form မွတ်ဟကြေငြာချက်ဖြည့်ရတာနဲ့ ပတ်သက်ပြီး မေးချင်လို့ ဘယ်လို လုပ်ရမလဲ။
Declaration form မွတ်ဟကြေငြာချက်ဖြည့်ရတာနဲ့ ပတ်သက်ပြီး မေးချင်ရင်တော့ ဒီဖုန်းနံပါတ် (၀၉၄၀၀၀၈၃၀၀၃ နှင့် ၀၉၄၀၀၀၈၃၀၀၄) ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်
၃၃။ ZIWAKA သွင်းရင်းနဲ့ ဟမ်းသွားတယ် error ဖြစ်နေတာနဲ့ပတ်သက်ပြီး မေးချင်လို့ ဘယ်လိုလုပ်မလဲ။
ZIWAKA သွင်းရင်းနဲ့ ဟမ်းသွားတယ် error ဖြစ်နေတာနဲ့ပတ်သက်ပြီး မေးချင်ရင် ဒီဖုန်းနံပါတ် (၀၉၄၀၀၀၈၃၀၀၃ နှင့် ၀၉၄၀၀၀၈၃၀၀၄) ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်
၃၄။ ZIWAKA မှ ပရီမီယံငွေလွှဲပြီးရင် ပေါ်လစီ စာချုပ်ရဖို့ ဘယ်လောက်စောင့်ရမလဲ။
ZIWAKA မှ ပရီမီယံငွေလွှဲပြီးရင် ပေါ်လစီ စာချုပ်အား ရုံးဖွင့်ရက် (၅) အတွင်း Viber (သို့) Email ဖြင့်ပေးပို့ပေးပါမယ်
၃၅။ ၆လဘဲသွင်းတဲ့ သူတွေအတွက်ကော ထပ်သွင်းရမဲ့အချိန်ရောက်ရင် အကြောင်းကြား ပေးမှာလား။
၆လဘဲသွင်းတဲ့ သူတွေအတွက် ထပ်သွင်းရမဲ့အချိန်ရောက်ရင် SMS ပေးပို့ပြီး အကြောင်း ကြားပေးပါမယ်။
၃၆။ ကျန်းမာရေးအာမခံကိုနိုင်ငံခြားသားတွေကောဝယ်လို့ရလား။
ဟုတ်ကဲ့၊ ကျန်းမာရေးအာမခံကို နိုင်ငံခြားသားတွေကော MPT money ဒါမဟုတ် MPT ဖုန်းဘေဖြင့် ဝယ်လို့ ရပါတယ်။
၃၈။ မိမိကုမ္ပဏီက လူမှုဖူလုံရေးဝယ်ပေးထားတယ်ဆိုရင် ကျန်းမာရေးအာမခံဝယ်စရာလိုလား။
လူမှုဖူလုံရေးက လူမှုဖူလုံရေး ဆေးရုံနှင့် အစိုးရဆေးရုံ ပြသမှသာ အကျုံးဝင်နိုင်ပြီး ကျန်းမာရေးအာမခံ ဝယ်ထားတယ်ဆိုရင် မည်သည့်ဆေးရုံမဆို တက်ရောက်ကုသနိုင်ပြီး အကျိုး ခံစားခွင့် ပြန်လည်ထုတ်ယူနိုင်ပါတယ်။
၃၇။ ကျန်းမာရေးအာမခံက COVID-19 positive ဖြစ်ရင်ကောရလား။
ကျန်းမာရေးအာမခံက COVID-19 positive ဖြစ်လို့ဆေးရုံတက်ရင်ရပါတယ်။ ဒါပေမဲ့ အာမခံ ဝယ်ပြီး နောက်ပိုင်း (၁၄) ရက်ကြာမှ COVID-19 positive ဖြစ်ရင် အကြုံးဝင်ပါတယ်။