MPT Myanmar | Moving Myanmar ForwardZTE ONU - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

MPT ၏ အိမ်သုံးအင်တာနက် ဝန်ဆောင်မှု

ဝိုင်ဖိုင် username နှင့် password ပြောင်းရန် လမ်းညွှန်

ZTE ONU သုံးစွဲသူများအတွက်

သုံးစွဲသူမှ ဝိုင်ဖိုင် username နှင့် password ကို ပြောင်းလဲလိုလျှင် ကျေးဇူးပြု၍ hotline no 2800 သို့ ဖုန်းခေါ်ဆိုမှု ပြုလုပ်ပေးပါ။ MPT နည်းပညာ အဖွဲ့မှ သုံးစွဲသူထံသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုမည် ဖြစ်ပြီး သုံးစွဲသူအနေဖြင့် အောက်ပါ လုပ်ဆောင်ချက်များကို လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။

STEP-1

FTTH ဝန်ဆောင်မှု၏ LAN network (သို့) wireless network ကို ချိတ်ဆက်ပေးပါ။

ကျေးဇူးပြု၍ username နှင့် password ပြောင်းရန် FTTH ဝန်ဆောင်မှု၏ LAN network (သို့) wireless network ကို ချိတ်ဆက်ပေးပါ။

STEP-2

ONU Log-in page သို့ သွားပါ။

Web browser ကို ဖွင့် ၍ 192.168.100.1 ကို ရိုက်ထည့်ပါ။

STEP-3

Username နှင့် password ကို Log-in ဝင်ပါ။

MPT၏ နည်းပညာအဖွဲ့မှ သုံးစွဲသူကို username နှင့် password တစ်ကြိမ် ရိုက်ထည့်ရန် ထောက်ပံ့ပေးမည် ဖြစ်ပါသည်။ ကျေးဇူးပြု ၍ username နှင့် password ရိုက်ထည့်ပါ။

STEP-4

WLAN Tab ကို ရွေးပါ။

“WLAN” tab သို့ သွား ၍ ဝိုင်ဖိုင်username အသစ်ပြုလုပ်ရန် “SSID Settings” ကို ရွေးပါ။

STEP-5

Wifi username အသစ်ကို ပြုလုပ်ပါ။

Input your new wifi-username in “SSID Name:” Box.
ဝိုင်ဖိုင် username အသစ်ကို “SSID Name” ထဲတွင် ရိုက်ထည့်ပါ။

Click “Submit” to complete your new wifi-username setting.
ဝိုင်ဖိုင် username အသစ် ရိုက်ထည့်ပြီးနောက် “Submit” ကို နှိပ်ပါ။

STEP-6

WLAN Tab ကို ရွေးပါ။

“WLAN” tab သို့ သွား ၍ ဝိုင်ဖိုင်password အသစ်ပြုလုပ်ရန် “Security” ကို ရွေးပါ။

STEP-7

ဝိုင်ဖိုင် username အသစ်ကို ပြုလုပ်ပါ။

ဝိုင်ဖိုင် password အသစ်ကို “WPA Passphrase” ထဲတွင် ရိုက်ထည့်ပါ။

ဝိုင်ဖိုင် password အသစ် ရိုက်ထည့်ပြီးနောက် “Submit” ကို နှိပ်ပါ။

STEP-8

Wifi-router ကို reboot ပြုလုပ်ပါ။

လူကြီးမင်း၏ ဝိုင်ဖိုင် router တွင် reboot ဖြစ်ရန် power on-off ခလုတ်ကို ၂ ချက် ဆက်တိုက် နှိပ်ပေးပါ။

STEP-9

ဝိုင်ဖိုင် connection ကို စစ်ဆေးပါ။

လူကြီးမင်း ၏ စက်တွင် ဝိုင်ဖိုင် ကို ချိတ်ဆက်ပြီး အင်တာနက် ပြန်သုံးကြည့်ပါ။

ဝိုင်ဖိုင်နှင့် အင်တာနက် ချိတ်ဆက်ရန် အခက်အခဲ ဖြစ်နေသေးပါက ကျေးဇူးပြု၍ hotline no 2800 သို့ ဖုန်းခေါ်ဆိုမှု ပြုလုပ်ပေးပါ။

ZTE ONU Wifi Setting Guide Click here>>> PDF link